"ဝိဘစ္ဆည"
ခွာသံဖြောင်းဖြောင်းနဲ့
ဖုန် ထောင်းထောင်းထ
မှန်ကွဲစတွေမြောင်းထဲဘရပွ
အမှိုက်ဟောင်းတွေကိုဆေးသ
လုပ်ဇာတ်ကတဲ့ ည။
ကောင်းကင်မြတ်နိုးတဲ့ ငှက်တစ်ကောင်
သွေးဆာဝံပုလွေထောင်သောင်း
“ငတေ” ပေါင်းအသင်္ချေ။
လည်ပင်းမှာ ပုတီးဆွဲ
ဇါတ်ဆရာမြေခွေးရဲ့လက်ထဲ
ဓမ္မခေါင်းလောင်းက အက်ကွဲလို့။
တရားစီရင်ချက်တခန်းပေါ့
"လိုင်စင်မဲ့ပျံသန်းမှု" တဲ့
တောင်ပံချိုး ခြေထောက်ဖြတ်
နှုတ်သီးကို သော့အထပ်ထပ်ခတ်
မျက်ခွံကို ဂဟေဆော်၊ သံရည်ဖျော်နားထဲလောင်း
ဦးခေါင်းခွံလွန်နဲ့ဖေါက်၊ ဦးဏှောက်အဆိပ်ရည်စိမ်
သူ့ရဲ့..
ရွှေရောင်ပြက္ခဒိန်တွေ မီးသင်္ဂြိုဟ်စက်ထဲပို့။
စက်ရုပ်တချို့က လက်ခုပ်တီးပေးနေတုန်း
မိခင်တို့ရဲ့ နှလုံးသားနဲ့ပါးပြင်
မနားတမ်းခရီးနှင်မြစ်ချောင်းတွေက
အရှိန်ပြင်းပြင်း စီးဆင်းလို့။
(ခြိမ့်ထက် - ၁၉၉၈)
No comments:
Post a Comment
Note: Only a member of this blog may post a comment.