အမေတို့မိဖနှင့်တကွ ရှေးမှီ လုကြီးများပြောသံကိုကြားရသည်မှာ မယ်နုသည် စုန်းမကြီးလို့လဲးပြောကြတယ်။ မယ်နုဟာ ရတနာဒီပံဆေးဖယောင်းတိုင်ကို စီရင်၍့မီးထွန်းတတ်ပါသတဲ့၊ နို့ပီးတော့ မယ်နုစီရင်ထားတဲ့ ဒူးလေး ကလေးယှိပါသတဲ့။ အဲးဒီဒူးလေးဟာ လေးတံကတော့ မိုးကြိုးပစ်ချတဲ့ သစ်ပင်ကသစ်သားတဲ့မောင်ရဲ့။ လေးကိုင်းကတော့ လူသေကောင်ကို မီးသင်းဂြိုဟ်တဲ့အခါ ထိုးဆွတဲ့ တံစူးဝါးတဲ့မောင်ရဲ့။ လေးကြိုးကတော့ လူသေ၏့ခြေမကြိုး လက်မကြိုးတဲ့မောင်ရဲ့။ အဲးဒါကို ဂါထာမန္တရားနှင့် စုတ်ရပါသတဲ့။ အဲးဒီလေးကြိုးတင်ရန် လေးတံမှာအထစ်သုံးထစ်ထားပါသတဲ့။ ပဌမအထစ်ကို လေးကြိုးတင်ယင် ရှင်ဘုရင် သု့ကိုမေ့နေ၍့အပါးကို မလာပါဘူးတဲ့မောင် ၊ ဒုတိယအထစ်ကျအောင်လေးကြိုးတင်ယင် ရှင်ဘုရင်သုအနားကိုလာ၍့မခွဲးမခွာပဲး နေပါသတဲ့၊ တတိယအထစ်ကျအောင် လေးကြိုးတင်ယင် ရှင်ဘုရင်စိတ်မကောင်းပါဘူးတဲ့မောင်၊ ရူးတယ်လို့ ပြောကြဒါပါပဲး။ အဲးဒီဟာတေဟာ လေးကြိုးတင်ထားတဲ့ အခိုက်မှာ ဖြစ်တတ်ပါသတဲ့ လေးကြိုးကိုဖြုတ်လိုက် ယင်ပြေပျောက်၍့ပကတိ အကောင်းပဲး ရှိပါသတဲ့မောင်။
(မှော်ပီဆရာသိန်းကြီး ၏ ပစပ်ရာဇဝင် မှ မူရင်းသတ်ပုံအတိုင်း ကောက်နှုတ်ချက်)

No comments:
Post a Comment
Note: Only a member of this blog may post a comment.