ဖိုးတော်၏ညီတော် ပင်းတလဲးမြို့စားမင်းသားသည် ဖိုးတော်ထံ လှာပြီးလျှင် နောင်တော်-ငမောင်တို့ ယခုအခါ ကျွန်တော်တို့ ကို ကျော်လို့ ဖုံးလွှမ်းနေသည်ကို ကြည့်နေမည်လား ဟုပြောရာ ဖိုးတော်က ငမောင် ဖုံးလွှမ်းနေသည်ကို ညီခင်မတတ်နိုင်ဘူးလား ဟု မေးတော်မူရာ ညီခင်တတ်နိုင်ပါရဲ့ နောင်တော် ထီးနန်းကို စံရလျှင် ညီခင်ကို မည်ကဲ့သို့ ထားမည်လဲးမေးသော် ဖိုးတော်က အစ်ကိုနန်းစံ ညီနန်းရံပ ဟု မိန့်ချက်အရ ပင်းတလဲးမင်းသားသည် တရံရောအခါ အင်းဝမြို့နန်းတော်သို့ အမှတ်မဲ့ဝင်၍့ ဖောင်းကားမင်းကို လုပ်ကြံရာ ဖောင်းကားမင်းကံကုန်လျှင် ဖိုးတော်ကို ပင်းတလဲးမင်းသားက ထီးနန်းသိမ်းပိုက်ရန် မင်း အဖြစ်သို့ တင်မြှောက်တော် မူလေသည်။
မင်းအဖြစ်သို့ တင်မြှောက်ပြီးနောက် ပင်းတလဲးမင်းသားက အထက်ကဘိ ယှိသည်အတိုင်း အိမ်ရှေ့ အရာကို အကြိမ်ကြိမ်တောင်းရာ ဖိုးတော်က ညီခင် နောင်တော်နှိုက် သားတော်ကြီးတွေ များလျက်ဖြစ်သောကြောင့် အိမ်ရှေ့ အရာကိုချီးမြှင့်ရန် ခဲယဉ်းခြင်းယှိနေကြောင်း မိန့် တော်မူသည်ကို ပင်းတလဲးမင်းသားက ငါ့ကြောင့် နောင်တော် ထီးနန်းရသည်ကိုလျက် ကျေးဇူးမထောက် သစ္စာမရှိသူဖြစ်သည်ဟု စိတ်နှိုက်အမှတ်ထားပြီးလျင် တနေ့သနှိုက် ဖိုးတော်မင်းတြားကြီး ဆင်တော်စီး၍့ မြို့ပြင်သို့ထွက်တော်မူသောအခါ ပင်းတလဲးမင်းသားသည် ကွယ်ရာကချောင်း၍့ သေနတ်နှင့်ပစ်ရာ ဖိုးတော်မင်းတြား၏့ နံဘေးလက်ကြား ဂျိုင်းအောက်ကို ကျည်ဆန်ဝင်ထွက်သွားလေသည်။ ကိုယ် အင်္ဂါတို့ ကို တစုံတရာ မခိုက် ယှိချေသည်။
ဤအခါ နောက်ပါ ကိုယ်ရံအမှုထမ်းတို့ ဝိုင်းဝန်းလိုက်လံဖမ်းဆီးရာ မိကြသဖြင့် ညီတော် ပင်းတလဲးမင်းသား ဖြစ်ကြောင်း သံတော်ဦးတင်ရာ ဖိုးတော်မင်းတြားက မျက်တော်မူသောကြောင့် ညီတော်ဖြစ်သော်လည်း ထောက်ညှာစရာမယှိ သွားမည်းတိုင်း လမ်းသွားရန် သုတ်သင်စီရင်ရမည် ဟု မိန့်တော်မူချက်အရ အာဏာသားတို့က ပင်းတလဲးမင်းသားကို ရေမှာချ၍့ သတ်လေသည်။
ယင်းသည့်အကြောင်းကို ငါတို့လက်ထက် အဖြစ်အပျက်မှန်သမျှကို ရာဇဝင်နှိုက် ထုတ်ဖော်၍့ မပြရဟု ဖိုးတော်မိန့်ချက်အရ ရာဇဝင် မဖော်မပြရပဲး ချွင်းချန်ထားရသည် ဟု ဘုံကျော်ဆရာတော်ဘုရား မိန့် တော် မူသော မှတ်သားချက်ပုရပိုက်ကို ဖတ်ရဘူးဧည့်။
(မှော်ပီဆရာသိန်းကြီး ၏ ပစပ်ရာဇဝင် မှ မူရင်းသတ်ပုံအတိုင်း ကောက်နှုတ်ချက်)
ဖိုးတော်-----ဘိုးတော်ဘုရား(ဗဒုံမင်း)
ငမောင်-----ဖောင်းကားစားမောင်မောင်
အထက်ကဘိ-----အထက်ကတိ
[နောက်ခံအကျဉ်း။ ။ အလောင်းမင်းတရား ၏ ဒုတိယသား ဆင်ဖြူရှင်မင်းလက်ထက်၊ ဆင်ဖြူရှင်မင်းသည် ၎င်း၏သား ငစဉ့်ကူမြို့ စားအား ထီးနန်းဆက်ခံစေလို၍၊ ၎င်း၏(ဆင်ဖြူရှင်မင်း၏) ညီတော်များ(ဗဒုံမြို့စား ဘိုးတော်ဘုရား အပါအဝင်) အားလုံးကို အရာချ၍ တောအရပ်သို့ပို့ ဆောင်ထားခဲ့သည်။ ထို့ကြောင့် ဘိုးတော်ဘုရားသည် ဆင်းရဲသားများကဲ့သို့ ကိုးနှစ်တိုင်တိုင် နေထိုင်ခဲ့ရသည်။ ထိုအချိန်အတောအတွင်း စဉ့်ကူးမင်းကို ဖောင်းကားစားမောင်မောင်မှ လုပ်ကြံ၍ နန်းတက်ခဲ့သည်။
မှတ်ချက်။ ။ ကျွန်ုပ်တို့ရင်းနှီးသော အမတ်ကြီးဦးပေါ်ဦး ဟူ၍ ဖြစ်လာမည့်သူမှာ ဘိုးတော်ဘုရားဆင်းရဲစဉ်က အတူနေ အိမ်တော်သားသုံးဦးအနက်၊ ဘိုးတော်ဘုရားမိသားစုအား မန်ကျဉ်းရွက် ခူးရောင်းချ၍ ကျွေးခဲ့သူ အိမ်တော်သားတစ်ဦး ဖြစ်သည်။ ထို့ ကြောင့် ဘိုးတော် ဘုရင်ဖြစ်သော် ၎င်းအား ဝန်ကြီး/အမတ်ကြီး ရာထူးပေးလိုက်ခြင်းဖြစ်၏။ ကျန်နှစ်ဦးကိုလည်း ဝန်ကြီး ရာထူးများပေးခဲ့သည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.