Sunday, April 15, 2012

နှုတ်ဆက်ခြင်း


အခွင့်ရပြီမို့ 
ခွန်းဆက်ပါစို့  ညီနောင်တို့ 
ဦးညွတ်နှုတ်ဆက် ထွက်ခွာဖို့ ။

ယူသမျှပြန်ပေး
ပိုင်သမျှ စွန့် လွှတ်ခဲ့ပြီ
အကြင်နာ စကားတခွန်းသာ
နောက်ဆုံး ပေးစွန့် ပါ မိတ်ဆွေတို့ ။

သက်တမ်းရှည်ကြာနေလာတဲ့ မိတ်ဆွေတွေပါ
ကိုယ်ကတော့ …ပေးနိုင်တာထက် ပိုရခဲ့တာ။

ဒီ…နေ့ ဟာ ထင်ရှားလာခဲ့ပြီဆိုတော့
အမှောင်ထေါင့်က မီးအိမ်ငယ်က
ငြိမ်းခဲ့ပါပေါ့။

ဆင့်ခေါ်ချက်ရောက်ပြီဆိုမှတော့လည်း
ခရီးရှည်ထွက်ဖို့ အဆင်သင့်
ဖြစ်ရတော့ပေမပေါ့။
(ခြိမ့်ထက်)


မှတ်ချက်။
ရာဘင်ဒြာနသ်တဂိုး ၏ Farewell ကို ပြန်ဆိုပါသည်။


REF:


Farewell

I have got my leave. Bid me farewell, my brothers!
I bow to you all and take my departure.

Here I give back the keys of my door
---and I give up all claims to my house.
I only ask for last kind words from you.

We were neighbors for long,
but I received more than I could give.

Now the day has dawned
and the lamp that lit my dark corner is out.

A summons has come and I am ready for my journey.
(Rabindranath Tagore)

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာတရားသည်ကား သည်းခံခြင်းပေတည်း။
ထို့ ပြင်တ၀ ချစ်ခြင်းသည် ကြင်နာခြင်းလည်းမည်၏။
ချစ်ခြင်း၌ ၀န်တိုခြင်းသည်မရှိ။
ချစ်ခြင်း၌ ကြွားဝါခြင်း ကင်း၏။
ချစ်ခြင်း၌ မာန်မာန ထောင်လွှားခြင်းမဲ့၏။
ချစ်ခြင်းသည် တပါးသူတို့ အား အသရေညှိုးနွမ်းစေခြင်းမရှိ။
ချစ်ခြင်းသည် ကိုယ်ကျိုးကြည့်ခြင်းမှ ရှောင်ကျဉ်၏။
ချစ်ခြင်းမေတ္တာဟူသည် အမျက်ဒေါသ အလွယ်တကူ မထွက်မူ။
ချစ်ခြင်းသည် အမှားအယွင်းတို့ အား မှတ်သား ဗွေယူခြင်းလည်းမရှိ။
ချစ်ခြင်းသည် မကောင်းမှုအကုသိုလ်တို့ ၌ မမွေ့ လျော်။
ချစ်ခြင်းသည် ပရမတ္ထ အမှန်တရားတို့ ၌သာ ပျော်ရွှင်ကျက်စား၏။
ချစ်ခြင်းမေတ္တာသည် အမြဲမပြတ် ကာကွယ်စောင့်ရှောက်သောသဘောရှိ၏။
ချစ်ခြင်း၌ ထာဝရ ယုံကြည်မှုသည်ရှိ၏။
ချစ်ခြင်းသည် မျှော်လင့်ခြင်းကို အစဉ်ပေးစွမ်း၏။
ချစ်ခြင်း ၌ ဇွဲသတ္တိ တို့ သည် အစဉ်စွဲမြဲသည်တည်း။
ချစ်ခြင်းမေတ္တာတို့ မည်သည် မည်သည့်အခါမျှ ကျရှုံးခြင်းမရှိပေတကား။

(ခြိမ့်ထက်)
ဝန်ခံချက် နှင့် အကိုးအကား
သမ္မာကျမ်းစာ၏ 1 Corinthians အခန်း ၁၃၊ အပိုဒ် ၄ မှ ၈-က အထိ ထုတ်နုတ်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

REF:
1 Corinthians 13:4-8a
4 Love is patient, love is kind. It does not envy, it does not boast, it is not proud.
5 It does not dishonor others, it is not self-seeking, it is not easily angered, it keeps no record of wrongs.
6 Love does not delight in evil but rejoices with the truth.
7 It always protects, always trusts, always hopes, always perseveres.
8 Love never fails.
(New International Version)
Chapter 13 of the “First Epistle to the Corinthians”,
written by “Paul the apostle”.
 (REF: http://en.wikipedia.org/wiki/1_Corinthians_13)

Image Source: http://animateddesktopbackground.com/love/animated-love-wallpapers-for-desktop.hmtl

မော်ကွန်းဖြစ်လျှင်း လေစေမင်း

ဂုမ္ဘဏ်ယက္ခ ၊ နာဂခြင်္သေ့
ရင်ဆိုင်တွေ့ လည်း ၊ ခွာ၍မဆွန့် 
အသက်စွန့် လော့…
အ၀ှန့် နောင်လာ ၊ လူတကာတို့ 
ပြောရာဥဒါန်း ၊ ကမ္ဘာထွန်းသို့ 
မော်ကွန်းဖြစ်လျှင်း လေစေမင်း။
(ရှင်မဟာရဋ္ဌသာရ)
ဂမ္ဘီသာရပျို့  အပိုဒ်-၄၂ မှ ကောက်နုတ်ချက်

ကုမ္ဘဏ် = ဘီလူးတမျိုး
ယက္ခ = ဘီလူး
နာဂ = နဂါး (၀ါ) ဆင်
ခွာ၍မဆွန့်  အသက်စွန့် လော့ = ထွက်မပြေးပဲး အသေခံ၍တိုက်လော့
ဥဒါန်း = (ပါဠိ - ဥဒါန) = လူတို့ နှစ်လိုစွာ အစဉ်အဆက် ပြောဆိုကြသောစကား
အ၀ှန့် နောင်လာ = နောင်လာနောက်သားအားလုံး
မော်ကွန်း = ထောင်လွှားပျံ့နှံ့ တတ်သော ဂုဏ်နှင့်ပြည့်စုံသည့်အကြောင်းအရာ၊ သာလွန်ထူးကဲသော အကြောင်းအရာ

Image Source: http://williampictures.blogspot.com/2008/10/lion-fight-photos.html