Saturday, August 13, 2011

Quantum Computing မိတ်ဆက်

He begins working calculus problems in his head as soon as he awakens. He did calculus while driving in his car, while sitting in the living room, and while lying in bed at night.
—Mary Louise Bell divorce complaint

သူဟာ အိပ်ရာက နိုးတာနဲ့ ကဲကုလပ်စ်ပြဿနာတွေကို စ စဉ်းစားပြီ။ ကားမောင်းနေရင်းနဲ့လည်း ကဲကုလပ်စ်။ ဧည့်ခန်းထဲထိုင်နေတဲ့ အချိန်လည်း ကဲကုလပ်စ်။ နောက်ဆုံး ညအိပ်ရာဝင်တဲ့ အချိန်တောင် ဒီ ကဲကုလပ်စ် အကြောင်းပဲ စဉ်းစားနေတာ..။

[ရူပဗေဒပညာရှင် ရစ်ချတ်ဖိုင်းမန်း ၏ ဒုတိယဇနီး မေရီလူစီဘဲလ် က လင်မယား ကွာရှင်းခွင့်အတွက် တရားရုံးတွင်လျောက်ထားသော စကား။]


***********************************************
Quantum Computing မိတ်ဆက်

နိုဘယ်ဆုရ ကမ္ဘာကျော် အမေရိကန် ရူပဗေဒပညာရှင် ရစ်ချတ်ဖိုင်းမန်း Richard Phillips Feynman (May 11, 1918 – February 15, 1988) က၊ quantum mechanics ရဲ့အကျိုးသက်ရောက်မှုတွေကို ထိထိရောက်ရောက် အသုံးပြုနိုင်မယ့် computer တစ်မျိုး ၊ တနည်းပြောရရင်တော့ quantum computer အကြောင်းကို ၁၉၈၂ ခုနှစ်လောက်မှာ စတင်ပြီး စိတ်ကူးကြံစည်ခဲ့ပါတယ်။

ကနေ့ အခါမှာ ကွန်ပျူတာ ပရောဆက်ဆာတွေ ထုတ်လုပ်ရာမှာ VLSI (Very-large-scale integration) နည်းပညာကို အသုံးပြုထားတဲ့ အတွက်ကြောင့် ကွန်ပျူတာတွေရဲ့ လုပ်ဆောင်နိုင်မှု အမြန်နှုန်းစွမ်းရည် (performance) ဟာ တနေ့ တခြားတိုးတက်လာနေတယ်ဆိုတာ မိတ်ဆွေတို့  သတိထားမိမှာပါ။ မိတ်ဆွေ တို့  သိတဲ့အတိုင်းပဲ [ဟေ့..ဟေ့..ဒို့  ဘာမှမသိဘူးနော်..:-)] VLSI ဆိုတာ ကွန်ပျူတာ processor ရဲ့ circuit မှာ transistors ပေါင်း၊ ထောင် သောင်း သိန်း သန်း ချီပြီး ထည့်သွင်းတည်ဆောက် တဲ့ နည်းပညာကိုးဗျ။

ဒါကြောင့်..

-Computer Processor ကို များများ Powerful ဖြစ်အောင် transistors များများထည့်ရမယ်။

-(Processor အရွယ်အစားကို ကိန်းသေထားမယ်ဆိုရင်တောင်)

Processor တခုမှာ transistors များများထည့်နိုင်ဖို့  transistors ရဲ့ အရွယ်အစားကို သေးငယ်သည်ထက် သေးငယ်အောင် လုပ်ရမှာပေါ့။

-နောက်တဆင့်အနေနဲ့  Processor အရွယ်အစားကိုပါ  ပိုမို သေးငယ်လာစေချင်ရင်...

transistors  အရွယ်အစားဟာ သေးသည်ထက်သေး သေးသည်ထက်သေး သေးလာရမှာပေါ့။

အေးဗျာ…အဲဒီမှာ စတွေ့ တာပဲ [ဓါတ်တိုင်နဲ့  မခိုင် နဲ့  ;-)]။

-transistors ရဲ့ အရွယ်အစားကို ဘယ်လောက်အကန့် အသတ်ထိ သေးငယ်နိုင်မလဲ။ တနည်းပြောရရင် အသေးဆုံး ထားနိုင်မယ့်အရွယ်အစား။ အဲဒီထက် ထပ် သေးငယ်လို့ မရတော့တဲ့ အနေအထား ဆိုတဲ့ Calculus ရဲ့ limit, minimum, maximum ဆိုတဲ့ သဘောတရားတွေ..။

-အရာဝတ္ထုတွေဟာ သေးလွန်းမက သေးငယ်လာတဲ့အခါ သူ့ ရဲ့ လားရာ အပြုအမူ အကျိုးသက်ရောက်မှုတွေဟာ ခန့် မှန်းတွက်ချက်ဖို့ ခက်လာပြီး မသေချာ မရေရာဖြစ်လာတယ် ဆို တဲ့ quantum mechanics ရဲ့ သီအိုရီတွေ နဲ့ 

-လက်ရှိ ရှိပြီးသား Computer Science theory တွေ ပေါင်းစပ် ရတော့မယ့် အခြေအနေကို ဆိုက်ရောက်လာပြီကိုး ဗျ။

ကျွန်တော်တို့ဟာ ရူပဗေဒတို့  သင်္ချာတို့  ကို အတိုင်းအတာတရပ်အထိ ခြေခြေမြစ်မြစ် လေ့လာသိရှိထားမယ်ဆိုရင် အခု ဆွေးနွေးမယ့် Quantum Computing အကြောင်းဟာ တော်တော်လေး ရသမြောက်မယ့် အားတက်စရာ စိတ်လှုပ်ရှားစရာ စိတ်ဝင်စားစရာ ခေါင်းစဉ်တခုပါ။ အခု ကမ္ဘာမှာ ပညာရှင်တွေ တော်တော်လေး ကျယ်ကျယ်ပြန့် ပြန့်  ကျယ်ကျယ်လောင်လောင် ပြောဆိုရေးသား ဆွေးနွေးနေကြပါပြီ။

ဒါကြောင့် ဒီဆောင်းပါးကို ရှေ့ မဆက်ခင် မိတ်ဆွေတို့ အနေနဲ့  အခြေခံ calculus သဘောတရားလေးဘာလေး အခြေခံ quantum mechanics ဗဟုသုတလေးဘာလေး အရင်ဆုံး ဖတ်ရှုလေ့လာ အားဖြည့်ထားလိုက်ပါဦးလို့  လေးလေးစားစား တိုက်တွန်းလိုက်ပါရစေခင်ဗျာ။ ကျွန်တော် ဆက်ရေးမယ့် Quantum Computing ရဲ့ တကယ့်အခြေခံမိတ်ဆက် အဆင့်လောက်အတွက်တော့ အဲဒါတွေ မဖြစ်မနေ လိုအပ်တယ်လို့  မဆိုလိုပါဘူး။ ဒါပေမယ့်...။

(ဆက်လက်တင်ပြပါမည်။)

ရွှင်လန်းချမ်းမြေ့ပါစေ။

[ခြိမ့်ထက်]


References:
http://www.doc.ic.ac.uk/~nd/surprise_97/journal/vol4/spb3/
http://en.wikipedia.org/wiki/Richard_Feynman

Sunday, August 7, 2011

Enterprise Software Architecture : II


အပိုင်း−၂
Factory Pattern

Factory Pattern ဆိုတာ Design Pattern တခုပါပဲ။ သူ့ ရဲ့ ရည်ရွယ်ချက်ကတော့ object creating ဆိုတဲ့ ရှုပ်ထွေးလှတဲ့ အပိုင်းကို တာဝန်ယူဖို့  သက်သက်ပါ။ ဆိုလို တာကဗျာ ရှေ့ မှာကျွန်တော်တို့  ဆွေးနွေးခဲ့တဲ့ Constructor Dependency Injection မှာ တုန်းကလို Client လုပ်ရမယ့် အလုပ်တွေကို ကိုယ်စားဆောင်ရွက် ပေးမယ့် Stand alone class တခုပါပဲ။
သူက များသောအားဖြင့် static method တွေကိုပဲ သုံးလေ့ရှိတယ်။ အဲဒီ method က client အတွက် လိုအပ်တဲ့ object ကို ready-made ပံ့ပိုးပေးတယ်ပေါ့ဗျာ။

[စကားမစပ်
အခုလေ့လာနေတာက Enterprise level ဆိုတော့ ခု ရေးသားတင်ပြခဲ့တဲ့ / ရေးသားတင်ပြမယ့် sample code တွေရဲ့ UML diagram, Class diagram တွေဘာတွေကို Reverse Engineering နည်းကို သုံးပြီး စိတ်ထဲက ဆွဲနိုင် မြင်နိုင် တဲ့ အဆင့်လို့  ယူဆထားပါတယ်။

ဒါ့အပြင် static method နဲ့ ၊ instance method စတာတွေ ဘာ ကွာတယ်ဆိုတာ တော့ ဒီ အဆင့်မှာ ကောင်းစွာ သိပြီးဖြစ်မယ်လို့  ယုံကြည်ယူဆထားပါတယ်။

မရှင်းတာရှိလည်း မှတ်ချက်လေးဘာလေးပေးပြီး အော်သွားပေါ့ဗျာ။ လိုအပ်သလို ဖြည့်စွက် တင်ပြပေးပါမယ်။]

ကဲပြောနေတာက ရှုပ်နေဦးမယ်
ဟောဒီမှာ ကြည့်လိုက်ဗျာ...။

using IoCContainer.Model.Maps;
using IoCContainer.Model.PlaceOfInterests;

namespace IoCContainer.Model
{
    public static class TouristInformationServiceFactory
    {
        public static TouristInformationService getTouristServiceSatelliteMapEnglish()
        {
            return new TouristInformationService(
                new SatelliteMap(),
                new EnglishPlaceOfInterestDictionary());
        }
    }
}


အဲဒီတော့ဗျာ...
ဒီတခါ client က TouristInformationService ကို သုံးချင်ရင် Map တို့  PlaceOfInterest တို့  ရဲ့ object တွေကို သူကိုယ်တိုင် create လုပ်နေစရာမလိုပဲ [သိတောင် သိစရာမလိုပဲ] Factory class က တိုက်ရိုက်ခေါ်သုံးလိုက်ရုံပဲပေါ့ဗျာ။
ဟောဒီလို

using IoCContainer.Model;

namespace IoCContainer.ServiceConsumer
{
    public class ClientThatUsesService
    {
        TouristInformationService touInfoService;
        //..
        //..
        //..
        //..
        public void initializeServiceObject()
        {
            touInfoService = TouristInformationServiceFactory.getTouristServiceSatelliteMapEnglish();
            //..
            //..
            //..
        }

        //..
        //..
        //..
    }
}

ပိုပြီးတော့ loosely coupled ဖြစ်မလာပေဘူးလားဗျာ။
-Client ဟာ TouristInformaionService ကို ဘယ်လို create လုပ်ရမယ်ဆို တဲ့ အသေးစိတ်တွေ သိစရာမလိုတော့ဘူး
-ပြီးတော့လည်း client ပေါင်းမြောက်များစွာက အလွယ်တကူ လှမ်းခေါ်ပြီးသုံးလို့  ရလာပြီ

Service Implementation နဲ့  Client  က အခုအခါ တော်တော်လေး Decoupling ဖြစ်သွားပြီ။ ဒါဆိုရင် မိတ်ဆွေတို့ က ထင်မှာပဲ..အိုကေပြီပေါ့...။ အင်း ခက်တာက အရာတိုင်းဟာ ထင်သလို ထင်သလောက် အဆင်ပြေလေ့ မရှိတာပဲ။

ဘာလို့ လဲဆိုတော့ဗျာ..
ခုကျွန်တော်တို့  sample implementation မှာ ဆွေးနွေးနေတာက
-Map ဆိုရင် SatelliteMap တမျိုးတည်း
-PlaceOfInterest ဆိုရင်လည်း EnglishPlaceOfInterest တမျိုးတည်း အတွက်ပဲ ရှိသေးတာကိုး။

တကယ်တန်းကျွန်တော်တို့  implement လုပ်ရမှာက
ကျွန်တော်တို့ ရှေ့ မှာဆွေးနွေးခဲ့သလို ဒီ service ဟာ
- နိုင်ငံပေါင်းစုံ၊
- မြေပုံ ပုံသဏ္ဍာန်ပေါင်းစုံ ကို support လုပ်နိုင်အောင် ရေးရမှာ။

Map ဆိုရင်လည်း SatelliteMap, RoadMap, GraphicMap, NonGraphicMap စသည်ဖြင့် ပုံသဏ္ဍာန် အမျိုးမျိုး support လုပ်နိုင်ရမယ်...။ ပုံနဲ့ အကြမ်းဖြင်းပြောရရင် ဒီလိုမျိုးဗျာ...။








ပြီးတော့လည်း PlaceOfInterest ဆိုရင်လည်း နိုင်ငံဒေသအသီးသီးအတွက် Support လုပ်ရမှာဖြစ်တော့...ဒီလိုမျိုးဖြစ်လာမယ်ဗျာ။ ဒါတောင် အကုန်မဟုတ်သေးဘူးနော်...။ သဘောပေါက်ရုံ မြင်သာရုံ နောက် နှစ်နိုင်ငံစာလောက်ထည့် လိုက်တာပဲရှိသေးတယ်။






ကဲ..အခုမိတ်ဆွေတို့  ဘာကို သတိထားမိလာသလဲ။
[ဘာမှ သတိမထားမိပါဘူးဗျာ...ခင်ဗျားပြောလို့ သာပါပဲ... :-) ;-) ]

ဒီလိုဗျာ..။
တကယ်လို့  Client က
EnglishPlaceOfInterest ကို SatelliteMap နဲ့ လိုချင်တယ်။ အဲဒီအခါ sample code မှာပြထားသလို service object ကို create လုပ်လိုက်တာပေါ့။

ဒါပေမယ့် client က SatelliteMap ကို ကြည့် ရတာ သိပ်မရှင်းဘူးဖြစ်နေတယ်ဗျာ။ ခု တခါ သူလိုချင်တာ က
EnglishPlaceOfInterest ကို ပဲ RoadMap နဲ့  ကြည့်ချင်တယ်။

ဒါဆို ဘယ်လိုလုပ်မလဲ...။ Factory class ထဲမှာ ဟောဒီလို function တခု တိုးလာမှာပေါ့...

public static TouristInformationService getTouristServiceRoadMapEnglish()
        {
            return new TouristInformationService(
                new RoadMap(),
                new EnglishPlaceOfInterestDictionary());
        }

တကယ်လို့  NonGraphicalMap နဲ့  လိုချင်ရင်

public static TouristInformationService getTouristServiceNonGraphicalMapEnglish()
        {
            return new TouristInformationService(
                new NonGraphicalMap(),
                new EnglishPlaceOfInterestDictionary());
        }



-ဒါ့အပြင် ဒီ service ကို သုံးမယ့် client ကလည်း သူလိုချင်တဲ့ object အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်ရာ function ကို ပြောင်းပြီး ခေါ်ရမှာပေါ့...။

-ဒါတောင် ဒီဥပမာဟာ ဒါဟာ တနိုင်ငံတည်း အတွက်ပဲရှိသေးတယ်ဗျ။ နိုင်ငံပေါင်းစုံ အတွက်ဆို So many different variants တွေ ဖြစ်လာမှာပေါ့။

ဒါကြောင့် ဒီ Factory pattern မှာ
၁။ Factory class ဟာ တကယ်တော့ flow တူ ပုံစံတူတဲ့ object ပေါင်းများစွာအတွက် (ခပ်ဆင်ဆင်)တူတဲ့ function ပေါင်းများစွာ ရေးနေရတယ်။ တကယ်တော့ ဒါဟာ Dirty Job ပေါ့။
၂။ Client ကိုယ်တိုင် လည်း Factory class နဲ့  ခုအခါ tightly coupled ဖြစ်နေပြန်ပြီ။ ဘာလို့ လဲဆိုတော့ဗျာ
client က သူလို တဲ့ object အခြေနေကို Well Aware ဖြစ်ရတော့မှာကိုး။ ဆိုလိုတာက GermanPlaceOfInterest ကို RoadMap နဲ့ လိုချင်တာလား၊ NewYorkPlaceOfInterest ကို GraphicMap နဲ့  လိုချင်တာလား.....စသည်ဖြင့် လိုအပ်ချက်ပေါ်မူတည်ပြီး ...မတူကွဲပြားတဲ့ function တွေကို Factory class က ခေါ်ရမှာကိုး...။


ဒါကြောင့် ဒီအခက်အခဲ ကို ဘယ်လိုကျော်လွှားမလဲဆိုတာကို Enterprise Software Architecture : III ရဲ့ Service Locator Pattern မှာ ဆက်လက်တင်ပြပါ့မယ်။

ရွှင်လန်းချမ်းမြေ့ပါစေ။

Saturday, August 6, 2011

Enterprise Software Architecture : I


(မှတ်ချက်။ ဒီအပိုင်းကို ကောင်းကောင်းနားလည် သဘောပေါက်နိုင်ဖို့ အတွက် Dependency Injection Design Pattern ကို အရင်ဆုံး သိရှိနားလည်သဘောပေါက်ပြီးဖြစ်သင့်ပါတယ်။)

အပိုင်း-၁
Constructor Dependency Injection
[Service provider class ၏ Constructor သို့၎င်းအတွက် လိုအပ်သော Object များပေးသွင်းခြင်း]


ဆိုပါစို့ ကျွန်တော်တို့ဟာ အခု ကမ္ဘာလှည့် ခရီးသွားလာရေးလုပ်ငန်း တစ်ခုအတွက် Application Service တခုရေးမယ်ဆိုပါစို့ ဗျာ။ အလွယ်ဆုံး အရိုးရှင်းဆုံး simple and plain structure ကိုပဲ စပြီး စဉ်းစားကြည့်ကြစို့ ။ service name ကို TouristInformationService လို့  အမည်ပေးလိုက်တာပေါ့။

၁။ ဒီ service မှာ နေရာဒေသ Location ကို ပြမယ့် မြေပုံ ပါမယ်။
၂။ ပြီးရင် စိတ်ဝင်စားစရာ နေရာတွေ အကြောင်းပါမယ်။ ဒါပဲ။


ကဲ အဲဒီတော့ ပထမဆုံး လိုအပ်တဲ့ မြေပုံ class ကို model အနေနဲ့  create လုပ်လိုက်ဗျာ။ [ဘာကြောင့် Interface ကို သုံးတာလဲ...ဒီ class ဟာ view လား model လား controller/service လား ဆိုတာတွေကို တော့ သိပြီးဖြစ်မယ်လို့  မျှော်လင့်ပါတယ်။]


namespace IoCContainer.Model.Maps
{
    public interface IMap
    {
        void Set(Location currentLocation);
        void Add(PlaceOfInterests.PlaceOfInterest placeOfInterest);
        bool CurrentLocationIsNear(PlaceOfInterests.PlaceOfInterest placeOfInterest);
    }
}

namespace IoCContainer.Model.Maps
{
    public class SatelliteMap : IMap
    {
        public void Set(Location currentLocation)
        {
       
        }

        public void Add(PlaceOfInterests.PlaceOfInterest placeOfInterest)
        {
       
        }

        public bool CurrentLocationIsNear(PlaceOfInterests.PlaceOfInterest placeOfInterest)
        {
            return true;
        }
    }
}

ဒါကတော့ ဆိုပါစို့ Utility class တခုပေါ့ဗျာ။
namespace IoCContainer.Model
{
    public class Location
    {
    }
}
ပြီးရင် သိတဲ့အတိုင်း ကျွန်တော်တို့ အထက်မှာ ဆွေးနွေးခဲ့သလိုပဲ စိတ်ဝင်စားဖွယ်နေရာတွေကို စုစည်း ပေးမယ့် class တစ်ခု create လုပ်ဖို့ လိုတာပေါ့။ အင်း..သူကလည်း data (database) နဲ့  ဆိုင်တဲ့ကောင်ဆိုတော့ ထုံးစံအတိုင်း model အုပ်စုထဲမှာ ပဲပေါ့ဗျာ။ ထားပါ။

namespace IoCContainer.Model.PlaceOfInterests
{
    public interface IPlaceOfInterestDictionary
    {
        IList<PlaceOfInterest> Places();
    }
}

အထူးသတိထားဖို့ က အခုကျွန်တော်တို့ ရေးနေတာက၊ Enterprise level application တစ်ခုအတွက် လိုအပ်တဲ့ component တစ်ခု၊ service တစ်ခုကိုရေးနေတာ။ ဒီ service ကို တကမ္ဘာလုံးသုံး လို့  အဆင်ပြေရမယ် ဆိုတာ မမေ့ပါနဲ့ ။ မြန်မာပြည်ကိုရောက်ရင် မြန်မာပြည်မြေပုံ မြန်မာပြည်ကစိတ်ဝင်စားစရာ ကောင်းတဲ့ နေရာတွေ၊ UK ရောက်ရင် UK မြေပုံ နဲ့  UK ကစိတ်ဝင်စားစရာ ကောင်းတဲ့ နေရာတွေ၊ စသည်ဖြင့် သက်ဆိုင်ရာ သက်ဆိုင်ရာ ကို execute လုပ်ပေးနိုင်ရပါမယ်။ ဒါကြောင့်....Maps တွေ PlaceOfInterest တွေ ဟာ မျိုးကွဲပေါင်း များစွာ ပါမယ်ဆိုတာ သတိပြုပါ။

namespace IoCContainer.Model.PlaceOfInterests
{
    public class PlaceOfInterest
    {
    }
}

namespace IoCContainer.Model.PlaceOfInterests
{
    public class EnglishPlaceOfInterestDictionary : IPlaceOfInterestDictionary
    {
        public IList<PlaceOfInterest> Places()
        {
            return new List<PlaceOfInterest>();
        }
    }
}


ကဲအခု ကျွန်တော်တို့  အပေါ်မှာရေးခဲ့ပြီးဖြစ်တဲ့ မြေပုံတွေ၊ သက်ဆိုင်စိတ်ဝင်စားစရာနေရာတွေကို လိုအပ်သလို စီမံခန့် ခွဲပေးမယ့် service class တခု ရေးတော့မယ်ဗျာ။
web, web service, i-phone, android ..စတာတွမှာ run မယ့် client application တွေ ၊ တနည်းပြောရရင် ဒီ service class ကို သုံးစွဲမယ့် service consumer class တွေ က လှမ်း ခေါ်မယ့်၊ လှမ်းသုံးမယ့် class ပေါ့။

using IoCContainer.Model.Maps;
using IoCContainer.Model.PlaceOfInterests;
namespace IoCContainer.Model
{
    public class TouristInformationService
    {
        private IMap _map;
        private IPlaceOfInterestDictionary _placeOfInterestDictionary;


        public TouristInformationService(IMap map, IPlaceOfInterestDictionary placeDic)
        {
            this._map = map;
            this._placeOfInterestDictionary = placeDic;
        }
    }
}

ဒီ TouristInformationService class ထဲမှာ tourist information နဲ့  ပတ်သက်တဲ့ function တွေ အများကြီးရှိမှာပေါ့ဗျာ။ ထားပါ..။ ဒါကတော့ auto understood ပေါ့။ အဲဒီ function တွေကို ခေါ်ချင်ရင် ဘာလုပ်ရမလဲ။ TouristInformationService object ကို create လုပ်ရမှာပေါ့။

ဘယ်သူကလုပ်မလဲ။ ခေါ်မယ့်သူကလုပ်ရမှာပေါ့။
ဘယ်သူကခေါ်မှာလဲ။ client ကပေါ့။

ဒါကြောင့် client class မှာ TouristInformationService class ရဲ့ object ကို instantiate/create လုပ်ရမှာပေါ့။
ဒီမှာကြည့်ဗျာ...

using IoCContainer.Model;
using IoCContainer.Model.Maps;
using IoCContainer.Model.PlaceOfInterests;

namespace IoCContainer.ServiceConsumer
{
    public class ClientThatUsesService
    {
        TouristInformationService touInfoService;
        //..
        //..
        //..
        //..
        public void initializeServiceObject()
        {
            IMap _map = new SatelliteMap();
            IPlaceOfInterestDictionary _placeOfInt = new EnglishPlaceOfInterestDictionary();

            touInfoService = new TouristInformationService(_map, _placeOfInt);
            //..
            //..
            //..
        }

        //..
        //..
        //..
    }
}
ကဲ..မိတ်ဆွေတို့  မြင်တဲ့အတိုင်းပဲ.

ကိုယ်သုံးမယ့် TouristInformationService ရဲ့ object ကို instantiate/create လုပ်တဲ့အခါ
ခေါ်တဲ့ သုံးတဲ့ client က
TouristInformationService အတွက် လိုအပ်နေတဲ့ ၊ TouristInformationService ကမှီခိုနေရတဲ့
မြေပုံတို့ [Map] စိတ်ဝင်စားစရာနေရာတို့ [PlaceOfInterest] ဆိုတဲ့ object တွေကို
TouristInformationService Constructor ကတဆင့် လှမ်း ပြီး ထည့်သွင်းပေးလိုက်လို့ 
ဒီလို Architecture ကို
Constructor Dependency Injection လို့ ခေါ်တာပါ။

ကဲကောင်းပါပြီ..
ဒါဆို ဘာဖြစ်လဲပေါ့...။
ကျွန်တော်တို့ဟာ ဒီ ဆော့ဖ်ဝဲကို ဒီဇိုင်းချတုန်းက
- service module တွေ အချင်းချင်း loosely coupled ဖြစ်စေဖို့
- service module တစ်ခုချင်းစီကို testing လုပ်နိုင်ဖို့ 
- maintenance/ enhancement လုပ်တဲ့အခါ module တခုက တခုကို မထိခိုက်စေပဲ တခုချင်းစီကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့  ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ခဲ့တာလေ..။

ခုတော့ ဒါတွေ သွားပြီပေါ့..။
ဘာကြောင့်လဲ....
Client class ဟာ Service class ရဲ့ လိုအပ်တဲ့ module တွေ class တွေနဲ့  tightly coupled ဖြစ်နေပြီလေ။
၁-ထိပ်ဆုံးက using statement ကိုကြည့်လိုက် ။ လိုတဲ့ assembly တွေကို reference လုပ်ရတယ်။
၂- ပြီးတော့လည်း service class ရဲ့ dependency ဖြစ်နေတဲ့ Map တို့  PlaceOfInterest တို့ ရဲ့ object တွေကို ပါ create လုပ်ပေးရတယ်။
၃- ဒါကြောင့် SatelliteMap တို့  EnglishPlacesOfInterestDictionary class တို့ မှာ တခုခု ပြောင်းလိုက်တာနဲ့  client code က break ဖြစ်သွားပြီ..။
၎- ဒါ့အပြင် SatelliteMap တို့  EnglishPlacesOfInterestDictionary တို့ ရဲ့ implementation ကို change ချင်ရင် [ဆိုပါစို့ ဗျာ USASatelliteMap နဲ့  USAPlacesOfInterestDictionary ကို ပြောင်းသုံးမယ်ဆိုရင်] ဒီ Tourist Service ကို သုံးမယ့် client code နေရာတိုင်းမှာ လိုက် change နေရမှာပေါ့..။

ဒါဆိုရင် ကိုယ့်ရဲ့ client code က ကိုယ်သုံးမယ့် service အကြောင်းပါမက ကိုယ်သုံးမယ့် service ရဲ့ dependency တွေကိုပါ သိဖို့ လိုအပ်နေပြီကောဗျို့ ....။ tightly coupled ဆိုတာ ဒါကိုပြောတာပေါ့။

ဒါဆိုရင် ဒီအခက်အခဲ ကို ဘယ်လိုကျော်လွှားမလဲဆိုတာကို Enterprise Software Architecture : II ရဲ့ Factory Pattern မှာ ဆက်လက်တင်ပြပါ့မယ်။

ရွှင်လန်းချမ်းမြေ့ပါစေ။


Reference:
Professional Enterprise .NET [2009 - Wiley Publishing, Inc., Indianapolis, Indiana, USA] by Jon Arking and Scott Millett