He begins working calculus problems in his head as soon as he awakens. He did calculus while driving in his car, while sitting in the living room, and while lying in bed at night.
—Mary Louise Bell divorce complaintသူဟာ အိပ်ရာက နိုးတာနဲ့ ကဲကုလပ်စ်ပြဿနာတွေကို စ စဉ်းစားပြီ။ ကားမောင်းနေရင်းနဲ့လည်း ကဲကုလပ်စ်။ ဧည့်ခန်းထဲထိုင်နေတဲ့ အချိန်လည်း ကဲကုလပ်စ်။ နောက်ဆုံး ညအိပ်ရာဝင်တဲ့ အချိန်တောင် ဒီ ကဲကုလပ်စ် အကြောင်းပဲ စဉ်းစားနေတာ..။
***********************************************
Quantum Computing မိတ်ဆက်

နိုဘယ်ဆုရ ကမ္ဘာကျော် အမေရိကန် ရူပဗေဒပညာရှင် ရစ်ချတ်ဖိုင်းမန်း Richard Phillips Feynman (May 11, 1918 – February 15, 1988) က၊ quantum mechanics ရဲ့အကျိုးသက်ရောက်မှုတွေကို ထိထိရောက်ရောက် အသုံးပြုနိုင်မယ့် computer တစ်မျိုး ၊ တနည်းပြောရရင်တော့ quantum computer အကြောင်းကို ၁၉၈၂ ခုနှစ်လောက်မှာ စတင်ပြီး စိတ်ကူးကြံစည်ခဲ့ပါတယ်။
ကနေ့အခါမှာ ကွန်ပျူတာ ပရောဆက်ဆာတွေ ထုတ်လုပ်ရာမှာ VLSI (Very-large-scale integration) နည်းပညာကို အသုံးပြုထားတဲ့ အတွက်ကြောင့် ကွန်ပူျတာတွေရဲ့ လုပ်ဆောင်နိုင်မှု အမြန်နှုန်းစွမ်းရည် (performance) ဟာ တနေ့တခြားတိုးတက်လာနေတယ်ဆိုတာ မိတ်ဆွေတို့ သတိထားမိမှာပါ။ မိတ်ဆွေ တို့ သိတဲ့အတိုင်းပဲ [ဟေ့..ဟေ့..ဒို့ ဘာမှမသိဘူးနော်..:-)] VLSI ဆိုတာ ကွန်ပူျတာ processor ရဲ့ circuit မှာ transistors ပေါင်း၊ ထောင် သောင်း သိန်း သန်း ချီပြီး ထည့်သွင်းတည်ဆောက် တဲ့ နည်းပညာကိုးဗျ။
ဒါကြောင့်..
-Computer Processor ကို များများ Powerful ဖြစ်အောင် transistors များများထည့်ရမယ်။
-(Processor အရွယ်အစားကို ကိန်းသေထားမယ်ဆိုရင်တောင်)
Processor တခုမှာ transistors များများထည့်နိုင်ဖို့ transistors ရဲ့ အရွယ်အစားကို သေးငယ်သည်ထက် သေးငယ်အောင် လုပ်ရမှာပေါ့။
-နောက်တဆင့်အနေနဲ့ Processor အရွယ်အစားကိုပါ ပိုမို သေးငယ်လာစေချင်ရင်...
transistors အရွယ်အစားဟာ သေးသည်ထက်သေး သေးသည်ထက်သေး သေးလာရမှာပေါ့။
အေးဗျာ…အဲဒီမှာ စတွေ့တာပဲ [ဓါတ်တိုင်နဲ့ မခိုင် နဲ့ ;-)]။
-transistors ရဲ့ အရွယ်အစားကို ဘယ်လောက်အကန့်အသတ်ထိ သေးငယ်နိုင်မလဲ။ တနည်းပြောရရင် အသေးဆုံး ထားနိုင်မယ့်အရွယ်အစား။ အဲဒီထက် ထပ် သေးငယ်လို့မရတော့တဲ့ အနေအထား ဆိုတဲ့ Calculus ရဲ့ limit, minimum, maximum ဆိုတဲ့ သဘောတရားတွေ..။
-အရာဝတ္ထုတွေဟာ သေးလွန်းမက သေးငယ်လာတဲ့အခါ သူ့ရဲ့ လားရာ အပြုအမူ အကျိုးသက်ရောက်မှုတွေဟာ ခန့်မှန်းတွက်ချက်ဖို့ခက်လာပြီး မသေချာ မရေရာဖြစ်လာတယ် ဆို တဲ့ quantum mechanics ရဲ့ သီအိုရီတွေ နဲ့
-လက်ရှိ ရှိပြီးသား Computer Science theory တွေ ပေါင်းစပ် ရတော့မယ့် အခြေအနေကို ဆိုက်ရောက်လာပြီကိုး ဗျ။
ကျွန်တော်တို့ဟာ ရူပဗေဒတို့ သင်္ချာတို့ ကို အတိုင်းအတာတရပ်အထိ ခြေခြေမြစ်မြစ် လေ့လာသိရှိထားမယ်ဆိုရင် အခု ဆွေးနွေးမယ့် Quantum Computing အကြောင်းဟာ တော်တော်လေး ရသမြောက်မယ့် အားတက်စရာ စိတ်လှုပ်ရှားစရာ စိတ်ဝင်စားစရာ ခေါင်းစဉ်တခုပါ။ အခု ကမ္ဘာမှာ ပညာရှင်တွေ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ကျယ်ကျယ်လောင်လောင် ပြောဆိုရေးသား ဆွေးနွေးနေကြပါပြီ။
ဒါကြောင့် ဒီဆောင်းပါးကို ရှေ့မဆက်ခင် မိတ်ဆွေတို့အနေနဲ့ အခြေခံ calculus သဘောတရားလေးဘာလေး အခြေခံ quantum mechanics ဗဟုသုတလေးဘာလေး အရင်ဆုံး ဖတ်ရှုလေ့လာ အားဖြည့်ထားလိုက်ပါဦးလို့ လေးလေးစားစား တိုက်တွန်းလိုက်ပါရစေခင်ဗျာ။ ကျွန်တော် ဆက်ရေးမယ့် Quantum Computing ရဲ့ တကယ့်အခြေခံမိတ်ဆက် အဆင့်လောက်အတွက်တော့ အဲဒါတွေ မဖြစ်မနေ လိုအပ်တယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့်...။
(ဆက်လက်တင်ပြပါမည်။)
ရွှင်လန်းချမ်းမြေ့ပါစေ။
[ခြိမ့်ထက်]
References:
http://www.doc.ic.ac.uk/~nd/surprise_97/journal/vol4/spb3/
http://en.wikipedia.org/wiki/Richard_Feynman
No comments:
Post a Comment
Note: Only a member of this blog may post a comment.