Tuesday, January 25, 2011

Give Me Strength

This is my prayer to thee, my lord.......strike, strike at the root of penury in my heart.

Give me the strength lightly to bear my joys and sorrows.

Give me the strength to make my love fruitful in service.

Give me the strength never to disown the poor or bend my knees before insolent might.

Give me the strength to raise my mind high above daily trifles.

And give me the strength to surrender my strength to thy will with love.


Rabindranath Tagore(7 May 1861 – 7 August 1941)
[Won Nobel Prize for Literature in 1913]


ခွန်အားဆန္ဒ

အရှင့်ထံပါး ဆုတောင်းစကား
အကျွန်ုပ်၏နှလုံးသားမှ
အားနည်းသိမ်ငယ်ခြင်းအပေါင်းတို့ အား
နှုတ်ပယ် ဖယ်ရှား
ရှင်းလင်း ပေးတော်မူပါဘုရား။

အောင်မြင်ခြင်း ကျရှုံးခြင်း
ပျော်ရွှင်ခြင်း ကြေကွဲခြင်းတို့ အား
ပြင်းစွာ တုန်လှုပ်ချောက်ချား ခံစားခြင်းမရှိသော
စိတ်ဓါတ်ခွန်အား ပေးသနားတော်မူပါ။

အများသူအား
မေတ္တာတရား
ပွားများ ဖေးမ
ပေးဆက် နိုင်ပေထသော
ဝိဥာဏခွန်အား ပေးသနားတော်မူပါ။

အဘယ်သောအခါမှ…
အားနည်းသူအပါး ဖယ်ခွာမသွားလေသော
အာဏာရှင်အပါး ဒူးမညွတ်စေသော
ရူပခွန်အား ပေးသနားတော်မူပါ။

နိစ္စဓူဝ
အဟောသိကတို့ မှ
ကင်းလွတ်မြင့်မားခြင်းရှိသော
နာမခွန်အား ပေးသနားတော်မူပါ။

ပိုင်ဆိုင်ရှိသမျှသော
၎င်း အကျွန့် ခွန်အား
အရာအားလုံးတို့ အား
အရှင့်ထံပါးမေတ္တာတရားအတွက်
စွန့် လွှတ်သွားနိုင်သော ခွန်အား
ပေးသနားတော်မူပါအရှင်ဘုရား။
[ခြိမ့်ထက်]

Friday, January 21, 2011

Nothing But Death

There are cemeteries that are lonely,
graves full of bones that do not make a sound,
the heart moving through a tunnel,
in it darkness, darkness, darkness,
like a shipwreck we die going into ourselves,
as though we were drowning inside our hearts,
as though we lived falling out of the skin into the soul.

And there are corpses,
feet made of cold and sticky clay,
death is inside the bones,
like a barking where there are no dogs,
coming out from bells somewhere, from graves somewhere,
growing in the damp air like tears of rain.

Sometimes I see alone
coffins under sail,
embarking with the pale dead, with women that have dead hair,
with bakers who are as white as angels,
and pensive young girls married to notary public,
caskets sailing up the vertical river of the dead,
the river of dark purple,
moving upstream with sails filled out by the sound of death,
filled by the sound of death which is silence.

Death arrives among all that sound
like a shoe with no foot in it,like a suit with no man it it,
comes and knocks, using a ring with no stone in it, with no finger in it,
comes and shouts with no mouth , with no tongue, with no throat.
Nevertheless its steps can be heard
and its clothing makes hushed sound like a tree.

I'm not sure, I understand only a little, I can hardly see,
but it seems to me that it's singing has the color of damp violets,
of violets that are at home in the earth,
because the face of death is green,
and the look death gives is green,
with the penetrating dampness of a violet leaf
and the somber color of embittered winter.

But death also goes through the world dressed as broom,
lapping the floor, looking for dead bodies,
death is inside the broom,
the broom is the tongue of death looking for corpses,
it is the needle of death looking for thread.

Death is inside the folding cots:
it spends its life sleeping on the slow mattresses,
in the black blankets, and suddenly breathes out:
it blows out a mournful sound that swells the sheets,
and the beds go sailing towards a port
where death is waiting, dressed like an admiral.

Pablo Neruda
(July 12, 1904 – September 23, 1973)
[Won the Nobel Prize for Literature in 1971]

[English translation by Robert Bly]
[From http://www.PoemHunter.com - The World's Poetry Archive]

ပုံကို http://en.wikipedia.org/wiki/Pablo_Neruda မှ ရယူပါသည်။



မရဏလမ်းဆုံး

အထီးကျန်သုဿာန်
တိတ်ဆိတ်အရိုးစု ပြည့် ဂူသင်္ချိုင်း
အမှောင်..အမိုက်..အမဲ
လိုဏ်ခေါင်းထဲမှာ ရင်တစုံရွေ့ ။
သင်္ဘောပျက်တစင်းလိုပ…
ကိုယ့်သေတွင်းကိုယ်တူး
ကိုယ့်ရင်ဘတ်ထဲ ကိုယ်နစ်သေ
ရုပ်မှဖဲခွာ..နာမ်မှာပေါင်းစည်း။

အသေကောင်ရဲ့
အေးစက် စေးကပ် ကြွေသား ခြေများ
အရိုးစုထဲက သေခြင်း
ခွေးမရှိတဲ့ဟောင်သံ
မရဏခေါင်းလောင်းသံ…..
ဟိုး…သုသာန်တနေရာက
ကြေကွဲမိုးရွာသလို လေထဲမှာလွင့်ပျံ့ ။

တခါသား ငါမြင်
ရွက်လွှင့်ခေါင်းတလားမှာ
သက်မဲ့ဆံနွယ်ရှင် လိုက်ပါ
ဝိဥာည်ဆွတ်ဖြူ
နစ်မျောအတွေးထဲ အဓိပ္ပါယ်ဖွင့်
ဒေါင်လိုက်ဆန်တက် ခေါင်းတလားများ
ခရမ်းရင့်နဒီတလျောက်
မရဏဂီတနဲ့  ဆန်တက်ရွက်လွှင့်
(အဲဒီဂီတမှာ)
တိတ်ဆိတ်သေခြင်းအသံသာလွှမ်းနေလေရဲ့။

ဒီအသံတွေကြားက….
အဆံမဲ့ခေါင်းလောင်းအား လက်မဲ့တီး၍ တံခါးလာခေါက်ကာ
ခြေမဲ့ဖိနပ် ကိုယ်မဲ့ဝတ်ရုံ ဖြင့်
သေမင်းရောက်လာ..။
ခြေသံ..
အ၀တ်လေတိုးသံ.. သစ်ပင်ယိမ်းနွဲ့ သံ များ ကြားသော်ငြား..
နုတ် လျှာ အာ မဲ့ စွာ
လာရောက်ကြောင်း ဟစ်ကြွေးပါ။

ပါးပါးပဲနားလည် နဲနဲပဲမြင်ရ..
သိပ်တော့မသေချာလှ..။
ခရမ်းပြာတေးသံနဲ့ 
မြေကမ္ဘာရဲ့အိမ်မှာနေ
မရဏမှာ အစိမ်းရောင်မျက်နှာရှိလေတော့..
ခါးသည်းဆောင်းရဲ့ ကြေကွဲရောင်နဲ့ 
အတားအဆီးခရမ်းပြာရွက် ဖေါက်ထွက်သွားလောက်သော
သေမင်း၏ အကြည့်စိမ်းများ။

အ၀ါရောင်ဆင်မြန်း သေမင်းလှမ်းလာ မြေကမ္ဘာတလျောက်
ခုန်ပျံကျော်လွှား၍ သူသေရှာဖွေ
ရင့်ရော်ဝါသေခြင်း..
သေခြင်းကိုမြည်းစမ်းမယ့် လျှာ
သေမင်းအပ်ရဲ့ ချည်ကြိုးသာ..။

ခေါက်ပုခက်ထဲက သေခြင်း
အိပ်စက်ရင်း သေဖို့ စောင့်
စောင်နက်ကိုခြုံ..လျပ်တပြက် ထွက်သက်
ငိုညည်းသံအုံကြွ
ကမ်းတခုဆီ
အိပ်မက်ရင်း ရွက်လွှင့်
အဲဒီမှာ..
ခန့် ခန့် ညားညား
ရေတပ်ဗိုလ်ချုပ်ကြီးအ၀တ်အစားနဲ့ 
သေမင်းက စောင့်နေတယ်။
[ခြိမ့်ထက်]


မှတ်ချက်။ တိုက်ရိုက်ဘာသာပြန်ခြင်း၊ သွယ်ဝိုက်ဘာသာပြန်ခြင်း၊ ဆီလျော်သလို ဘာသာပြန်ခြင်း မဟုတ်ပါ။ ခံစားရသလို ပြန်ဆိုထားခြင်းသာဖြစ်ပါသည်။

Tuesday, January 4, 2011

ဂွေးသင်းခံထားရသော နွားများ

၁။ နိုင်ငံတနိုင်ငံဟာ လူတစုကသာပိုင်တဲ့ ပစ္စည်းမဟုတ်ဘူး။ နိုင်ငံသူ နိုင်ငံသားအားလုံး စုပေါင်းပြီးပိုင်ဆိုင်တဲ့ အားလုံးပိုင်ပစ္စည်းဖြစ်တယ်။

၂။ ဒီလိုပိုင်တာကြောင့် နိုင်ငံသူ နိုင်ငံသား လူအများစုက ကြည်ကြည်ဖြူဖြူ ရွေးကောက်တင်မြှောက်ခြင်း ကို ခံရတဲ့ ပုဂ္ဂိုလ် (သို့  မဟုတ်) အဖွဲ့ ကသာလျှင် ဒီတိုင်းပြည်ကို အုပ်ချုပ်နိုင်ခွင့်ရှိတယ်။

၃။ အုပ်ချုပ်တဲ့အခါ ထင်သလို အရမ်းမအုပ်ချုပ်ရဘူး။ ပြည်သူလူထုက ကြည်ကြည်ဖြူဖြူ ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်တွေက ရေးဆွဲပြီး အတည်ပြုပြဌာန်းထားတဲ့ ဥပဒေအရသာ အုပ်ချုပ်ရမယ်။

၎။ ပြည်သူလူထုဟာ ဂုဏ်သိက္ခာရှိတဲ့လူတွေလို နေနိုင်အောင် လွတ်လပ်စွာဟောပြောခွင့်၊ ကိုးကွယ်ခွင့်၊ စီးပွားရှာဖွေခွင့်၊ ဖိနှိပ်ချုပ်ချယ်မှုများကို ဥပဒေအရတိုက်ဖျက်ပိုင်ခွင့် အစရှိတဲ့ ပြည်သူလူထုတရပ်လုံးရဲ့ မွေးရာပါမူလအခွင့်အရေးများကို ခိုင်ခိုင်လုံလုံ အာမခံထားတဲ့ ဥပဒေတွေ ရှိရမယ်။

၅။ အရွယ်ရောက်သူတိုင်း မဲပေးနိုင်ခွင့် ရှိရမယ်။

၆။ ပြည်သူလူထု လူများစုရဲ့ ထောက်ခံမှုကို မရတဲ့ အစိုးရအဖွဲ့ ဟာ အလိုအလျောက် ရာထူးကနှုတ်ထွက်ပေးရမယ်။

၇။ အခုပြောခဲ့တဲ့ အဓိကအချက်တွေကို လက်ခံနိုင်တဲ့ နိုင်ငံရေးသဘောတရားဟာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း ဆိုတဲ့ လောကပါလတရားတွေကို အခြေခံတားတဲ့ သဘောတရားဖြစ်တယ်။ ဒီသဘောတရားကို ဒီမိုကရေစီ လို့ ခေါ်တယ်။ ဒီမိုကရေစီ မရှိတဲ့နိုင်ငံတွေမှာ လူဖြစ်ရတာဟာ ဂွေးသင်းခံထားရတဲ့ နွား ဖြစ်တာနဲ့ အတူတူပါပဲ။ မခြားနားပါဘူး။ အဲဒါကြောင့် ဒီမိုကရေစီဖျက်ဆီးသူ မှန်သမျှ ကို ခံချရမယ်။

ဦးနု(25 May 1907 – 14 February 1995)
ဗမာပြည် လွတ်လပ်ရေးရပြီးခေတ် ဒီမိုကရေစီခေတ် ၏ ပထမဆုံး ၀န်ကြီးချုပ်
  • From 4 January 1948 to 12 June 1956
  • From 28 February 1957 to 28 October 1958
  • From 4 April 1960 to 2 March 1962
အထိ သုံးကြိမ်တိုင် ၀န်ကြီးချုပ် တာဝန်ကိုထမ်းဆောင်ခဲ့သူ။
[U Nu with Moshe Dayan during his visit to Israel in 1955]
ပုံကို http://en.wikipedia.org/wiki/U_Nu မှ ရယူပါသည်။

ရည်ညွှန်း။ ဦးနု ၏ “တာတေစနေသား” (Page 204) (1999 - Second Edition, Irrawaddy Publications, India, New Delhi) (ISBN: 81-86754-69-5)


မှတ်ချက်။ ၁၉၄၈-၁၉၄၉ ဗမာပြည်လွတ်လပ်ရေးရစက ဟောပြောဖြန့် ဝေခဲ့ တဲ့ဝန်ကြီးချုပ်ဦးနုရဲ့ ဒီမိုကရေစီသဘောတရား ဖြစ်ပါတယ်။ ဦးနုဟာ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်ကတောင် ယုံကြည်အားကိုးတဲ့၊ အမှန်တကယ်ကို ချစ်ခင်လေးစားစရာကောင်းတဲ့၊ တကယ်ကို အရည်အချင်းရှိတဲ့ စိတ်ထားဖြောင့်မတ်တဲ့ ခေါင်းဆောင်ကောင်းတရောက်ဖြစ်ပါတယ်။ လူငယ် လူရွယ် လူလတ် မြန်မာနိုင်ငံအားလုံး သူရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်တဲ့ လွတ်လပ်ရေးရကာစခေတ်ရဲ့ သမိုင်းမှန် တစိပ်တပိုင်းဖြစ်တဲ့ "တာတေ စနေသား" ကို မဖြစ်မနေ ဖတ်ရှုကြည့်ကြပါလို့  လေးစားစွာ တိုက်တွန်းလိုက်ပါတယ်။



အထူးတောင်းပန်ခြင်း။
ထပ်ဆင့် ကူးယူတင်ပြသူ ကျွန်ုပ်အနေဖြင့် ကျွန်ုပ်အကြိုက်နှစ်သက်ဆုံး၊ ဦးနု၏ အထိရောက်ဆုံး ဥပမာခိုင်းနှိုင်းထားသော စကားလုံးအား ကျွန်ုပ်၏ ဘလောဂ့်ခေါင်းစဉ်အဖြစ်သုံးစွဲထားခြင်းအား အကယ်၍ "ရိုင်း" သည်ဟု မိတ်ဆွေတို့ မှ ယူဆပါက ကျွန်ုပ်အား "မူရင်းသဘောအတိုင်း တင်ပြသူ" ဟူ၍သာ မှတ်ယူလျက်၊ မေတ္တာရှေ့ ထားကာ ခွင့်လွှတ်တော်မူပါမည့်အကြောင်း...။

Saturday, January 1, 2011

Excerpts From Burma's Search for Identity


"Politics, Personality and Nation Building: Burma's Search for Identity"

• ရေးတဲ့သူက တရုတ်ပြည်ဖွား အမေရိကန်ပညာရှင် Lucian W. Pye (Chinese name: Bái Lǔxún 白鲁恂) (21 October 1921 — 5 September 2008) [was a political scientist, sinologist and comparative politics expert considered one of the leading China scholars in the United States](ပုံ)
• ပုံနှိပ်တိုက်နဲ့  ထုတ်ဝေတဲ့ခုနှစ်က New Haven and London: Yale University Press, 1962

၁၉၆၃ ခုနှစ် ဧပြီလ မှာထုတ်ဝေတဲ့ American Anthropologist ဂျာနယ် Volume 65, Issue 2 စာမျက်နှာ ၄၉၁-၄၉၂ မှာပါတဲ့၊ Yale တက္ကသိုလ်က ပါမောက္ခ John K. Musgrave ရဲ့ အဲဒီ စာအုပ်သုံးသပ်ချက် ဆောင်းပါးမှာ ပါတဲ့ စာတစ်ပိုဒ် ။

The most fundamental obstacle to Burma's completing the move from a transitional state is the lack of trust in others, whether these be fellow nationals or foreigners. Burmese generalized distrust arises from an absence of a sense of independence, the origins of which are to be sought in the socialization and maturation of the individual Burmese.
နိုင်ငံခြားသားတွေအပေါ်မှာဖြစ်ဖြစ် ကိုယ့် နိုင်ငံသား အချင်းချင်းအပေါ်မှာပဲဖြစ်ဖြစ်၊ ဗမာတွေရဲ့ သူတပါးအပေါ်မှာ ယုံကြည်မှုမရှိတဲ့ အချက်ဟာ၊ ဗမာပြည်ရဲ့ အသွင်ကူးပြောင်းရေးအဆင့်ကနေ၊ အပြီးသတ် နောက်တဆင့်တက်လှမ်းနိုင်ဖို့ အတွက်၊ တကယ့် အခြေခံအကျဆုံး အတားအဆီးတခု ဖြစ်နေတော့တယ်။ ဗမာတွေရဲ့ သူတပါးအပေါ်မှာထားတဲ့ အဲဒီ အထွေထွေ မယုံကြည်မှု ဖြစ်ပွားပေါ်ပေါက်လာရတဲ့ အကြောင်းရင်းကတော့ ၊ လူတဦးချင်းစီရဲ့ အတွေးအခေါ် ရင့်ကျက်မှုနဲ့  လူမှုပတ်ဝန်းကျင် အကြောင်း သိမြင်နားလည်ခြင်း ဆိုတဲ့ အထဲမှာ ရှာဖွေရတာ ဖြစ်တဲ့ လွတ်လပ်ရေး ဆိုတဲ့ အရာကို၊ တကယ် သိမြင် နားလည် ခံစား တတ်တဲ့ စိတ်မရှိလို့ ပဲဖြစ်တယ်။]




အဲဒီစာအုပ် “Politics, Personality and Nation Building: Burma's Search for Identity” ရဲ့ အခန်း ၁၀ “The Contradictions of Politics” ၊ စာမျက်နှာ ၁၃၇-၁၃၈ မှာ ပါမောက္ခ လူရှန်ပိန်း (Lucian W. Pye) က သတင်းစာ အကိုးအကားတွေနဲ့  ဟောဒီလို ရေးထားတယ်။

The Burmese press constantly emphasizes this quality of violence in its efforts to delineate the Burmese national character:
[ကြမ်းတမ်းခက်ထန်တတ်ရဲ့ ဗမာ့ အမျိုးသား စရိုက်လက္ခဏာ ကို ဗမာသတင်းစာတွေက အမြဲတန်း ပဲ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မီးမောင်းထိုးပြနေတယ်။]

In these days of rampant crime, it requires a good deal of savagery and barbarianism for any particular piece of crime to receive notice. A double or triple murder committed in the heat of a mass dacoity would hardly raise one’s eyebrows. [ Ref: The Burmese Review and Monday New Times (September 1, 1958)]
[ရာဇ၀တ်မှုတွေ ထူပြောလာတဲ့ ဒီနေ့ ခေတ်မှာ၊ ရက်စက်ကြမ်းကြုတ်မှုနဲ့  တကယ့်အရိုင်းအစိုင်းဆန်စွာ ကျူးလွန်တဲ့ ဒီရာဇ၀တ်မှုတွေကို လူတွေသတိပြုမိလာအောင် ကောင်းကောင်း ကိုင်တွယ်နိုင်ဖို့  လိုအပ်နေပြီ။ လက်နက်ကိုင် လူဆိုးဓမြဂိုဏ်းအုပ်စုတွေရဲ့ နှစ်လောင်းပြိုင် သုံးလောင်းပြိုင် လူသတ်မှုမျိုးလောက်တော့ ဘယ်သူမှ သိပ်အံ့အား မသင့်ကြတော့ဘူး။]

Ten years of indiscipline and centuries of ignorance are responsible for the people of this country being completely confused as to what constitutes freedom. [Ref: The Nation, Rangoon (December 16, 1958)]
[ဒီတိုင်းပြည်ကလူတွေဟာ လွတ်လပ်မှုဆိုတာ ဘာလဲဆိုတာကို လုံးလုံးလျားလျား နားမလည်နိုင်တဲ့ အကြောင်းကတော့ ၊ ၁၀ နှစ်လောက် စည်းမဲ့ကမ်းမဲ့ ဖြစ်ခဲ့တာနဲ့  ရာစုနှစ်တွေနဲ့ ချီပြီး အသိဥာဏ်ခေါင်းပါးခဲ့မှုတွေကြောင့်ဖြစ်တယ်။]

This country, after many years of indiscipline, is rather like an unruly classroom. [Ref: The Nation, Rangoon (April 20, 1959)]
စည်းပျက်ကမ်းပျက် နှစ်ပေါင်းများစွာဖြစ်ပြီးတဲ့နောက် ဒီတိုင်းပြည်ဟာ ထိမ်းမရ သိမ်းမရတဲ့ ပရမ်းပတာ စာသင်ခန်းတခုနဲ့  တူလာပြီ။

The crime index in this country is one of the highest in the world, and there are all types of criminals… the fault for all this does not lie in the religion but in our own innate mental aberration. [Ref: The Nation, Rangoon (April 7, 1959)]
[ဒီနိုင်ငံဟာ ကမ္ဘာမှာ ရာဇ၀တ်မှုအမြင့်မားဆုံး တစ်နိုင်ငံပဲ။ ရာဇ၀တ်မှု မျိုးစုံကို ရှိတယ်……ဒီလိုဖြစ်ရတာဟာ ဘာသာရေးကြောင့်မဟုတ်ပဲ ကျုပ်တို့ ရဲ့ မွေးရာပါ သွေးဆူတတ်တဲ့စိတ်ကြောင့်။]

Behind all these acts of violence lies not only a tradition of dacoity but also the significant fact that Burma has possible the highest per capita murder rate in the world. A juxtaposition of violence and gentleness seems to run through Burmese society. The two extremes of behavior seem to come together within the individual Burman.
[ဒီလို အကြမ်းဖက်မှုလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ ရှိနေတာကတော့ အုပ်စုဖွဲ့ ဆိုးသွမ်း ရမ်းကားတတ်တဲ့ အမူအကျင့်အပြင် ဗမာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသတ်မှုအမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေတဲ့ အချက်လည်းပါတယ်။ “ပုလဲသီ တကွဲစီ” လို ဖြစ်နေတဲ့ ကြမ်းကြုတ်ခက်ထန်မှု နဲ့  နုညံ့သိမ်မွေ့ မှု ဟာ ဗမာလူ့ အသိုင်းအ၀ိုင်းမှာ တောက်လျောက် ပါဝင် ဖြစ်ပျက်နေပုံရပြီး၊ ဗမာတိုင်းမှာ ဒီ အပြုအမူ အစွန်းတရားနှစ်ပါးဟာ ပူးတွဲပြီးရှိနေပါတယ်။]

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

အခန်း ၁၃ ၊ A Note on the Burmese Family ၊ စာမျက်နှာ ၁၇၇-၁၇၈ မှာ ရဲ့ National Character ကျုပ်တို့ ရဲ့ Identity နဲ့  ပတ်သက်ပြီး ဟော ဒီလို ရေးသား သုံးသပ်ထားပြန်တယ်။

Two themes emerge in nearly all the early Western attempts to describe Burmese character. The first relates to the quality we have placed at the center of contemporary Burmese political culture, the contradiction between gentleness and violence. Whether the point of view was friendly or critical or objectively neutral toward the Burmese, all observers agreed that there were many paradoxes in the Burmese character.
[ဗမာ့အကျင့်စရိုက်ကို ပုံဖေါ်ဖို့ ကြိုးစားခဲ့ကြတဲ့ ခပ်စောစောပိုင်း အနောက်နိုင်ငံ အားလုံးနီးပါးလိုလို ဟာ (ဗမာ့အကျင့်စရိုက်နဲ့  ပတ်သက်တဲ့) အဓိကအချက် နှစ်ချက်ကို သွားတွေ့  ကြတယ်။
ပထမအချက်ကတော့ ခေတ်ပြိုင်ဗမာ့နိုင်ငံရေးယဉ်ကျေးမှု ရဲ့ ဗဟိုချက်မှာ ရှိနေတဲ့၊ ကြမ်းကြုတ်ရက်စက်မှု နဲ့  နုညံ့သိမ်မွေ့ မှု ဆိုတဲ့ ပဋိပက္ခဖြစ်နေတဲ့ အရည်အချင်း နဲ့  ဆက်နွယ်နေတာ တွေ့ ရတယ်။ ဒီအမြင်ဟာ ဗမာတွေအပေါ်မှာ ချစ်လို့ ပဲဖြစ်ဖြစ်၊ မုန်းလို့ ပဲဖြစ်ဖြစ် ၊ ဓမ္မဓိဌာန်ကျကျ ဘက်မလိုက်တဲ့ သုံးသပ်မှုပဲဖြစ်ဖြစ် အားလုံးသော လေ့သာသုံးသပ်သူမှန်သမျှ တညီတညွတ်တည်း သဘောတူတဲ့ အချက်ကတော့ ဗမာ့စရိုက်လက္ခဏာမှာ “မှန်မလိုလို နဲ့  မှားနေတဲ့၊ မှားမလိုလို နဲ့  မှန်နေတဲ့ အငြင်းပွားဖွယ် သံသယဖြစ်ဖွယ် အမှန်ယောင်[Paradox]” တွေ အမြောက်အများ ရှိနေတယ် ဆိုတဲ့အချက်ပဲ ဖြစ်တယ်။]

One side to the Burmese character was usually described with such words as: happy, carefree, tension-free, outgoing, easygoing, cheerful, spontaneous, laughing, without a thought for the marrow, loyal, non-compulsive, and childlike. To this day the Burmese themselves tend to use these words in describing what they consider to be their better national characteristics.
[ပထမ တဖက်မှာ ရှိနေတဲ့ ဗမာ့စရိုက်လက္ခဏာကို ဟောဒီလို စကားလုံးတွေနဲ့  ဖေါ်ပြလေ့ရှိတယ်။ ဗမာတွေဟာ … ပျော်ပျော်နေတတ်တဲ့၊ သောကကင်းတဲ့၊ စိတ်ပေါ့ပါးတဲ့၊ ခင်မင်ဖေါ်ရွေတတ်တဲ့၊ အလွယ်တကူ စိတ်မညစ်တတ်တဲ့၊ အကောင်းမြင်ပျော်ရွင်တတ်တဲ့၊ ဖြတ်ထိုးဥာဏ်သုံးပြီး လက်တန်း လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့၊ ရယ်ရယ်မောမောနေတတ်တဲ့၊ မနက်ဖန်အကြောင်း အနာဂတ်အကြောင်း ခေါင်းထဲ မထည့်တဲ့၊ သစ္စာရှိတဲ့၊ ကြီးမားတဲ့ အလိုဆန္ဒမထားတဲ့၊ ကလေးငယ်လိုဖြူစင်တဲ့ လူမျိုးတွေ ဖြစ်တယ်…ဆိုတာပဲ။ ဒီကနေ့ ခေတ်ဗမာတွေကတော့ သူတို့ ရဲ့ ကောင်းတဲ့ အမျိုးသားစရိုက် လက္ခဏာကိုဖေါ်ပြဖို့  ဒီစကားလုံးတွေကိုပဲ သုံးကြတယ်။ ]


The other side of Burmese character was usually referred to by such words as: touchy, overly sensitive, cocky, aggressive, sullen, quick tempered, cruel, quick to take offense, shy, selfish, opportunistic, and other terms suggesting a potentiality toward anger and violence. Not surprisingly, in present-day Burma these same words are used to describe what are still considered to be national weakness and faults.
[တခြားတဖက်မှာရှိနေတဲ့ ဗမာ့ စိတ်နေစိတ်ထား စရိုက်လက္ခဏာ ကိုတော့ ဟောဒီလို စကားလုံးတွေနဲ့  ရည်ညွှန်းကြပြန်တယ်။
ဗမာတွေဟာ … "အထိမခံ ရွှေပန်းကန်" "ဆတ်ဆတ်ထိမခံ" စိတ်နေစိတ်ထားရှိတဲ့၊ အလွန်အကျူး ခံစား တုန့်  ပြန်တတ်တဲ့၊ ဘ၀င်မြင့်တတ်တဲ့၊ သွေးဆူတတ် ဒေါသကြီးတတ်တဲ့၊ ပျူငှာဖေါ်ရွေမှုမရှိတဲ့ ၊ စိတ်အပြောင်းအလဲမြန်တဲ့၊ ရက်စက်တတ်တဲ့၊ သူတပါးကို လွယ်လွယ် စော်ကားတတ်တဲ့၊ ကုတ်ကမြင်း စိတ်ရှိတဲ့၊ တကိုယ်ကောင်းဆန်တဲ့ အခွင့်အရေးသမားတွေဖြစ်တဲ့ အပြင် ၊ အမျက်ဒေါသနဲ့  ကြမ်းကြုတ်ခက်ထန် မှုကို ဖေါ်ပြတဲ့ တခြားစကားလုံးတွေ နဲ့  ကိုက်ညီတဲ့ သူတွေဖြစ်တယ်။ ဒါကြောင့် ဒီကနေ့  ဗမာတွေဟာ သူတို့ ရဲ့ အမျိုးသားရေး အားနည်းချို့ ယွင်းချက် စရိုက်လက္ခဏာ တွေကိုဖေါ်ပြကြတဲ့နေရာမှာ ဒီစကားလုံးတွေကိုပဲ သုံးစွဲကြတာ သိပ်တော့မဆန်းပါဘူး။]

ပြီးတော့ Professor Lucian W. Pye က ဆက်ပြီးတော့ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ ဟောဒီလို အရင်းစစ်ပြထားတယ်။

The second theme which emerges from a survey of the literature on Burma is that Burmese character has consistently been corrupted by government and politics no matter who the rulers have been.[ဒီ ဒုတိယ ဗမာ့ စိတ်ဓါတ်နဲ့ ပတ်သက်ပြီး ဗမာ့ စာပေတွေကနေ လေ့လာဖေါ်ထုတ်ချက်အရ ပေါ်ထွက်လာတဲ့အချက်ကတော့ “ဗမာပြည်ကို အုပ်ချုပ်ခဲ့သမျှသော အုပ်စိုးသူလူတန်းစား နဲ့  သူတို့  ချမှတ်ကျင့်သုံးခဲ့တဲ့ နိုင်ငံရေးစနစ်တွေ ဟာ ဗမာ့စိတ်ဓါတ်ကို တောက်လျောက် မှန်မှန်ကြီး ပျက်စီးယိုယွင်းစေခဲ့တယ်” ဆိုတာပဲ။ ]