Monday, September 23, 2013

ဆော့ဖ်ဝဲရေးသားခြင်းနှင့် စီမံခန့်ခွဲခြင်း

နိဒါန်း
Standish Group ရဲ့ Chaos (ခေးအော့စ်) Report ဆိုတာကို မိတ်ဆွေတို  ဖတ်သန်းခဲ့တဲ့ အိုင်တီ ပညာရေးလမ်းကြောင်းတလျောက်မှာ ဖတ်ဖူး မှတ်ဖူး ကြားခဲ့ဖူးမှာပါ။ ဆာ့ဖ်၀ဲပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းပေါင်းများစွာနဲ  ပညာရှင်တွေ မကြာခဏဆိုသလို ရည်ညွှန်းကိုးကားလေ့ရှိတဲ့ သုတေသန အစီအရင်ခံစာတခုပေါ့။ အဲဒီအစီရင်ခံစာမှာ တချို သဘောမတူနိုင်စရာအချက်တွေ၊ အငြင်းပွားဖွယ်တွေ၊ ဆက်လက်လေ့လာသင့်တဲ့ နယ်ပယ်တွေ ရှိနေပေမယ့် မငြင်းသာတဲ့ အမှန်တရားတွေလည်း အထင်အရှားရှိနေပါတယ်။ အဲဒီထဲက တခုကတော့ (တကမ္ဘာလုံးမှာ ရးသားထုတ်လုပ်နေကြတဲ့) ဆာ့ဖ်၀ဲပရောဂျက်တွေရဲ့ အာင်မြင်တဲ့ ရာခိုင်နှုန်းဟာ အားရစရာမရှိသေးဘူး(32% လာက်ပဲ အာင်မြင်တယ်လို ပာနိုင်တယ်)ဆိုတဲ့ အချက်ပါပဲ။ [“CHAOS Summary 2009,” Standish Group, www1.standishgroup.com/newsroom/chaos_2009.php ] အဲဒီလို မအောင်မမြင်ဖြစ်ရတဲ့ ကျရှုံးရတဲ့ အကြောင်းရင်းမှာ အဓိကတာ၀န်ရှိတဲ့သူတွေဟာ၊ နည်းပညာပိုင်းဆိုင်ရာပုဂ္ဂိုလ်တွေ ဟုတ်ပဲ စီမံခန် ခွဲတဲ့ သူတွေဖြစ်တယ်လို အဲဒီ အစီရင်ခံစာကဆိုပါတယ်။ အဲဒီသုံးသပ်ချက်ဟာ လုံး၀ ရာနှုန်းပြည့်မှန်ကန်တဲ့ သုံးသပ်ချက်တခုဖြစ်နိုင်ပါတယ်။ မယုံမရှိပါနဲ မိတ်ဆွေ။ ဘာလို လဲဆိုတော့ အလွန်ထင်ရှားတဲ့ သက်သေ သာဓက တခုရှိနေလို ပါ။ တလွဲဆံပင်ကောင်းပြီး ညာဏ်ပညာမဲ့တဲ့ စီမံခန် ခွဲမှုအမှားတွေကြောင့်၊ အရှေ တာင်အာရှမှာ စီးပွားရေး ပညာရေး အလားအလာအလွန်ကောင်းခဲ့တဲ့၊ (ဟုတ်သော်ရှိ မဟုတ်သော်ရှိ) လူတကိုယ် တိုက်တလုံး ကားတစီး ဆိုပြီး မှန်းနိုင်ခဲ့တဲ့ နိုင်ငံဘ၀ကနေ၊ “ကယ်မပါ ကြည့်ရှုပါ၊ ပုစုပါ၊ ထာက်ပံ့ပါ၊ အကြွေးလေးတွေ လျှာ်ပေးပါ၊ ဘာညာ…” ဆိုပြီး၊ “မွဲသွေ သွ မျက်နှာနှင့်၊ ကိုယ်ချမ်းသာရာ ရကြောင်း၊ ငယ်ငေါင်းစုတ်ပဲ့၊ နုတ်နဲ သည့်စကားများကို” ကိုယ့်နိုင်ငံက ပုဂ္ဂိုလ်တွေက ကမ္ဘာအနှံ  ခဆန် ပီးပြောနေရတဲ့ ဘ၀ရောက်ခဲ့ရတာ မိတ်ဆွေတို အားလုံးအသိပဲဖြစ်ပါတယ်။ စလေဆရာကြီး ဦးပုည ကတော့ အဲဒီလို “ငယ်ငေါင်းစုတ်ပဲ့၊ နုတ်နဲ  တဲ့စကားတွေကို  ယာင်မှား၍ဆိုမိလျှင်” တာင် “လျှာတိုအောင်ရိတ်ချင်၏” တဲ့။ ကယ်ပါ ယူပါ စကားမျိုး ယာင်မှားပြီး ပာမိရင်တောင် သူ လျှာသူ ဖတ်ပစ်ချင်တယ်လို ဆိုလိုတာပါ။ တကယ်တော့ ဘယ်သူမဆိ်ု အဲဒီလို အတောင်းအရမ်း လက်ဖ၀ါးဖြန် ရတဲ့ စကားမျိုး ဘယ်ပြောချင်ပါမလဲဗျာ။ မပြေးသော်လည်း ကံရာရှိခဲ့ပြီမို ၊ ရှ မျက်နှာနောက်ထား၊ မျက်နှာအောက်ချကြရတော့တာပေါ့။ ဒါဟာ ဆိုး၀ါးညံ့ဖျင်းတဲ့ စီမံခန် ခွဲမှုအမှားတွေရဲ့ အဆိုးဆက်တွေပါ။ ကဲ ထားလိုက်ပါ မိတ်ဆွေတို ရာ (အင်း ပာလည်း ပီးသွားပြီကိုး) အခု ဆွးနွေးမှာက အဲဒီလိုအကြောင်းအရာတွေမဟုတ်ပါဘူး။ ဆာဖ့်၀ဲ ရးသား ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ ပါ၀င်ဆောင်ရွက်သူတွေကို စီမံခန် ခွဲအုပ်ချုပ်တဲ့ Software Development Project ကို Manage လုပ်တဲ့အကြောင်းပါ။ တကယ်တော့ နိုင်ငံတခု အဖွဲ အစည်းတခု နာက်ဆုံး လူတဦးချင်းစီအတွက်ပဲဖြစ်ပါစေ၊ ရည်မှန်းချက်ကောင်းတွေ ပါက်မြောက်နိုင်ဖို  အာင်မြင်နိုင်ဖို ဆိုရင် ပညာပြည့်၀ နှလုံးလှသူတွေရဲ့ ကျွမ်းကျင်နိုင်နင်းတဲ့ ကာင်းမွန်မှန်ကန်တဲ့ စီမံခန် ခွဲမှုဟာ မုချလိုအပ်ပါတယ်။ ဆာ့ဖ်၀ဲပရောဂျက်တွေမှာလည်း ခွင်းချက်မရှိပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ စာအုပ်ကြီးတွေထဲက သီအိုရီဆန်ဆန် သဘောတရားတွေထက်၊ ကမ္ဘာအနှံ က Project Manager တွ CEO တွရဲ့ လက်တွေ ဆန်တဲ့ အမြင်သဘောထားတွေနဲ   ဆာ့ဖ်၀ဲပရောဂျက်တခုအတွက် အာင်မြင်စေကြောင်း နည်းလမ်းကောင်းလေးတွေကို ထုတ်နှုတ် ဖည့်စွက်ပြီး အတိုချုပ်တင်ပြပေးလိုက်ပါတယ်။ သင့်သည်ထင်သော်ယူ၍ မကိုက်ညီလျှင်လည်း ပယ်နိုင်ပါတယ်။
၁။ IT Project တစ်ခုကို အမြန်ဆုံးနှုံးနဲ  ကျရှုံးစေတာကတော့ ညံ့ဖျင်းတဲ့ စီမံခန် ခွဲမှု ပဲဖြစ်တယ်။ ဆာ့ဖ်၀ဲရေးသားတည်ဆောက်တဲ့ နည်းပညာသမား အများစုဟာ စီမံခန် ခွဲမှုလုပ်ငန်းနယ်ပယ်နဲ မသင့်တော်သလို၊ မန်နေဂျာအများစုကလည်း ဆာ့ဖ်၀ဲရေးသူတွေနဲ  သူတို သုံးစွဲတဲ့နည်းပညာရဲ့သဘောသဘာ၀အကြောင်း နကန်းတလုံးမှ မသိတာများတယ်။ အဲဒါကြောင့်လည်း ဆာ့ဖ်၀ဲပရောဂျက်တွေ မအောင်မမြင်ဖြစ်ရတာပေါ့။ ဒါကြောင့် “ဆော့ဖ်၀ဲရေးသူတွေအပေါ်မှာ အပြန်အလှန် အလေးထားမှု လးစားမှုရှိတဲ့၊ သူတို  ဘာလုပ်နိုင်တယ် ဘာလုပ်တယ် ဆိုတာကို ကာင်းကောင်း သိနားလည်နိုင်မယ့် အသင့်တော်ဆုံး ပရောဂျက်မန်နေဂျာကို မှန်ကန်စွာ ရွးချယ် ခန် အပ်ပါ” လို  Smart Science Eduction Inc ကို တည်ထောင်သူ၊ ဥက္ကဌ နဲ  အမှုဆောင်အရာရှိချုပ် Harry E. Keller က အကြံပြုပါတယ်။ ဒီနေရာမှာ သတိထားရမယ့်အချက်ကတော့ မန်နေဂျာဟာ နည်းပညာပိုင်းဆိုင်ရာ အသေးစိပ်အချက်အလက်တွေကို သိနားလည်ရမယ်ဆို ဆိုလိုတာမဟုတ်ပါဘူး။ သက်ဆိုင်ရာပညာရပ်တခုရဲ့ အခြေခံ သဘောသဘာ၀လောက်ကိုတော့ အနည်းဆုံး တီးမိခေါက်မိရှိနေရမယ်လို သာလိုလိုတာပါ။ အဲဒါမှလည်း “၀ယ်သာ (weather) မကောင်းရင် ၀ယ်သာဖြုတ်လဲလိုက်ပေါ့” ဆိုတာမျိုး၊ “မိမိတို အနေဖြင့် ပီချိတ်ချ် ဆဲဗင်း (ph7) ထုတ်နိုင်ရုံမျှဖြင့် ကျနပ်မနေပဲ၊ ph8, ph9 အဆင့်ထိ တိုးတက်ထုတ်လုပ်နိုင်အောင် ဆက်လက် ကျိုးပမ်းဆောင်ရွက်သင့်ကြောင်း၊ ရသန် စက်ရုံရှိ တာ၀န်ရှိသူများအား လမ်းညွှန်မှာကြားသွား” ဆိုတာမျိုး မဖြစ်တော့ဘူးပေါ့ဗျာ။
၂။ “ပရောဂျက်မန်နေဂျာတစ်ရောက်အတွက် မှန်ကန်သင့်တော်တဲ့ လူတွေပါတဲ့ အဖွဲ ကို ဖွဲ ပးထားပါ။” လို  Whirlpool Corporation ရဲ့ Internet & eCommerce ဆိုင်ရာ အကြီးတန်းမန်နေဂျာလည်းဖြစ်၊ ModernServantLeader.com ရဲ့ တည်ထောင်သူလည်းဖြစ်တဲ့ Ben Lichtenwalner က အကြံပြုပါတယ်။ မှန်ပါတယ်။ နာက်လိုက်ကောင်းတွေ တာ၀န်ခွေဲ၀ယူနိုင်မယ့်သူတွေ ပံ့ပိုးကူညီမယ့်သူတွေမရှိပဲနဲ  ဘယ်လိုခေါင်းဆောင်မျိုးကမှ အကောင်းဆုံး ပီးမြောက်အောင်မြင်အောင် ဆာင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ “တစ်ရောက်ကောင်းက တသောင်းဗိုလ်ခြေ ညက်ညက်ကြေ” ဆိုတာ ဆာ့ဖ်၀ဲလုပ်ငန်းခွင်မှာ မမှန်ပါဘူး။ ဒါဟာ team work ပါ။ ဒါကြောင့် IT ပရောဂျက်တခု အာင်မြင်ဖို အတွက် မှန်ကန်တဲ့ ပရောဂျက်မန်နေဂျာကို ရွးချယ်ခန် အပ်ထားရုံတင်မကပဲ သူ အတွက် မှန်ကန်တဲ့ ထာက်ပံ့မှုကို ပးစွမ်းနိုင်မယ့် အဖွဲ လည်း ရှိရပါမယ်။ ဆိုလိုတာက ပရောဂျက် အရွယ်အစားနဲ  အနေအထားပေါ်မူတည်ပြီး Business Analyst တို  QA (Quality Assurance) Manager တို ၊ Development Team Leader တို  စတာတွေကို လိုအပ်ရင် လိုအပ်သလို ခွဲ ဖန်  ခန် ထားပေးရပါမယ်။ ဒါမှသာ ပရောဂျက်မန်နေဂျာ အနေနဲ  သူရဲ့ အဓိကအလုပ်ဖြစ်တဲ့ ပရောဂျက် စီမံခန် ခွဲတဲ့အလုပ် ကိုပဲ ဦးစားပေးလုပ်ဆောင်နိုင်မှာဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာကိစ္စတွေ ပဿနာတွေအတွက် မလိုလားအပ်တဲ့ အချိန်နဲ လုပ်အား အလဟဿ မဆုံးရှုံးတော့ဘူးပေါ့။ အဲဒီလို ပရောဂျက်မန်နေဂျာအတွက် လိုအပ်တဲ့သူတွေကို ခန် အပ်တာ၀န်ပေးတဲ့နေရာမှာလည်း “စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ခိုင်း၊ ရတဲ့လူ ရှိတဲ့လူ ကို ကာက် တာ၀န်ပေးလိုက်တာမျိုးမလုပ်နဲ - Allocate resources on the basis of capability not availability” လို  IBM Global Technology Services က သတင်းအချက်အလက်နည်းပညာ အမှုဆောင်ဗိသုကာ Gerardo Menegaz က အကြံပြုပါတယ်။ ဆိုလိုတာက မိတ်ဆွေရာ.. လိုအပ်နေတဲ့ ရာထူးနေရာတခုကို ဒူးနေရာဒူး တာ်နေရာတော် သင့်လျော်လိုက်ဖက်တဲ့သူ လိုအပ်တဲ့အရည်အချင်း အမှန်တကယ်ရှိတဲ့သူကိုပဲ ခန် အပ် တာ၀န်ပေးဖို ဆိုလိုတာပါ။ အတိုချုပ်ကတော့ လူမှန်နေရာမှန်စေ ပါ့ဗျာ။
၃။ “ပရောဂျက်တစ်ခုကို ကာင်းကောင်း ထိန်းချုပ်နိုင်ဖို အတွက် အရေးအကြီးဆုံးကတော့ ‘ကိုယ်စီးတဲ့မြင်း အထီးအမ ကွဲကွဲပြားပြား သိထားရမယ်ဗျ။ [know your horses!]’။ ဆိုလိုတာက ခင်ဗျားအဖွဲ ထဲက ဘယ်သူဟာတော့ဖြင့် သိပ်လှည့်ကြည့်စရာမလိုပဲ သူဟာသူ အာင်မြင်အောင်လုပ်သွားနိုင်တယ်၊ ဘယ်သူကတော့ဖြင့် မဆလာပက် နှမ်းဖြူးပေးရုံလောက်ပဲ လိုတယ်၊ ဘယ်သူကတော့ဖြင့် အနီးကပ် ကြီးကြပ်ပေးဖို လိုအပ်တယ်၊ စသည်ဖြင့် သိထားရမယ်။ ဒါမှာသာ ကိုယ့်ပရောဂျက်ကို အာင်မြင်အောင် သင့်လျော်သလို စီမံခန် ခွဲအုပ်နိုင်မှာပေါ့” လို  စွမ်းရည်မြင့် ဂိမ်းကွန်ပြူတာတွေ ထုတ်လုပ်တဲ့ PshychsoftPC က အမှုဆောင်အရာရှိချုပ် Dr. Tim Lynch က ဆိုပါတယ်။ မှန်ပါတယ်။ ပရောဂျက်မန်နေဂျာကောင်းတရောက်ဟာ ကိုယ့်အဖွဲ မှာ ပါတဲ့ အဖွဲ ၀င်တရောက်ချင်းစီရဲ့ အားသာချက် အားနည်းချက် စိတ်နေစိတ်ထား အကြိုက် စရိုက် စတာတွေကို ကာင်းကောင်းသိထားရပါမယ်။ သိအောင်လည်း လုပ်ရပါမယ် စိတ်၀င်စားမှုလည်းရှိရပါမယ်။ နည်းပညာပိုင်းဆိုင်ရာ ဘယ်လောက်တော်တယ်ဆိုဆို၊ စီမံခန် ခွဲမှုဘယ်လောက်ကောင်းတယ်ပြောပြော၊ အတွေ အကြုံဘယ်လောက်ရင့်ပြီ ညွှန်းညွှန်း သူ ရဲ့ team member တရောက်အကြောင်းမေးလိုက်လို  “မသိဘူးဗျ၊ အဲဒီလူအကြောင်း စိတ်မ၀င်စားဘူး” လို  ဆိုသူဟာ ဘယ်တော့မှ ဆာ့ဖ်၀ဲပရောဂျက်မန်နေဂျာကောင်းတရောက် မဖြစ်နိုင်ပါဘူး။
၄။ ပရောဂျက်အတွက် အစီအစဉ်တွေကို စဉ်းစားတဲ့အခါ  ပင်ဆင်တဲ့အခါ ပရောဂျက်တခုလုံးကို ခုံကြည့်၊ တကယ် အကောင်အထည်ဖေါ် အလုပ်လုပ်ရင်တော့ အပိုင်းလိုက် အပိုင်းလိုက်လုပ်။ လို  bigWebApps.com ရဲ့ CEO Patrick Clements ကဆိုပါတယ်။ မှန်ပါတယ်။ သိပ်ကြီးလွန်းတဲ့ နှစ်နဲ ချီရေးရတဲ့ ဆာ့ဖ်၀ဲပရောဂျက်တွေမှာဆိုရင် ကိုယ့်ရဲ့ အဆုံးသတ် ရည်မှန်းချက် သတ်မှတ်ထားပေမယ့် ၊ အဲဒီ ရည်မှန်းချက်ကြီး ပါက်မြောက်အောင်မြင်ဖို ကျတော့၊ တဆင့်ချင်း တဆင့်ချင်းပဲ အကောင်အထည်ဖေါ်ရတာကိုး။ နာက်တစ်နည်း ပာရရင် Analysis တို  Design တို လိုကိစ္စတွေ စဉ်းစားတဲ့အခါ project ကြီး တခုလုံးအတွက် စဉ်းစား၊ Implementation အဆင့်မှာတော့ step by step သွား …ဆိုတဲ့သဘောမျိုးပါပဲ။ ဥပမာဗျာ ကိုယ် နာက်ဆုံးလိုချင်တဲ့ final product က On-line air ticket management system။ ဒါပေမယ့် တကယ် အကောင်အထည်ဖေါ်တဲ့အဆင့် တနည်းပြောရရင် ဆာ့ဖ်၀ဲရေးတဲ့အဆင့်မှာတော့ ပထမလမှာ Login နဲ  ပတ်သက်တာပြီးရမယ်၊ ဒုတိယလမှာ Registration နဲ  ပတ်သက်တာပြီးရမယ်၊ တတိယလမှာ User Management နဲ ဆိုင်တဲ့ module ပီးရမယ်…စသည်ဖြင့် စသည့်ဖြင့် အပိုင်းလိုက် ရည်မှန်းချက် နဲ  ခွဲစိပ်ပြီး လုပ်လို  ဆိုလိုတာပါ။ သိပ်ကြီးလွန်းတဲ့အခါ ဘယ်လိုအရာမှန်းမသိဖြစ်တတ်ပြီး၊ သိပေ်၀းလွန်းတဲ့အခါကြတော့လည်း မထင်မရှား ၀ေ၀၀ါး၀ါး ဖစ်တတ်လို ပါ။
၅။ ဦးစားပေးအစီအစဉ်တွေ ဆွဲထား။ အဲဒီ ဦးစားပေးအစီအစဉ်တွေအချင်းချင်း ထိပ်တိုက်တွေ လာရင် ဘယ်လို လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတဲ့ တိကျ ခိုင်မာတဲ့ လမ်းညွှန်ချက်ချထား။ ဟိုကွေ ဟိုတက်နဲ လှာ်၊ ဒီကွေ  ဒီတက်နဲ လှာ်ပြီး မီးစင်ကြည့် ကကြတာပေါ့ကွာ ဆိုတာမျိုး မလုပ်နဲ ။ project plan ဆွဲတုန်းကတည်းက ပုံမှန်အစီအစဉ်၊ အရံအစီအစဉ်၊ အရေးပေါ်အစီအစဉ် စသည်ဖြင့် တခါတည်း ထည့်သွင်းရေးဆွဲထား။ နာက်တချက်က “အလုပ်တွေအများကြီး တပြိုင်တည်းလုပ်တာ (multitasking) ဟာ အရည်အသွေးရှိရှိ ပီးမြောက်အောင်မြင်နိုင်စွမ်းကို အကြီးအကျယ် ထိခိုက်စေတယ်ဆိုတာကို တကယ့် ပရောဂျက်မန်နေဂျာကောင်းတရောက်အနေနဲ  သိထားရမယ်။ ဒါကြောင့် လူတရောက်ကို တချိန်မှာ တခုကောင်းကိုသာ အာရုံစူးစိုက်ပြီး အလေးထားလုပ်ဆောင်စေရမယ်” လို  အမှုဆောင်အရာရှိတွေအသုံးပြုမယ့် အစီအစဉ်ရေးဆွဲတဲ့ဆော့ဖ်၀ဲတွေရေးသားတဲ့ Realization Technologies က အမှုဆောင်အရာရှိချုပ် Sanjeev Gupta ကဆိုပါတယ်။
၆။ ပရောဂျက်ရဲ့ အခြေအနေနဲ  အဲဒီ ပရောဂျက်မှာ ပါ၀င်ရေးသား အကောင်အထည်ဖေါ်နေသူတွေကိုပါ အမြဲမပြတ် စာင့်ကြည့် အကဲခတ်နေရမယ်။ “သမားရိုးကျ ပုံမှန်သုံးစွဲနေကျ project management tools တွကိုချည်း အားကိုးမနေပဲ ကိုယ့်ရဲ့ resource တွ (လူ ငွကြေး အချိန် နဲ  တခြား ရင်းမြစ်တွေ) ကို ပုံမှန်စောင့်ကြည့်နိုင်မယ့် အစီအစဉ်တခု လုပ်ထားရမယ်။ ပရောဂျက်မန်နေဂျာကောင်းတရောက်ဟာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ အချိန်နဲ တပြေးညီ သိနေရမယ်” လို  Harrisburg သိပ္ပံနဲ  နည်းပညာ တက္ကသိုလ်၊ ပရောဂျက်စီမံခန် ခွဲရေးအဖွဲ ရဲ့ ခါင်းဆောင် Albert Sarvis ကဆိုပါတယ်။
တချို ပရောဂျက်မန်နေဂျာတွေဟာ အစည်းအေ၀းတွေဘာတွေမှာ တင်ပြဖို  power point လးတွေပြင်ရုံ၊ gantt chart လးဆွဲရုံ၊ team member တွဆီကို remainder e-mail လးပို ရုံလောက်ကိုပဲ ဒါဟာ project management လို  ထင်နေတတ်ကြပါတယ်။ ဒါကြောင့်လည်း Web design, custom Web applications နဲ  Internet marketing solutions တွ ရးသားတဲ့ NeoNexus ရဲ့ ဥက္ကဌ Kent Milholland က “ပရောဂျက် စီမံခန် ခွဲရေးနဲ ပတ်သက်တဲ့ ဆာ့ဖ်၀ဲတွေသုံးတယ်ဆိုတဲ့နေရာမှာ အီးမေးလ် တခုလောက်ကိုပဲ သုံးမနေနဲ ” လို  အကြံပြုတာပါ။
အဲဒီလို ကိုယ့်ရဲ့ team တခုလုံးရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို မျက်ချေမပြတ်ကြည့်နိုင်ဖို  “Team member တွ အားလုံးပါတဲ့ အပတ်စဉ် အစည်းအေ၀းလုပ်။ team member တရောက်ချင်းစီကို သူတို  အရင်တပတ်က ဘာတွေလုပ်ခဲ့တယ်။ အခုဘာတွေလုပ်နေတယ်။ ရှ တပတ်မှာ သူ တို ကို ဘယ်လို အလုပ်မျိုးတွေလုပ်ဖို  ခိုုင်းထားတယ် (assign လုပ်ထားတယ်)။ လာလောဆယ် ဘယ်လိုအခက်အခဲတွေရှိတယ် အဲဒီအတွက် ဘယ်သူဘာလုပ်ပေးနိုင်မလဲ..စသည်ဖြင့် အဖွဲ ၀င်တရောက်ချင်းစီကို အစည်းအေ၀းမှာ တင်ပြခိုင်း” လို ၊ Sage Nonporfit Solutions ကုမ္ပဏီ ရဲ့ သုတေသနနဲ ဖွံ ဖိုးရေးဌာနက ဒု-ဥက္ကဌ Grant M. Howe ကဆိုပါတယ်။
၇။ software project management အတွက် နာက်ဆုံးတင်ပြချင်တဲ့အချက်ကတော့ AppleTech Consultants က Jaimin Doshi ပးတဲ့အကြံညာဏ်ပါ။ အဲဒါကတော့ “မူလ သတ်မှတ်ထားတဲ့ အစီအစဉ်ကနေ၊ အပြောင်းအလဲတခုဖြစ်လာခဲ့ရင်လည်း အလိုက်သင့် ပာင်းနိုင်အောင်လုပ်ထားရမယ်။ အဲဒီလို အဆင်ပြေပြေ လိုက်ပြောင်းနိုင်ခြင်းဟာ ပရောဂျက်တခု အာင်မြင်ဖို အတွက် အလွန်အရေးပါတဲ့အချက်ဖြစ်တယ်” ဆိုတာပါပဲ။ ဒါကို change management လို လည်းခေါ်နိုင်ပါတယ်။ ဒီအချက်ကတော့ ရှင်းလင်းတယ်ထင်ရသလောက် နက်ရှိုင်းလှတဲ့အတွက် မိတ်ဆွေတို ဘာသာပဲ ဆက်လက်တွေးခေါ်စဉ်းစား ကြပါတော့။ ကျွန်တော်ကတော့ ဒါ၀င် (Charles Darwin )ပြောခဲ့တဲ့ စကားလေးတခွန်းကိုပဲ လက်ဆောင်ပါးချင်ပါတယ်။ အဲဒါကတော့ “အား အကြီးဆုံးတွေ ညာဏ်အရှိဆုံးတွေ ရှင်ကျန်ခဲ့တာမဟုတ်ဘူး။ အလိုက်သင့် လိုက်ပြောင်းနိုင်တဲ့အရာတွေဟာ ရှင်ကျန်ရစ်တာ “It is not the strongest of the species that survives, nor the most intelligent that survives. It is the one that is the most adaptable to change.” ဆိုတဲ့စကားပါ။ ကြံကြံဖန်ဖန် စဉ်းစားမိတာကတော့ တကယ်လို  မပြောင်းချင်တဲ့သူတွေက လာလောဆယ်မှာ အားအကြီးဆုံးဖြစ်နေပြီး၊ အသိညာဏ်ရှိသူတွေက paralyze ဖစ် ချိနဲ နမယ်ဆိုရင် နာင်အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲ ဆိုတာပါ။
ရွှင်လန်းချမ်းမြေ့ပါစေ။

infoTherapy(2013)
REF: 13 Tips for Keeping IT Projects Under Control By Jennifer Lonoff Schiff ( http://www.cio.com/article/730342/13_Tips_for_Keeping_IT_Projects_Under_Control) ကို အခြေခံပါသည်။