ဂုမ္ဘဏ်ယက္ခ ၊ နာဂခြင်္သေ့
ရင်ဆိုင်တွေ့လည်း ၊ ခွာ၍မဆွန့်
အသက်စွန့်လော့…
အဝှန့်နောင်လာ ၊ လူတကာတို့
ပြောရာဥဒါန်း ၊ ကမ္ဘာထွန်းသို့
မော်ကွန်းဖြစ်လျှင်း လေစေမင်း။
(ရှင်မဟာရဋ္ဌသာရ)
ဂမ္ဘီသာရပျို့ အပိုဒ်-၄၂ မှ ကောက်နုတ်ချက်
ကုမ္ဘဏ် = ဘီလူးတမျိုး
ယက္ခ = ဘီလူး
နာဂ = နဂါး (ဝါ) ဆင်
ခွာ၍မဆွန့် အသက်စွန့်လော့ = ထွက်မပြေးပဲး အသေခံ၍တိုက်လော့
ဥဒါန်း = (ပါဠိ - ဥဒါန) = လူတို့နှစ်လိုစွာ အစဉ်အဆက် ပြောဆိုကြသောစကား
အဝှန့်နောင်လာ = နောင်လာနောက်သားအားလုံး
မော်ကွန်း = ထောင်လွှားပျံ့နှံ့တတ်သော ဂုဏ်နှင့်ပြည့်စုံသည့်အကြောင်းအရာ၊ သာလွန်ထူးကဲသော အကြောင်းအရာ
Image Source: http://williampictures.blogspot.com/2008/10/lion-fight-photos.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.