Sunday, April 15, 2012

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာတရားသည်ကား သည်းခံခြင်းပေတည်း။
ထို့ ပြင်တ၀ ချစ်ခြင်းသည် ကြင်နာခြင်းလည်းမည်၏။
ချစ်ခြင်း၌ ၀န်တိုခြင်းသည်မရှိ။
ချစ်ခြင်း၌ ကြွားဝါခြင်း ကင်း၏။
ချစ်ခြင်း၌ မာန်မာန ထောင်လွှားခြင်းမဲ့၏။
ချစ်ခြင်းသည် တပါးသူတို့ အား အသရေညှိုးနွမ်းစေခြင်းမရှိ။
ချစ်ခြင်းသည် ကိုယ်ကျိုးကြည့်ခြင်းမှ ရှောင်ကျဉ်၏။
ချစ်ခြင်းမေတ္တာဟူသည် အမျက်ဒေါသ အလွယ်တကူ မထွက်မူ။
ချစ်ခြင်းသည် အမှားအယွင်းတို့ အား မှတ်သား ဗွေယူခြင်းလည်းမရှိ။
ချစ်ခြင်းသည် မကောင်းမှုအကုသိုလ်တို့ ၌ မမွေ့ လျော်။
ချစ်ခြင်းသည် ပရမတ္ထ အမှန်တရားတို့ ၌သာ ပျော်ရွှင်ကျက်စား၏။
ချစ်ခြင်းမေတ္တာသည် အမြဲမပြတ် ကာကွယ်စောင့်ရှောက်သောသဘောရှိ၏။
ချစ်ခြင်း၌ ထာဝရ ယုံကြည်မှုသည်ရှိ၏။
ချစ်ခြင်းသည် မျှော်လင့်ခြင်းကို အစဉ်ပေးစွမ်း၏။
ချစ်ခြင်း ၌ ဇွဲသတ္တိ တို့ သည် အစဉ်စွဲမြဲသည်တည်း။
ချစ်ခြင်းမေတ္တာတို့ မည်သည် မည်သည့်အခါမျှ ကျရှုံးခြင်းမရှိပေတကား။

(ခြိမ့်ထက်)
ဝန်ခံချက် နှင့် အကိုးအကား
သမ္မာကျမ်းစာ၏ 1 Corinthians အခန်း ၁၃၊ အပိုဒ် ၄ မှ ၈-က အထိ ထုတ်နုတ်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

REF:
1 Corinthians 13:4-8a
4 Love is patient, love is kind. It does not envy, it does not boast, it is not proud.
5 It does not dishonor others, it is not self-seeking, it is not easily angered, it keeps no record of wrongs.
6 Love does not delight in evil but rejoices with the truth.
7 It always protects, always trusts, always hopes, always perseveres.
8 Love never fails.
(New International Version)
Chapter 13 of the “First Epistle to the Corinthians”,
written by “Paul the apostle”.
 (REF: http://en.wikipedia.org/wiki/1_Corinthians_13)

Image Source: http://animateddesktopbackground.com/love/animated-love-wallpapers-for-desktop.hmtl

No comments:

Post a Comment

Note: Only a member of this blog may post a comment.