Sunday, April 15, 2012

နှုတ်ဆက်ခြင်း


အခွင့်ရပြီမို့ 
ခွန်းဆက်ပါစို့  ညီနောင်တို့ 
ဦးညွတ်နှုတ်ဆက် ထွက်ခွာဖို့ ။

ယူသမျှပြန်ပေး
ပိုင်သမျှ စွန့် လွှတ်ခဲ့ပြီ
အကြင်နာ စကားတခွန်းသာ
နောက်ဆုံး ပေးစွန့် ပါ မိတ်ဆွေတို့ ။

သက်တမ်းရှည်ကြာနေလာတဲ့ မိတ်ဆွေတွေပါ
ကိုယ်ကတော့ …ပေးနိုင်တာထက် ပိုရခဲ့တာ။

ဒီ…နေ့ ဟာ ထင်ရှားလာခဲ့ပြီဆိုတော့
အမှောင်ထေါင့်က မီးအိမ်ငယ်က
ငြိမ်းခဲ့ပါပေါ့။

ဆင့်ခေါ်ချက်ရောက်ပြီဆိုမှတော့လည်း
ခရီးရှည်ထွက်ဖို့ အဆင်သင့်
ဖြစ်ရတော့ပေမပေါ့။
(ခြိမ့်ထက်)


မှတ်ချက်။
ရာဘင်ဒြာနသ်တဂိုး ၏ Farewell ကို ပြန်ဆိုပါသည်။


REF:


Farewell

I have got my leave. Bid me farewell, my brothers!
I bow to you all and take my departure.

Here I give back the keys of my door
---and I give up all claims to my house.
I only ask for last kind words from you.

We were neighbors for long,
but I received more than I could give.

Now the day has dawned
and the lamp that lit my dark corner is out.

A summons has come and I am ready for my journey.
(Rabindranath Tagore)

No comments:

Post a Comment

Note: Only a member of this blog may post a comment.