Saturday, November 6, 2010

မာန်မာနနှင့်ပတ်သက်၍

ငါနှင့်ငါသာ၊ နှိုင်းစရာဟု
ပညာမုန်ယ၊ို အရွယ်ပျိုက
မဆိုစလောက်၊ မာန်စောင်မြောက်၍
နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း
နှေင်းပြီ့တခါ၊ ရိုသေစွာလျှင်
ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်
ိစိတ်ကျန်းမာန်လျှော့၊ ငါကန်တော့၏
မပေါ့ချစ်ခင်၊ သားနှယ်ကြင်၍
အရှင်တကာ၊ သည်းခံပါလော့
မေတ္တာမသွေ၊ မုန်းထုံ့ဖြေသည်
မျက်ပြေသူတော် ကျင့်ဟောင်းတည်း။
(ရှင်မဟာရဌသာရ ၏ ကိုးခန်းပျို့မှ)

**********************

ငါသာငါ့ထက်၊ မာန်မတက်နှင့်
အထက်နေမင်း၊ လေးကျွန်းချင်းလည်း
မလင်းတိမ်တိုက်၊ တကျွန်းမိုက်၏
နှိုင်းလိုက်သည်သာ၊ ဤအရာကို
ပညာရှိက၊ သတိရလိမ့်
လကိုနှုန်းထွေ၊ နေကိုနှုန်းသင့်
မြေနှင့်ပမာ၊ ကျင့်အပ်စွာ၏။
(ရှင်မဟာသီလဝံသ)

No comments:

Post a Comment

Note: Only a member of this blog may post a comment.