Thursday, November 4, 2010

ဖွတ် မိကျောင်းဖြစ်၊ မြစ် မချမ်းသာ


သို့သော်မင်းသားကြီးပြောပြသောစကားတခု ထူးသည်မှာ လောကမှာ “ဖွတ် မိကျောင်း ဖြစ်ယင် မြစ် မချမ်းသာ” ဆိုကြသော စကားပုံယှိသည်။ မိကျောင်းစစ်စစ်မှာ လျှာမရှိသောကြောင့် စားသောအစါမှာ အရသာမပေါ်။ အစာကို ဝမ်းပြည့်အောင် မျိုလို့သာသွင်းရသည်။ ဖွတ်မိကျောင်းမှာ လျှာယှိ၍့စားသော အစာမှာ အဆိုးအကောင်းသိသဖြင့် အရသာယှိရာလိုက်၍ စားတတ်သောကြောင့် ရေနှိုက်ယှိတဲ့ တိရိစ္ဆာန် များမခံနိုင်။ မြစ်ချောင်းနှိုက် သွားလှာကြသော လှေငယ် တက်စင်းကလေးများကို လိုက်တတ်သောကြောင့် ပျက်စီးသေဆုံး၍ မိကျောင်းစာဖြစ်ကြသဖြင့် မြစ်မချမ်းသာဟု ဆိုကြသည်။
လူများမှာ ယုတ်သောအမျိုးမှ လူတို့ အထွပ်အထိပ်ဖြစ်လှာသော် ငါ့ပြင်မင်းမယှိ ဟု စိတ်ထင်တိုင်း ကျင့်ချင်သလိုကျင့်၊ လုပ်ချင်သလိုလုပ်၊ ပြောချင်သလိုပြော။ အရမ်းမဲ့စီမံပြုလုပ်တော့ အမှုထမ်း၊ အရာထမ်း၊ ပြည်ရွာ ဆင်းရဲးသားတို့ပျက်စီးလျက် မချမ်းမသာယှိကြခြင်းသည် အမျိုးအရိုးမမှန်သော အမျိုးအရိုးမစစ်သော တရားမဲ့သောသူတို့ အုပ်စိုးခြင်းခံရသောကြောင့်ဖြစ်ချေသည်။
  (မှော်ပီဆရာသိန်းကြီး ၏ ပစပ်ရာဇဝင် မှ မူရင်းသတ်ပုံအတိုင်း ကောက်နှုတ်ချက်)

No comments:

Post a Comment

Note: Only a member of this blog may post a comment.