Sunday, November 14, 2010

သင်္ချာ ငိုချင်း (အပိုင်း-၂)

ကြေကွဲပန်းချီ

ကျွန်တော်(ပန်းချီဆရာ)ဟာ ပန်းချီဆေးဗူးမရှိ၊ ပန်းချီဆွဲတဲ့ Canvas Stand မရှိတဲ့၊ ပန်းချီစာသင်ခန်းတခုထဲ ရောက်နေတာ အံ့အားသင့်စွာ တွေ့လိုက်ရတယ်။ “အထက်တန်းမရောက်မချင်းတော့ လက်တွေ့ဆွဲရဦးမှာ မဟုတ်သေးဘူးဗျ”..လို့ ကျောင်းသားတွေက ပြောကြတယ်။ “ခုနစ်တန်း အဆင့်လောက်မှာတော့ ကျွန်တော်တို့ ဟာ အရောင်တွေနဲ့ ၊ ရေးချယ်ရာမှာသုံးတဲ့စုတ်တံတွေ အကြောင်း အဓိထား လေ့လာကြတယ်ဗျ..” လို့ပြောရင်း၊ ကျောင်းသားတွေက သူတို့ သင်ခန်းစာ ပုံကြမ်းစာရွက်ကိုပြတယ်။ အဲဒီမှာ တဖက်က အကွက်ထဲမှာ အရောင်ချယ် ထားပြီး၊ ကပ်လျက် အလွတ်ပေးထားတဲ့ အကွက်ထဲမှာ အဲဒီအရောင်နာမည်ကို ကျောင်းသားတွေ ကရေးဖြည့်ရတယ်။

“ကျွန်တော် ပန်းချီဆွဲရတာ ကြိုက်တယ်… ဆရာတွေက ဘာလုပ်ရမယ်လို့ ပြောတယ်၊ ကျွန်တော်က အဲဒီအတိုင်းလိုက်လုပ်လိုက်တယ် …. လွယ်ပါတယ်ဗျာ..” လို့ ကျောင်းသားတယောက် က မှတ်ချက်ပြုပါတယ်။ အတန်းပြီးတော့ ကျွန်တော်ဟာ ဆရာတယောက်နဲ့စကားပြောကြည့်ပါတယ်။


[ မက္ကဆီကန် ပန်းချီဆရာမ
"ဖရီဒါခါလို" Frida Kahlo de Rivera
 (July 6, 1907 – July 13, 1954)  ၏ လက်ရာ]

"Without Hope"





“ဒါဆို..ခင်ဗျာ့ကျောင်းသားတွေက ဘာပုံမှ မဆွဲဘူးပေါ့ ?..”။

“ရှေ့နှစ်မှာတော့ ကျောင်းသားတွေအတွက် ‘ကိန်း ဂဏန်းများနှင့် စမ်းသပ်ဆွဲသားခြင်း’ ဆိုတဲ့ သင်ခန်းစာ စတော့မှာပါ။  ဒါဟာ သူတို့ အထက်တန်းအဆင့်မှာ ဆက်တိုက် ကြုံရမယ့် ‘ကိန်းဂဏန်းများနှင့် ရေးချယ်ခြင်း’ ဆိုတာအတွက် မိတ်ဆက်ပေါ့။ ဒါကြောင့် သူတို့ တတွေ အခုလေ့လာနေရတာတွေနဲ့ နောက်တော့အကျွမ်းတဝင်ဖြစ်လာပြီး လက်တွေ့ဆွဲတဲ့အချိန်မှာ ကောင်းကောင်း  အသုံးချနိုင်လာကြမှာပါ.. ဆေးခွက်ထဲကို စုတ်တံနှစ်ပြီး စနစ်တကျ ဆွဲချလိုက်နိုင်တာမျိုးပေါ့ဗျာ..။ တကယ်တော့ ကျွန်တော်တို့ဟာ ကိုယ့်ကျောင်းသားတွေရဲ့ စွမ်းရည် အပေါ်မှာလည်း မျက်ခြေမပြတ်လေ့လာပါတယ်။ အတော်ဆုံး ပန်းချီသမားဆိုတာ အရောင်တွေအကြောင်းနဲ့၊သူ့ရဲ့ စုတ်တံကို ရှေ့နောက် ဘယ်လို ဆွဲရမယ်ဆိုတာ ကောင်းကောင်းသိတဲ့ သူမိုျးပဲဗျ… သူတို့ဟာ မကြာခင်အချိန် အတွင်းမှာ တကယ်လက်တွေ့ ဆွဲကြရတော့မှာပါလေ..။ တခိုျ့ဆိုရင် ကောလိပ်ကောင်းကောင်း ဝင်ခွင့်ရကြဖို့ ပိုအဆင့်မြင့်တဲ့ အတန်းတွေကိုတောင် အခုကတည်းက တက်နေကြပြီ ..။ ဒါပေမဲ့ များသောအားဖြင့်တော့ ကျွန်တော်တို့ ဟာ ဒီကလေးတွေအားလုံးကို ပန်းချီဆိုတာဘာလဲဆိုတဲ့ အခြေခံကောင်းကောင်း ရသွားစေဖို့  ကြိုးစားနေကြတာပဲ။        ဒါကြောင့် ဒီကထွက်သွားပြီး လက်တွေ့ လောကထဲရောက်တဲ့အခါ၊ သူတို့ရဲ့ မီးဖိုချောင်ပုံကို သူတို့ ရှင်းရှင်းလင်းလင်း ဆွဲနိုင်သွားမှာပါ..။”

“ဟို….ခင်ဗျားပြောတဲ့ အထက်တန်းဆင့်………………….”

“ဪ……‘ကိန်းဂဏန်းများနှင့် ရေးချယ်ခြင်း’ ဆိုတာကို ပြောတာလား။ ကျောင်းသားတွေ လှိမ့် ပြီး စာရင်းသွင်းကြတဲ့ အတန်းပေါ့ဗျာ…။ အထူးသဖြင့် ကျောင်းသားမိဘတွေကိုယ်တိုင်က သူတို့ကလေးတွေ ကောလိပ်ကောင်းကောင်း ဝင်ခွင့်ရဖို့ ထားကြတဲ့ အတန်းကိုး။  ဘယ် အထက်တန်း အမှတ်စာရင်းကမှ ‘အဆင့်မြင့် ကိန်းဂဏန်းများနှင့် ရေးချယ်ခြင်း’ လောက် မကောင်းဘူးဗျ..။”

“ဘာလို့ ဒီလိုနံပါတ်တပ်ထားတဲ့အကွက်ထဲကို သက်ဆိုင်ရာအရောင် ရေးဖြည့်ပေးရတဲ့ကိစ္စ ကို ကောလိပ်တွေက အလေးထားနေရတာလဲဗျ..။”

“ယုတ္တိနည်းကျကျတွေးရင် ရှင်းပါတယ်ဗျာ…။ ဆိုပါတော့ ကျောင်းသားတွေဟာ ဖက်ရှင်တို့၊ အတွင်းပိုင်းမွန်းမံပြင်ဆင်ချယ်သခြင်း တို့လို အမြင်သိပ္ပံပညာရပ်[Visual Science]နဲ့ဆိုင်တဲ့ ဘာသာရပ်တွေ လေ့လာတော့မယ်ဆိုရင် အခု အထက်တန်းဆင့်မှာ သင်ခဲ့ရတာတွေက သိပ်အသုံးဝင်လာတာပေါ့..။”

“သဘောပေါက်ပါပြီဗျာ…ဒါနဲ့… ဘယ်အချိန်လောက်မှာ ကျောင်းသားတယောက်ဟာ ကင်းဗတ်စ်[Canvas] အလွတ်တခုပေါ်မှာ သူ့စိတ်ကြိုက် လွတ်လွတ်လပ်လပ် ရေးဆွဲနိုင်မလဲဗျ..”

(ပုံ။ အမေရိကန် ပန်းချီဆရာ Jackson Pollock )

“ဟာ…ခင်ဗျားက..  ကျွန်တော့ ပါမောက္ခတယောက်ရဲ့ လေမိုျး ပါလားဗျ…။သူအမြဲပြောပြောနေတဲ့   ကိုယ့်ရဲ့အကြောင်းနဲ့ ကိုယ့်ခံစားချက်တွေကို ဖော်ပြဖို့ဆိုတဲ့  လက်ဆုပ်လက်ကိုင် ပြမရတဲ့ ဟာမိုျးတွေပဲ..။ ကျွန်တော်ကိုယ်တိုင်လည်း ပန်းချီပညာနဲ့ ဘွဲ့ရထားတဲ့သူပါဗျာ..။ ဒါပေမယ့် ခင်ဗျားပြောသလို ကင်းဗတ်စ် အလွတ်တွေ ဘာတွေပေါ်မှာ သိပ်များများစားစား မဆွဲခဲ့ဖူးပါဘူး..။ ကျောင်း ဘုတ်အဖွဲ့က ပန်းချီသင်တန်းတွေအတွက် ပေးထားတဲ့  ‘ကိန်းဂဏန်းများနှင့် ရေးချယ်ခြင်း’ ဆိုတဲ့ ဟာတွေပဲ သုံးခဲ့တာပဲဗျ..။”

*******************

ဝမ်းနည်းစရာကောင်းတာက ကျွန်တော်တို့ရဲ့ လက်ရှိ သင်္ချာပညာရေးစနစ်ဟာ အခုလို အိပ်မက်ဆိုးမိုျးတွေအတိုင်း ထပ်တူထပ်မျှဖြစ်နေတာပါပဲ။ တကယ်လို့သာ ကျွန်တော်ဟာ ကလေးတယောက်ရဲ့ သဘာဝစူးစမ်းလိုစိတ်နဲ့ ပုံစံတကျဖန်တီးရတာတွေကိုချစ်မြတ်နိုးတဲ့စိတ် ကို အမြန်ဆုံးနည်းနဲ့ဖျက်ဆီးပစ်နိုင်မယ့် နည်းစနစ်တခု ရှာရမယ်ဆိုရင်၊ အခုလက်ရှိ သင်္ချာပညာရေးက လုပ်ဆောင်(ဖျက်ဆီး)နေသလောက်တောင် လုပ်(ဖျက်ဆီး) နိုင်မယ်မထင်ပါဘူးဗျာ….။ အဓိပ္ပါယ်ကင်းမဲ့မှု နဲ့ စိတ်နှလုံးကို ဂုျန်းဂုျန်းကျသွားအောင် ချေမွ ဖျက်ဆီးပစ်လိုက်မယ့်စိတ်ကူးတွေ နဲ့ဖွဲ့ စည်းထားတဲ့ ဒီ ခေတ်ပြိုင် သင်္ချာပညာရေးအကြောင်းကို တွေးကြည့်  လို့တောင် မရနိုင်လောက်အောင်ကိုပါပဲ။

တခုခုမှားနေတယ်ဆိုတာတော့ လူတိုင်းသိတယ်။ နိုင်ငံရေးသမားတွေက “ပိုအဆင့်မြင့်တဲ့ စံချိန်စံညွှန်းတွေ လိုတယ်..” လို့အော်တယ်။ ကျောင်းတွေက “ငွေကြေးနဲ့ ပစ္စည်းကရိယာတွေ ပိုမိုလိုအပ်တယ်..” လို့ ပြောတယ်။ ပညာရှင်တွေကတမိုျးမိန့်တယ်…ဆရာတွေက နောက်တမိုျးဆိုတယ်..။သူတို့ အားလုံးမှားတယ်ဗျ။ ဘာတွေဖြစ်နေသလဲဆိုတာကို အကောင်းဆုံးနားလည်တဲ့သူတွေဟာ၊  အများဆုံး အပစ်ပုံချခံရပြီး သူတို့ စကားကို အနည်းဆုံးပဲ နားထောင်ခြင်းခံရတဲ့သူတွေ ဖြစ်နေတယ်။ သူတို့ဟာ ကျောင်းသားတွေ ပဲ။ သူတို့ ကပြောတယ်။ “သင်္ချာအတန်းတွေတက်ရတာ… လုံးလုံး အသုံးမကျတဲ့အပြင် သိပ်ကို ငြီးငွေ့စိတ်ပျက်ဖို့ကောင်းတယ်ဗျာ…” တဲ့။ မှန်တယ်ဗျ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.