အကိုျး အကြောင်း ကို ကောင်းကောင်း ဆက်စပ် ဆင်ခြင်သုံးသပ်နိုင်တဲ့ ယုတ္တိဗေဒပညာရှင်(Logician) ၁၀၀ ရှိတယ်။ အားလုံးမှာ ညီတူညီမျှ အရည်အချင်းရှိကြတယ်။
သူတို့အားလုံးရဲ့ နဖူး(fore head) ကို ဆေးရောင်တစ်ခု ချယ်လိုက်တယ်။ ဘာရောင်မှန်းတော့ မသိဘူး။ ဝါ စိမ်း နီ ပြာ ခရမ်း မရမ်း ပန်းရောင် အဖြူ အနက် အညို စသည်ဖြင့် တရောင်ရောင်ပေါ့ဗျာ။
တရောက်ကို ဘာအရောင်ချယ်တယ်ဆိုတာ တခြားတရောက်က မသိဘူး။ ဆေးရောင်ချယ်တဲ့အချိန်မှာ သူတို့ မျက်စိကို အဝတ်စည်းထားတယ် ဆိုပါတော့။
ပြီးရင် သူတို့ အားလုံးကို မီးပိတ်ထားတဲ့ အခန်းတစ်ခန်းထဲ ထည့်လိုက်တယ်။ အခန်းထဲမှာ သူတို့ဟာ စက်ဝိုင်းပုံ အနေအထားနဲ့ ထိုင်ကြတယ်။ [တစ်ရောက်က ကျန်တဲ့ ၉၉-ရောက်လုံးရဲ့ မျက်နှာတွေကို မြင်ရအောင်လို့ပါ။ အခန်းထဲမှာ ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်လို့ရတဲ့ အရာမှန်သမျှ (မှန်တွေ ဘာတွေ) ဘာမှ မရှိဘူး။]
အခန်းထဲမဝင်ခင် သူတို့အားလုံးကို ပြောထားတဲ့စကားက
“ခင်ဗျားတို့ထဲက အနည်းဆုံး တစ်ရောက် ရဲ့ နဖူးမှာ အပြာရောင်ချယ်ထားတယ်” … ဆိုတဲ့ စကားပဲ။
သူတို့အားလုံး (ယုတ္တိဗေဒပညာရှင် ၁၀၀လုံး) အခန်းထဲရောက်သွားပြီးတဲ့အခါ
သူတို့မျက်လုံးကို စည်းထားတဲ့(ပိတ်ထားတဲ့) အဝတ်တွေကို ဖယ်လိုက် ပြီး
သူတို့အားလုံး တစ်ရောက်မျက်နှာ တစ်ရောက်မြင်ရအောင် မီး ဖွင့်လိုက်တယ်။
(မီးဖွင့်ထားတဲ့အချိန်မှာ အခန်းထဲမှာ ရှိနေတဲ့သူတွေက တစ်ရောက်နဖူးတစ်ရောက်ကြည့်ကြပေါ့။)
ပြီးရင် မီးပြန်ပိတ်မှာဖြစ်တယ်။
သူတို့လုပ်ရမှာက
တကယ်လို့ ယုတ္တိဗေဒပညာရှင်တစ်ရောက်ရောက်ဟာ
ကိုယ့်နဖူးမှာ အပြာရောင်ချယ်ထားကြောင်း သိလိုက်ရရင်
မီးပြန်ပိတ်လိုက်တဲ့အချိန်မှာ အခန်းအပြင်ဘက်ကို ထွက်သွားရမယ်။
ပြီးရင် နောက်တစ်ကြိန် မီးပြန်ဖွင့်မယ်
မီးဖွင့်ထားချိန်မှာ
ကိုယ့်နဖူးမှာ ဆေးပြာ ချယ်ထားသလား ကြည့်ရှု စဉ်းစား တွေးတော ဆုံးဖြတ်
ပြီးရင် မီး (ခဏ) ပြန်ပိတ်မှာဖြစ်တယ်။
ဆေးပြာ ချယ်ထားရင်..မီးပိတ်ချိန်မှာ အပြင်ထွက်..။
ပြီးရင် နောက်တစ်ကြိမ် မီးပြန်ဖွင့်မယ်။
အဲဒီအတိုင်း (လိုအပ်ရင်) အကြိမ်ကြိမ်လုပ်မှာဖြစ်တယ်။
ကဲ အခု မေးခွန်းလာပါပြီ...
“တကယ်လို့ သူတို့အားလုံး (ယုတ္တိဗေဒပညာရှင် ၁၀၀ လုံး) ရဲ့ နဖူးမှာ ဆေး အပြာရောင်ချယ်ထားတယ် ဆိုရင် ဘယ်လို ဖြစ်မလဲ၊ ဘာကြောင့်လဲ”။
တွေးတောခြင်းဖြင့် ထိုးထွင်းသိမြင်နိုင်ပါစေ။
[ခြိမ့်ထက်]
No comments:
Post a Comment
Note: Only a member of this blog may post a comment.