Wednesday, October 5, 2011

ငရဲခန်းလော နိဗ္ဗါန်လော

ဆိုပါစို့ဗျာ
အခန်း နှစ်ခန်းရှိတယ်...

-တစ်ခန်းက ဒုက္ခ သုက္ခ တွေ နဲ့ပြည့်နှက်နေတဲ့ ငရဲခန်း။
+နောက်တစ်ခန်းကတော့ ကောင်းကျိုး မင်္ဂလာ အဖြာဖြာနဲ့ စိတ်ချမ်းမြေ့စရာ တွေပြည့်နေတဲ့ (လောက)နိဗ္ဗာန် အခန်းပေါ့။

ဘယ်အခန်းဟာ ငရဲခန်းတုန်း ဘယ်ဟာက နိဗ္ဗာန်ခန်းတုန်းဆိုတာကို ဘယ်လိုမှမသိနိုင်ဘူး စာကပ် မထားဘူးနော်။


( image source : http://mediaoutrage.com/2011/10/05/for-discussion-do-you-believe-in-hell)



အခန်း တစ်ခန်းစီရဲ့ ရှေ့မှာ တံခါးစောင့် တစ်ရောက်စီရှိတယ်။
+တစ်ရောက်က လုံး၀ လုံး၀ လိမ်ညာမပြောတတ်တဲ့ အမြဲတန်းအမှန်ပြောတဲ့သူ။
-နောက်တစ်ရောက်က အမြဲလိမ်ညာပြောတဲ့သူ ။
သူတို့နှစ်ရောက်မှာ ဘယ်သူက လူမှန်တုန်း၊ ဘယ်သူက လူလိမ် တုန်းဆိုတာကို ဥပဓိရုပ်ကြည့်ပြီး ခွဲလို့ လုံး၀ မရ ဘူး။

သူတို့နှစ်ရောက်လုံးဟာ ဘယ်ဟာက နိဗ္ဗာန်ခန်းလဲ၊ ဘယ်ဟာက ငရဲခန်းလဲ ဆိုတာ သိတယ်။
တစ်ရောက်အကြောင်းတစ်ရောက်လည်း ကောင်းကောင်းသိတယ်။

သူတို့ထဲက ကြိုက်တဲ့ တစ်ရောက်ကို ကြိုက်တဲ့ မေးခွန်းတစ်ခု မေးခွင့်ရှိတယ်။


ကဲ...အခု
မိတ်ဆွေဟာ
အဲဒီ အခန်းနှစ်ခန်းထဲက တစ်ခန်းခန်းထဲကို မုချ မလွဲမသွေ ဝင်ရတော့မယ်။
လူတိုင်းဟာ ငရဲခန်းတော့ ဘယ်ဝင်ချင်မလဲဗျာ။ ဒါကတော့ အော်တို အန်ဒါစတွတ် ပေါ့။

ဒါဆိုရင် နိဗ္ဗာန်ခန်းကို တန်းတန်းမတ်မတ်ဝင်နိုင်အောင်
တံခါးစောင့်ကို မေးမြန်းစုံစမ်းရမှာပေါ့။

တံခါးစောင့်တစ်ရောက်ရောက်ကို
မေးခွန်းတစ်ခုတည်းကို တစ်ကြိမ်ပဲ မေးခွင့်ရှိတယ်နော်။

ကဲ အခန်းမမှားရလေအောင် တံခါးစောင့်ကို ဘယ်ပုံ ဘယ်နည်း ဘယ်လို မေးရလဲ


(image source: http://www.codelord.net/2010/11/07/refactoring-to-heaven/)


တွေးတောခြင်းဖြင့် ထိုးထွင်းသိမြင်နိုင်ပါစေ။
[ခြိမ့်ထက်]

No comments:

Post a Comment

Note: Only a member of this blog may post a comment.