သေနတ်ကိုးကွယ်မှုဟာ အစွဲအလန်းကြီးစေတဲ့ အရာကို ကိုးကွယ်သလိုဖြစ်လာတယ်။ ဂျပန်တွေဆီက မြန်မာတွေ နှစ်ချက်လေ့လာခဲ့ရတယ်။ လူစုလူဝေး အစည်းအရုံးကို အခြေခံတဲ့ ခေါင်းဆောင်မှု နည်းပညာ အတတ်နဲ့ လက်နက် တပ်ဆင်ထားသူများရဲ့ အာဏာနဲ့ တင့်တယ်မှုဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ရွေးချယ်တင်မြှေက်ပွဲတွေက ဆုံးဖြတ်မှာမဟုတ်ပဲ သေနတ်က ဆုံးဖြတ်မှာဖြစ်တယ်။ မြန်မာ့နိုင်ငံရေးမှာ ခင်ဗျား တို့ လိုအပ်တာက နိုင်မယ့်ဖက်က စမိဖို့နဲ့ သေနတ်တွေ အမြောက်အများ ရှိဖို့ ပဲဖြစ်တယ်။ (ဒေါက်တာ ဘမော်)
ပုံကို http://en.wikipedia.org/wiki/Ba_Maw မှ ရယူပါသည်။ဦးခင်အောင် ၏ “ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ?”
[3rd Edition] [အခန်း(၆) အကြမ်းဖက်မှုအမွေ စာမျက်နှာ ၁၈၁-၁၈၂ မှ]
ရည်ညွှန်းကိုးကား။
(ဒေါက်တာ ဘမော်(PhD)[ 8 February 1893 - 29 May 1977]
[နန်းရင်းဝန်(1936-1939), ဂျပန်ခေတ် အဓိပတိ] ၏
Breakthrough in Burma: Memoirs of a Revolution, 1939-1946,New Haven, Yale University Press, 1968.
xxiii, 460 p. maps, ports. 24 cm,
Page 216-253)
အထူးမှတ်ချက်။ ဒေါက်တာဘမော်ဟာ အဲဒီတုန်းက နိုင်ငံရေးအခင်းအကျင်း နဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူတွေရဲ့ လုပ်ပုံ ကိုင်ပုံ ဆောင်ရွက်ပုံ တွေးခေါ်ပုံ တွေကို ကြည့်ပြီး သုံးသပ်ထားတာ အနာဂတ်ဟောကိန်း ထုတ်ထားတာသာ ဖြစ်တယ်။ ဒီစကားဟာ သူ့ ယုံကြည်ချက်ကို ပြောတာမဟုတ်ဘူး။
No comments:
Post a Comment
Note: Only a member of this blog may post a comment.