Monday, December 27, 2010

မြန်မာ့နိုင်ငံရေး


သေနတ်ကိုးကွယ်မှုဟာ အစွဲအလန်းကြီးစေတဲ့ အရာကို ကိုးကွယ်သလိုဖြစ်လာတယ်။ ဂျပန်တွေဆီက မြန်မာတွေ နှစ်ချက်လေ့လာခဲ့ရတယ်။ လူစုလူဝေး အစည်းအရုံးကို အခြေခံတဲ့ ခေါင်းဆောင်မှု နည်းပညာ အတတ်နဲ့  လက်နက် တပ်ဆင်ထားသူများရဲ့ အာဏာနဲ့  တင့်တယ်မှုဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ရွေးချယ်တင်မြှေက်ပွဲတွေက ဆုံးဖြတ်မှာမဟုတ်ပဲ သေနတ်က ဆုံးဖြတ်မှာဖြစ်တယ်။ မြန်မာ့နိုင်ငံရေးမှာ ခင်ဗျား တို့  လိုအပ်တာက နိုင်မယ့်ဖက်က စမိဖို့ နဲ့  သေနတ်တွေ အမြောက်အများ ရှိဖို့  ပဲဖြစ်တယ်။ (ဒေါက်တာ ဘမော်)

ပုံကို http://en.wikipedia.org/wiki/Ba_Maw မှ ရယူပါသည်။




ဦးခင်အောင် ၏ “ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ?”
[3rd Edition] [အခန်း(၆) အကြမ်းဖက်မှုအမွေ စာမျက်နှာ ၁၈၁-၁၈၂ မှ]

ရည်ညွှန်းကိုးကား။
(ဒေါက်တာ ဘမော်(PhD)[ 8 February 1893 - (1893-02-08)29 May 1977(1977-05-29)]
[နန်းရင်းဝန်(1936-1939), ဂျပန်ခေတ် အဓိပတိ] ၏
Breakthrough in Burma: Memoirs of a Revolution, 1939-1946,
New Haven, Yale University Press, 1968.
xxiii, 460 p. maps, ports. 24 cm,
Page 216-253)

အထူးမှတ်ချက်။ ဒေါက်တာဘမော်ဟာ အဲဒီတုန်းက နိုင်ငံရေးအခင်းအကျင်း နဲ့  မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူတွေရဲ့ လုပ်ပုံ ကိုင်ပုံ ဆောင်ရွက်ပုံ တွေးခေါ်ပုံ တွေကို ကြည့်ပြီး သုံးသပ်ထားတာ အနာဂတ်ဟောကိန်း ထုတ်ထားတာသာ ဖြစ်တယ်။ ဒီစကားဟာ သူ့  ယုံကြည်ချက်ကို ပြောတာမဟုတ်ဘူး။

Sunday, December 26, 2010

တို့တတွေလက်တွဲ ခိုင်မြဲနေသ၍

နေ့တွေဘယ်လိုကုန်သွားသွား
တို့လမ်းကိုတော့
မပျောက်ပါစေနဲ့ကွယ်။

ဒါလောက်ထိ လျောက်ခဲ့ကြပြီးမှ
တို့ဘာလို့
လက်လျော့ရမှာလဲ။

အိမ်မက်တွေကို ယက်ကန်းရှယ်လို့
အောင်မြင်မှုတွေစတော့မှာမို့..
ယုံကြည်ခြင်းနဲ့
တို့အသက်ရှင်ကြမယ်။

တို့ဘ၀ တို့ယုံကြည်ချက်
တို့မျှော်လင့်ခြင်း နဲ့ တို့ရဲ့မင်္ဂလာတရား
ခိုင်မြဲစွာဆုပ်ကိုင်ထားရင်း
နှလုံးသားအတွင်းမှာ အမှန်တရား
တည်တံ့နိုင်ပါစေသားကွယ်။

တို့တတွေလက်တွဲ
ခိုင်မြဲနေသ၍
တို့အိပ်မက်တွေ ရှင်သန်နေ…။

တိမ်ယံဖောက်ထွင်း ငါနဲ့မင်း
ထာဝရအဆုံးမဲ့ နှင်စို့လေ။


လေပြည်ထဲက လိပ်ပြာတွေကို
ဦးညွတ်တတ်အောင်
တို့…သင်ယူကြပါစို့။

ကြယ်စင်တစင်း
ရှာဖွေခြင်း အလုပ်ကိုလည်း
ဆုံးခန်းတိုင်တို့
ဆုပ်ကိုင်ကြပါစို့။


တောင်စဉ် ချိုင့်ဝှမ်းက
ရေတံခွန်စိမ့်စမ်းနဲ့..
တို့မျက်ရည်တွေကို ဆေးကြောကြပါစို့။

ယိမ်းနွဲ့လှုပ်ခါ စကားလုံးတွေနဲ့
“ငြိမ်းချမ်းညိမ်သက်စွာ ပြန်နားပါရစေ” လို့
တောင်းဆုပြုတာတွေလည်း
……မနည်းတော့ပါဘူးကွယ်။

အမှောင်ထဲမှာဆိုတော့လည်း
နေမင်းကို တမ်းတမိတာပေါ့။

အလင်းရောင်ကို မြင်မက်ပါ..
နှလုံးသားနွေးထွေးစွာနဲ့
အားလုံးကို..
(မေတ္တာတရား)
မျှဝေပေးပါ။


တို့တတွေလက်တွဲ
ခိုင်မြဲနေသ၍
တို့အိပ်မက်တွေ ရှင်သန်နေမှာပါ…။


တိမ်ယံဖောက်ထွင်း ငါနဲ့မင်း
ပျံသန်းနိုင်သမျှ
ဟိုး………အမြင့်ဆုံးသို့သာ…။
(ခြိမ့်ထက်)


၀န်ခံချက်
James Roy Horner
Wilbur H. "Will" Jennings
Diana Ross(Diana Ernestine Earle Ross) တို့၏
"If We Hold On Together" သီချင်းကို ခံစားရေးဖွဲ့သည်။

Saturday, December 25, 2010

ကောင်းကင်တမန် ၏ တံပိုးခရာ

သင်္ချာပညာရပ်ရဲ့ သမိုင်းကြောင်းတလျောက်မှာ
သုည ( Zero )
အနှုတ်ကိန်း ( negative number) တွေနဲ့
အနန္တကိန်း (Infinity) တွေ ဟာ
သင်္ချာပညာရှင်တွေကို ရာစုနှစ်နဲ့ချီပြီး
ခေါင်းကိုက်စေခဲ့ကြတယ်။

ဒါကတော့..
အဲဒီလို ပြဿနာတွေထဲက တခုပါ။

Gabriel's Horn လို့ပဲခေါ်ခေါ်
Torricelli's trumpet လို့ပဲပြောပြော....

အတိအကျရှိတဲ့ ထုထည်ပမာဏ နဲ့
အနန္တ ဧရိယာ ရှိနေတဲ့....
"ကောင်းကင်တမန် ၏ တံပိုးခရာ" အကြောင်း..............။
(သို့မဟုတ်)

The paradox of  y  =  1/x



The curve  y  =  1 / x  in the first quadrant 








is rotated about the  x-axis to generate a solid
The y-axis is an asymptote and thus avoided by setting x> 1



 
Area က Infinity

Volume က Finite number( PI )

(မကြာမီ .........)


References:

Saturday, December 11, 2010

မြန်မာ့မဟာဂီတ နှင့် ရှမ်းခေါင်းဆောင်တို့၏ အခန်းကဏ္ဍ

မန္တလေးမှာ ထီးနန်းပျက်သုဉ်းသွားတော့ နန်းတော်သုံး သဘင်သည်တွေအားလုံး အရှင်မဲ့ သခင်မဲ့ ဖြစ်ကျန်ရစ်ပြီး ပေးမယ့် ကမ်းမယ့် ကျွေးမွေးမယ့်သူမရှိ၊ ဘယ်သူကမှ တီးလှည့်ပါ ဆိုလှည့်ပါ ကလှည့်ပါ လို့ မငှားရမ်းနိုင်လို့ စားရမဲ့ သောက်ရမဲ့ ဖြစ်ကုန်ကြတယ်။

နန်းတွင်းမှာကပြတဲ့ ယိုးဒယားအီနောင်ဇာတ်၊ ရာမဇာတ်ကြီးတွေက ဇာတ်ဖွဲ့ ဝင်တွေဆိုတာ သာဆိုးတာပေါ့။ တဇာတ်ကို (၄၅)ည ကပြရတာမျိုး ဘယ်ဆင်းရဲသားက ပွဲသွင်းပြီးကြည့်နေနိုင်မှာလဲ။ အဲဒါကြောင့် ဇာတ်သမားတွေ (၁၀၀) ကျော်လောက် အားလုံး ဒုက္ခရောက်တဲ့အခါ ပခန်းမင်းကြီးကတော်က တတ်နိုင်သလောက် ပေးကမ်းထောက်ပံ့နေရသတဲ့။

အဲဒီသတင်းတွေကို သီပေါကကြားတဲ့အခါ သီပေါကိုခေါ်ပြီး စော်ဘွားက ဆက်လက်စောင့်ရှောက်တယ်။ ဒါကြောင့် ယိုးဒယားဆရာမောင် (ရာမ)၊ ဆရာပေါ်၊ ယိုးဒယား ဦးစိန်အုပ် တို့ သီပေါရောက်ကုန်ကြတယ်လေ။

သီပေါစော်ဘွားက ရာမ အီနောင် ဇာတ်အဖွဲ့သားတွေကိုသာမက မဟာဂီတဘက်က အတီး အဆို သမားတွေကိုလည်း ခေါ်ပြီးကျွေးမွေးပေးကမ်းတယ်။ သီပေါမှာ အမြဲနေနိုင်သူကို အမြဲတမ်းအလုပ်ပေး ထောက်ပံ့တယ်။ မနေနိုင်သူတွေကို သွားချေ ပြန်ချေ နေစေပြီး ထောက်ပံ့ပါတယ်။ ပြီးတော့ ဟော်ထဲမှာ တီးကြ၊ ဆိုကြ၊ ပွဲလမ်းသဘင်တွေ ကကြပြကြပေါ့။

စော်ဘွားက အတီးအဆိုကို တော်ရုံဝါသနာ ပါတာမဟုတ်ဘူး။ ထမင်းစားနေရင်း အတီးအဆိုသံမကြားရရင် ထမင်းမမြိန်ဘူးတဲ့။ ဒါကြောင့် စော်ဘွားပွဲတော် တည်ချိန်မှာ အငြိမ့်တော် အမြဲတမ်း တက်ရတယ်။ စော်ဘွားကြီး စောကြာခိုင်ရော၊ သူ့သားစော်ဘွား စောချယ် ရော ကိုယ်တိုင် တီးရုံ ဆိုရုံ ရေးစပ်ကြရုံ မကဘူး၊ တီးတတ် ဆိုတတ်သူတွေကို စော်ဘွားကတော်အဖြစ်နဲ့ ထားတာတွေလည်း မနည်းဘူး။

ဗြိတိသျှအစိုးရလက်ထက်မှာ သီပေါစော်ဘွားစောချယ်ကို တစ်နေ့တော့ ဗြိတိသျှအစိုးရက ဆာ ဘွဲ့ ပေးပါတယ်။ ဒါကြောင့် ဆာစောချယ် လို့ပဲခေါ်ကြတယ်။
(အမေလူထုဒေါ်အမာ ၏ မြန်မာ့မဟာဂီတ မှ ကောက်နှုတ်ချက်)

Friday, December 10, 2010

ဌ နှင့် ဋ္ဌ ၊ ဖူး နှင့် ဘူး

ဌ သည် ဌ [ထဝမ်းဘဲ-ဟုအသံထွက်] အက္ခရာ တစ်လုံးတည်းဖြစ်သည်။
ဋ္ဌ သည် ဋ [တ တလင်းဂျိတ်- (တချို့က တသန်လျင်းဂျိတ် - ဟုအသံထွက်] နှင့် ဌ တို့ထပ်ဆင့်ထားသော ဗျည်းတွဲဖြစ်သည်။
ဌာန၊ ဌာန်၊ ဌာပနာ၊ ပါဌ်ဆင့်၊ သူဌေး စသည်ကိုရေးသောအခါ လည်ရစ်မပါသော ဌ သက်သက်ဖြင့် ရေးရသည်။
ဥက္ကဋ္ဌ၊ အဋ္ဌမ၊ သေဋ္ဌေး၊ ပြဋ္ဌာန်း၊ ကမ္မဋ္ဌာန်း စသည်ကိုရေးရင် ဋ နှင့် ဌ ဆင့်ထားသော လည်ရစ်ပါသည့် ဋ္ဌ နှင့် ရေးရသည်။

*********************************

ဖူး
ထိုင်းနိုင်ငံ ရောက်ဖူးတယ်…။[ဖူး အသံထွက်]
ဂေလမ်း (Geylang) သွားဖူးတယ်….…။[ ဘူး အသံထွက်]
အဲဒီအသီး စားဖူးတယ်….…။[ ဘူး အသံထွက်]
“လေလွင့်သူ” စာအုပ် ဖတ်ဖူးတယ်.. …။[ဖူး အသံထွက်]
“စုန်ရေ” ရုပ်ရှင် ကြည့်ဖူးတယ်.. ။[ ဘူး အသံထွက်]
“ဗိုလ်အောင်ဆန်း” သီချင်း နားထောင်ဖူးတယ်….။[ ဘူး အသံထွက်]
စသည်ဖြင့် အတိတ်က အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း ပြဆိုသော ကြိယာအဖြစ် မူလကြိယာ [ရောက်-သွား-စား-ဖတ်-ကြည့်-နားထောင် စသည်] တို့နှင့် တွဲသုံးသည်။

ဘူး
ခိုင်ခိုင်မာမာ သေသေချာချာ ငြင်းပယ်သော စကား ။ မဟုတ်ကြောင်း မမှန်ကြောင်း မလုပ်ကိုင် မဆောင်ရွက် [ခဲ့]ကြောင်း ပြဆိုလိုသောအခါ မ + မူလကြိယာ တို့နှင့် တွဲသုံးသည်။

အဲဒီနိုင်ငံ မရောက်ဘူး ။[ဖူး အသံထွက်]----ယတိပြတ်အငြင်း
အဲဒီနိုင်ငံ မရောက်ဖူးဘူး။ -----------------ရောက်ခဲ့သော အတွေ့အကြုံရှိသည်မှာ မဟုတ်၊ မမှန်။

အဲဒီနေရာ မသွားဘူး။[ ဘူး အသံထွက်]---ယတိပြတ်အငြင်း
အဲဒီနေရာကို မသွားဖူးပါဘူး။ ------------သွားခဲ့သော အတွေ့အကြုံရှိသည်မှာ မဟုတ်၊ မမှန်။

အဲဒီအသီး မစားဘူး။[ ဘူး အသံထွက်]----ယတိပြတ်အငြင်း
 အဲဒီအသီး မစားဖူးဘူး။------------စားခဲ့သော အတွေ့အကြုံရှိသည်မှာ မဟုတ်၊ မမှန်။


အဲဒီစာအုပ် မဖတ်ဘူး။[ဖူး အသံထွက်]----ယတိပြတ်အငြင်း
အဲဒီစာအုပ် မဖတ်ဖူးဘူး။------------ဖတ်ရှုခဲ့သော အတွေ့အကြုံရှိသည်မှာ မဟုတ်၊ မမှန်။

အဲဒီရုပ်ရှင် မကြည့်ဘူး။[ ဘူး အသံထွက်]
အဲဒီသီချင်း နားမထောင်ဘူး။[ ဘူး အသံထွက်]
စသည်များအတွက်လည်း အလားတူ ယူဆကြပါကုန်.....။

(ရည်ညွှန်းကိုးကား)
ပညာရေးဝန်ကြီးဌာန-မြန်မာစာအဖွဲ့ ၏ "မြန်မာစာ မြန်မာစကား"

Saturday, December 4, 2010

Coding Standards Part-II

ဆော့ဖ်ဝဲနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာ(Software Documentation) ဟာ ပုံစံနှစ်မျိုးနဲ့ ရှိနိုင်ပါတယ်။

တစ်မျိုးကတော့ Source Code ရဲ့ ပြင်ပမှာ သီးခြားရေးသားပြုစုထားတဲ့ External Documentations တွေဖြစ်ကြတဲ့ Business Requirement Specification, System Requirement Specification, Detailed Design Specification, User Manual Documentation[Help File] စတာတွေဖြစ်ပါတယ်။

နောက်တစ်မျိုးကတော့ ပရိုဂရမ်ရေးသားနေစဉ်ကာလမှာပဲ Source Code ရဲ့ အတွင်းမှာ တပြိုင်တည်းရေးသား သွားတဲ့ Internal Documentation တနည်းပြောရရင်တော့ Comment တွေပဲပေါ့ဗျာ။

ဒီ Comment တွေဟာ Run Time မှာ ဘာမှလုပ်မပေးနိုင်ပေမဲ့၊ Maintenance လုပ်တဲ့အချိန်မှာတော့ သိပ်ကို ကြီးမားထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန်ရှင်းလင်းတဲ့ Comment တွေ ရဖို့ အတွက် အောက်ပါအချက်တွေနဲ့ အညီ ဆောင်ရွက်သင့်ပါတယ်။

Java နဲ့ရေးရင် java doc (java documentation) tool နဲ့ ကိုက်ညီမယ့်ပုံစံ၊ C# နဲ့ရေးရင် XML Documentation Feature နဲ့ ကိုက်ညီမယ့် ပုံစံနဲ့ ရေးပါ။

[ ဒီအကြောင်း အသေးစိပ် သိလိုတယ်ဆိုရင် သက်ဆိုင်ရာ စာအုပ်စာတမ်းများ၊ ကျွမ်းကျင်သူများထံမှာ လေ့လာမေးမြန်းကြပါ။ ဒီနေရာမှာတော့ အချက်အလက်တွေ သိပ်များပြားရှုပ်ထွေးကုန်မှာစိုးတဲ့အတွက် ချန်လှပ်ခဲ့ပါရစေဦး။]

Source Code ကို ပြင်ဆင်တယ်ဆိုရင် သူနဲ့သက်ဆိုင်တဲ့ comment တွေကိုပါ လိုအပ်ရင် တခါတည်းပြင်ပါ။

Method, Function တိုင်းရဲ့အစမှာ၊ ဒီ Method ရဲ့ ရည်ရွယ်ချက်၊ ယူဆချက်၊ အကန့် အသတ်၊ စတာတွေအပြင် ဒီ Method ဟာ ဘာလုပ်နိုင်တယ်၊ သူ့ ကို ဘာကြောင့်ရေးရတယ်၊ ဘယ် အညွှန်း BRS, SRS ကြောင့် ရေးတယ်၊ ဒီ Method ကို ခေါ်ရင် ဘာ Parameter တွေထည့်ပေးရမယ်၊ သူက ဘာကို Return ပြန်ပေးမယ် ဆိုတာတွေကို ပုံစံတကျ ပြည့်ပြည့်စုံစုံ comment ရေးသားပေးပါ။

Variable ကြေညာပြီး သူ့ ရဲ့ လိုင်းအဆုံးမှာ indent ခြားပြီး ဒီ variable ကို ဘာအတွက်သုံးတာ… ဆိုတဲ့ ခပ်တိုတို comment မျိုးကလွဲပြီး၊ အဲဒီလို ‘လိုင်းအဆုံးတွင်ရေးသောမှတ်ချက်’ (end-line comment) တွေကို တတ်နိုင်သလောက် ရှောင်ကျဉ်ပါ။

Comment နဲ့  coding ကို blank line သို့ မဟုတ် white space နဲ့ ပဲ ခွဲခြားပါ။ Asterisks(*) [ VB မှာတော့ Single quote ပေါ့ဗျာ..] တွေကို လိုင်းတလိုင်းစာသုံးပြီး ပိုင်းခြားတာမျိုး၊ comment တွေကို ပတ်ပတ်လည်ဘောင်ခတ်ထားတဲ့ပုံစံ (typographical frame) မျိုး ရှောင်ကျဉ်ပါ။ ကြည့်ရတာ မိုက် သလိုလိုရှိပေမယ့် ၊ Maintenance လုပ်တဲ့အခါ ၊ တခါတလေ သူ့ အတွက်နဲ့  အလဟဿ အချိန်ကုန်တတ်ပါတယ်။

ပြီးတော့ မိတ်ဆွေရဲ့ Application ကို deploy မလုပ်မီ (Installer မပြုလုပ်မီ) Program တွေအတွင်းမှာ ယာယီသုံးစွဲထားတဲ့ မှတ်ချက်တွေ၊ မလိုအပ်ပဲ ပုံလျှံနေတဲ့ comment ပိတ်ထားတဲ့ လိုင်းတွေ၊ to do list စတာတွေ အားလုံးကို ရှင်းလင်းဖယ်ရှား(ဖျက်) ပစ်ပါ။

တကယ်လို့  မိတ်ဆွေဟာ၊ ရှုပ်ထွေးတဲ့ Programing Logic တခုနဲ့  ပတ်သက်ပြီး ရှင်းလင်းပြမယ့် comment မျိုးရေးတော့မယ်ဆိုပါစို့ ။ ဒီလို comment မျိုးရေးမယ့်အစား၊ ရှုပ်ထွေးနေတဲ့ Programming Logic ကိုသာ ပိုမိုရှင်းလင်းသွားအောင် ကြိုးစားပြီး ပြန်ပြင်ရေးကြည့်ပါဦး။ ‘ရှင်းအောင်မလုပ်နိုင်ရင် မိုက်မဲရာကျမှာပေါ့’ ဆိုတဲ့ KISS(Keep It Simple, Stupid!)Principle ကို သတိရပါ။

Comment တွေကို အဓိပ္ပါယ်ပေါ်လွင်အောင် ၀ါကျပြည့်စုံစွာတည်ဆောက်ရေးသားပါ။ ရှင်းပြလိုက်မှ ပိုရှုပ်သွားတာမျိုး၊ အင်္ဂလိပ်တွေနားမလည်တဲ့ အင်္ဂလိပ်စကားမျိုးတော့ မဖြစ်စေနဲ့ ပေါ့ဗျာ။

Loop တွေ (for, foreach, while, do…while) နဲ့  logical branch (if, if else, switch, ternary operator [or] conditional operator ? :) တွေမှာ၊ comment ရေးပါ။

ဒါတွေဟာ Source Code ရဲ့ တကယ့်အရေးပါတဲ့နေရာတွေပေါ့။ မိတ်ဆွေကိုယ်တိုင်တောင် ကိုယ်ရေးထားတဲ့ Application တခုကို နောက် တစ်လ တစ်လခွဲ လောက်ကြာတဲ့အချိန် ပြန်ဖတ်တဲ့အခါ၊ အဲဒီလိုမျိုး comment တွေဟာ အလွန် အကျိုးရှိတာ တွေ့ ရမှာပါ။

ကဲ အခု ကျွန်တော်တို့  source code ရဲ့ ပုံပန်းသဏန် သွင်ပြင်လက္ခဏာ (format)တွေ အကြောင်း ဆက်ပြီးတော့ လေ့လာလိုက်ကြပါဦးစို့ ။

3. Format

C C++, Java, C# စတဲ့ language တွေမှာ မဖြစ်မနေသုံးရတဲ့ တွန့် ကွင်း(curly braces) နဲ့ ပတ်သက်ပြီး အရင်ဆုံးတင်ပြချင်ပါတယ်။ Java မှာတော့ class, interface, method, constructor, block(try-catch, static, if, switch, for, while, do, etc) စတဲ့ declaration တွေပြီးတာနဲ့  ချက်ချင်း space တစ်ခုခြားပြီး တွန့် ကွင်း စ ဖွင့်ရပါမယ်။ ဒါဟာ Java မှာ must be ပါ။ တွန့် ကွင်းပိတ်တဲ့ အခါ အဲဒီ declaration ရဲ့ အစ စာလုံးအောက်တည့်တည့် ဒေါင်လိုက် တတန်းတည်းဖြစ်ရပါမယ်။ ဥပမာ

anyBlock() {

}

C# မှာတော့ .NET IDE က အဖွင့် ကွင်း နဲ့  အပိတ်ကွင်းကို တတန်းတည်း ထားတဲ့ပုံစံကို သုံးပါတယ်။ ဥပမာ

AnyBlcok()

{

}

ဒါကြောင့် ကျွန်တော်တို့  အထက်မှာ ဆွေးနွေးခဲ့သလို တချို့ အရာတွေကတော့ ‘တကျောင်း တဂါထာ’ ဖြစ်တဲ့အတွက်၊ သူ့ ကျောင်းနေရင် သူ့ စာ အံ လိုက်ပေါ့ဗျာ။ သတိထားဖို့ တခုကတော့ IDE တွေ Editor တွေက generate လုပ်ပေးတဲ့ code က format တမျိုး၊ ကိုယ်ကိုတိုင် ရေးတဲ့ ကုဒ် တွေက format တမျိုးတော့ မဖြစ်စေနဲ့ ပေါ့ဗျာ။ Program တစ်လျောက်လုံးမှာ format တမျိုးတည်းကိုပဲ ပုံသေသုံးစွဲ သင့်ပါတယ်။

Indent တွေကို မဖြစ်မနေသုံးစွဲပါ။ Java မှာ one indent level ဟာ 4-spaces ရှိရပါမယ်။ C# အတွက်လည်း အလားတူ ယူဆနိုင်ပါတယ်။

မိတ်ဆွေ source code ရဲ့ လိုင်းတလိုင်းမှာ ပါမယ့် character အရေအတွက်ကို အတိအကျ သတ်မှတ်ထားပါ။ [ဥပမာ 65-characters per line စသည်ဖြင့်ပေါ့။] ဒါမှသာ source code ကို soft copy အနေနဲ့  ဖတ်တဲ့အခါ၊ Horizontal Scrollbar သုံးစရာ မလိုတဲ့အပြင်၊ Hard Copy အဖြစ် ဖတ်ရှုတဲ့အခါမှာလည်း ပုံမပျက် မရှုပ်ထွေးတော့ဘူးပေါ့။

Uninary Operator(++, --, +=, -=, etc..) တွေကလွဲရင် Binary Operator, assignment operator တွေရဲ့ ရှေ့ နဲ့  နောက် မှာ space တခုစီ သုံးပေးပါ။ ဥပမာ

int a=4; bad

int a = 4; good

c=a+b; bad

c = a + b; good

စသည်ဖြင့်ပေါ့ဗျာ။ ဒီလောက်ဆို မိတ်ဆွေတို့  ကောင်းကောင်းသိပါတယ်။ concatenation operator ( + ) ကို သုံးစွဲရင် ပထမလိုင်းရဲ့ နောက်ဆုံးမှာပဲထားပါ။ ဒုတိယ လိုင်းရဲ့ ရှေ့ ဆုံးမှာ မထားပါနဲ့ ။ ဥပမာ

String longDesc = “This is a very long description, …..to be continue” +

“this is the continuation of the previous line”;

For loop ကလွဲလို့  လိုင်းတလိုင်းမှာ statement တခုထက် ပိုမရေးသင့်ပါဘူး။

Html ရေးတဲ့အခါ tags တွေအားလုံးကို အကြီး(upper case)၊ attributes တွေကို အသေး(lower case)၊ attribute ရဲ့ value တွေကို သင့်လျော်ရာ single quote သို့ မဟုတ် double quote တွေ သုံးပြီးရေးသားပါ။ XML ရေးရာမှာလည်း opening tag တိုင်းအတွက် သက်ဆိုင်ရာ closing tag တွေကို သုံးစွဲပါ။

SQL statement တွေအတွက် keyword အားလုံး အကြီး၊ database element/object (table, column, view) တွေအတွက် အကြီးအသေးရော(mixed case) ပုံစံနဲ့ ရေးပါ။ ဒါ့အပြင် major clause တိုင်းကို တစ်လိုင်းစီ ရေးပါ။ ဥပမာ

SELECT FieldOne, FieldTwo, …..

FROM TableOne, TableTwo

WHERE (bla bla relationship of two tables)

AND FieldSomething LIKE ‘ something’

OR FieldNo = 999;

ကျွန်တော်တို့  အခုဆွေးနွေးခဲ့တာတွေက ပြည့်စုံမှုမရှိသေးပေမယ့်လည်း ယေဘုယျ အခြေခံအချက်အလက် တွေကိုတော့ သိခဲ့ရပြီပေါ့ဗျာ။ ဒီအချက်အလက်တွေအတိုင်း လိုက်နာဆောင်ရွက်နိုင်မယ် ဆိုရင်တောင် မိတ် ဆွေရဲ့ source code တွေဟာ ရှင်းလင်းသပ်ရပ်မှု (Simplicity and Clearity) ရှိလာမယ်။ ဒီရဲ့ အကျိုးဆက် အဖြစ် ဖတ်ရှုနားလည်နိုင်စွမ်း (Readability and Understandability) တက်လာမယ်။ ဒါကြောင့် ပြင်ဆင်နိုင်စွမ်း (Maintainability) မြင့်မားလာပြီး ပြင်ဆင်ထိန်းသိမ်းမှု ကုန်ကျစရိတ် (Maintenance Cost) လျော့ကျလာနိုင်ပါတယ်။ ဒီအချက်အလက်တွေဟာ C, C++ , Java ပရိုဂရမ်မာတွေ ၊ အဲဒီ language တွေ ကျောထောက်နောက်ခံရှိတဲ့ C# ပရိုဂရမ်မာတွေ အတွက် အနည်းနဲ့ အများ ရင်းနှီးပြီးသားဖြစ်မှာပါ။ အရေးအကြီးဆုံးအချက်ကတော့ ပရိုဂရမ် စရေးရေးခြင်း

    “Start ကို နှိပ်ပါ။ ဘာကိုဖွင့်ပါ။ File menu ထဲက New Project ကိုရွေးပါ။ ဘာလုပ်ပါ။ ညာလုပ်ပါ။ F5 ကိုနှိပ်၍ Run ပါ”

ဆိုတဲ့ သင်ကြားချက်မျိုး လုပ်ဆောင်ချက်မျိုး က ရလာတဲ့ ပရိုဂရမ်တွေ အပေါ်မှာ သောင်တင်ယစ်မူး နေတဲ့ အဖြစ်မျိုး မရောက်အောင် ပရိုဂရမ်ကို စတင်လေ့လာသင်ယူနေတဲ့ မိတ်ဆွေတို့  အထူးသတိထား သင့်တယ်ဆိုတာပါပဲ။ ဒီလိုပြောတာဟာ IDE(Integrated Development Environment) ကို ပစ်ပယ်တာမဟုတ်ပါဘူး။ တကယ်တော့ IDE ဟာ ၀ါရင့် သမ္ဘာရင့် ပရိုဂရမ်မာတွေအတွက်တောင် မရှိမဖြစ် နီးနီး သိပ်ကို အရေးကြီးတဲ့ ၊ ဆောဖ့်ဝဲရေးသားထုတ်လုပ်နိုင်စွမ်း (Software Productivity) ကို အများကြီး မြှင့်တင်ပေးနိုင်တဲ့ tool တစ်ခုပါ။

ဒါပေမယ့် လူသစ်တန်း ပရိုဂရမ်စတင်လေ့လာသူတွေဟာ (ဖြစ်နိုင်သလောက်) ရိုးရိုး text editor နဲ့  command line tools တွေကိုပဲ သုံးစွဲပြီး၊ ကိုယ်ရေးတဲ့ပရိုဂရမ်ကို ‘အပ် ကျတာကအစ သိနေအောင်’ အရင်ဆုံး အားထုတ်သင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ဒါဟာ “ပန်းတိမ် မတတ်ခင် ရွှေ ခိုးသင်” ဆိုတာထက်ကို ဆိုးဝါးတဲ့ ၊ “ပန်းတိမ် မသင် ခင် ၊ ရွှေ ခိုးသင်” သလို ဖြစ်နေနိုင်ပါကြောင်း…။

Friday, December 3, 2010

သင်္ချာတပုဒ် ချည်းကပ်ပုံအထွေထွေ

(တစ် မကြိုက်၍ တ သုံးခြင်းဖြစ်သည်)
မင်္ဂလာပါခင်ဗျာ…

ဘောပွဲတပွဲမှာ ဂိုးသမားက ဘောလုံးကို မြေမှာ တည်ပြီးကန်လိုက်တယ်။ အဲဒီလိုကန်လိုက်တဲ့အခါ၊ အဲဒီ ဘောလုံးရဲ့ စက္ကန့် နဲ့ အမျှပြောင်းလဲသွားတဲ့ အမြင့်ပေတန်ဘိုး ကို ပြတဲ့ function အဖြစ် ညီမျှခြင်း h = 100t – 25t2 ကို ပေးထားတယ် ဆိုပါစို့။ t က စက္ကန့် h က အမြင့်ပေ ပေါ့ဗျာ။ ကျွန်တော်တို့ သိချင်တာက

၁။ စ ကန်လိုက်တဲ့ အချိန်ကနေ ဘယ်အချိန်မှာ ဘောလုံးဟာ အမြင့်ဆုံးကို ရောက်မလဲ

၂။ ဘောလုံးဟာ အမြင့်ဆုံးကို ရောက်နေတဲ့အချိန်မှာ မြေပြင်ကနေ အမြင့်ပေ ဘယ်လောက် မှာ ရှိနေလဲ

၃။ ဘယ်အချိန်မှာ ဘောလုံးဟာ မြေပေါ်ကို ပြန်ကျမလဲ

ဆိုတာတွေပဲ။

ဒါတွေကိုရှာတဲ့အခါ ကျွန်တော်တို့ဟာ

1. Algebraic Method

2. Deductive Method

3. Graphic Method

4. Trial-and-Error Method နဲ့

5. Calculus Method ဆိုပြီး နည်းလမ်း ၅-မိုျးနဲ့ ချဉ်းကပ် စဉ်းစားအဖြေရှာ ကြည့်ကြမှာဖြစ်ပါတယ်။

ကျွန်တော့အနေနဲ့ ဒီဆောင်းပါးမှာ တကယ်တန်းဆွေးနွေးချင်တာက Calculus မှာ ရှိတဲ့ Maximum နဲ့ Minimum အကြောင်းဗျ။

    “အော်… ဒါဆိုရင်လည်းဗျာ.. ဘာလို့ ပေရှည်ပြီး ‘မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်’ နေတာတုန်း။ လိုရင်း တိုရှင်း Short to the point ၊ သွားမယ့်နေရာ တိုက်ရိုက်သွားလိုက်ပါတော့လား…”

လို့ အပြစ်တင်ရင်လည်း ခံရမှာပါပဲ။ ကျွန်တော့ရဲ့ ရည်ရွယ်ချက်က ပြဿနာတရပ်ကို ချဉ်းကပ်တဲ့အခါ ကိုယ်နဲ့ ရင်းနှီးပြီးသား ပြဿနာဖြေရှင်းပုံနည်းလမ်းကိုသာ စ စဉ်းစားပြီး၊ ပြီးမှ ကိုယ်သိပ်မရင်းနှီးသေးတဲ့ နည်းလမ်းကို တဖြည်းဖြည်း ကူးပြောင်းကြံဆ တဲ့နည်းနဲ့ သင်္ချာပညာရဲ့ အကိုင်းအခက်တွေဟာ တခု နဲ့တခု ဘယ်လို အပြန်အလှန် ဖြာယှက်နေ သလဲဆိုတာကို တတ်နိုင်သလောက် ကြိုးစားပြီး တင်ပြချင်လို့ ဖြစ်ပါတယ်။ ရည်ရွယ်ချက် အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကတော့ မိတ်ဆွေတို့ပဲ ဆုံးဖြတ်ရမှာပေါ့။

1. Algebraic Method( အက္ခရာသင်္ချာနည်း)

ဒီပြဿနာကို အက္ခရာသင်္ချာနည်း နဲ့ဖြေရှင်းဖို့ စ စဉ်းစားတဲ့အခါ ပေးထားတဲ့ Equation ကို ကြည့်လိုက်ဗျာ။ ပုံဟာ downward-facing parabola ဖြစ်ရမှာ မဟုတ်ဘူးလား။

    “ဘာ…ဘာ..ဘာ…ဘာတွေလာပြောနေတာလဲ….။ ခင်များဗျာ….ဘာမှတောင် ရှင်းမပြသေးပဲနဲ့။ ကုျပ်တို့ က Equation ကို ကြည့်ပြီး ဘာပုံဆိုတာ ပြောနိုင်တဲ့ လူမိုျးမဟုတ်ဘူးဗျ။ အဲဒီလောက် သိနေရင် ဒီလို စာမိုျးတောင် အချိန်ကုန်ခံ ပြီး ဖတ်မနေဘူး”

….ဆိုပြီးများ အပြောခံရမလားတော့မသိပါဘူးဗျာ။ မိတ်ဆွေတို့ ကျွန်တော်တို့ ၉-တန်း ၁၀-တန်း လောက်မှာလား၊ အဆင့်မြင့်ပညာ (တက္ကသိုလ် ကောလိပ် GTI ) ပထမနှစ် လောက်မှာလား ကျွန်တော်လည်းသေချာတော့မမှတ်မိဘူး။ အဲဒီတုန်းက သင်ခဲ့ရတဲ့ သင်္ချာ ဗျာ။ Coordinate Geometry တို့ Calculus တို့ဘာတို့။ အဲ Calculus ကတော့ ပထမနှစ် မှာ စသင်ရပြီ ဗျ ကျွန်တော် ကောင်းကောင်း မှတ်မိတယ်။ ဘာလို့မှတ်မိတာတုန်းဆိုတော့ သင်္ချာကို စိတ်ဝင်စားလှတဲ့ ကျွန်တော် ဟာ GTI ပထမနှစ်မှာသင်ခဲ့ရတဲ့ အဲဒီ Calculus ကို ဘယ်လိုမှ ကိုျးကြောင်းဆင်ခြင်ဉာဏ်နဲ့ ဆက်စပ်ပြီး ချေချေမြစ်မြစ် ဂဃနဏ နားမလည်နိုင်ပဲ အများနည်းတူ “လှေနံ ဒါးထစ်၊ စလေငခွေး၊ အမေမှာတဲ့ ဆန်တခွဲ သုံးစိတ်နဲ့မလဲ၊ အသေမှတ်၊ အလွတ်ကျက်” ဘဝမိုျးနဲ့ ကြုံခဲ့ရတာကြောင့် သင်္ချာကို လှည့်မကြည့်ချင်တော့လောက်အောင် ဖြစ်သွားပြီး၊ ပညာလိုလားတဲ့ စိတ်နှလုံး လဲ ဂုျန်းဂုျန်းကျ ကိုယ့်ကိုကိုယ်ယုံကြည်တဲ့ စိတ်ဓါတ်တွေလည်း အကြီးအကျယ် ပြိုလဲပျက်စီးပြီး အဲဒီအချိန်ကတည်းကစလို့ သင်္ချာနဲ့ ဝေးခဲ့တာကိုး။ ထားပါဗျာ…ဒီအကြောင်းတွေ နောက်ကြုံတော့ ပြောပြပါဦးမယ်။

+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=

ကဲ အခုတော့ Coordinate Geometry တို့ Calculus တို့ စသင်ကာစကအကြောင်းပြန်ဆက်ရရင် အဲဒီတုန်းက ကျွန်တော်တို့ဟာ ပေးထားတဲ့ Equation ကိုသုံး၊ x-တန်ဘိုး တခုသတ်မှတ်၊ အဲဒီ x-တန်ဘိုး ကို ပုံသေနည်းထဲထည့်၊ y-တန်ဘိုးရှာ၊ အဲဒီအတိုင်း ထပ်ကာထပ်ကာလုပ်ပြီး ရလာတဲ့ x y တန်ဘိုးတွေကို သုံးပြီး Graph ပုံတွေ တော်တော်များများ ဆွဲခဲ့ ကြဘူးတယ်လေ။ အဲဒီတုန်းက အတွေ့အကြုံတွေနဲ့ကို ကိုယ်တိုင်လက်တွေ့သတိထားမိခဲ့ ကြတယ်မဟုတ်လားဗျ။

နဲနဲပါးပါး ပြန်အစဖော်ပေးရင် “အက္ခရာ လက္ခဏာ ကိန်းသေ ကွင်းနှစ်ထပ်” ဆိုတဲ့ Square Form [y = (x - h)2 + k] မှာဗျာ လက်သည်းကွင်းရှေ့မှာ အပေါင်း လက္ခဏာ ဆိုရင် upward parabola ၊ အနှုတ်ဆိုရင် downward parabola ဆိုတာလေ။

(အင်း ကျွန်တော် လူပြိန်းမှတ် မှတ်ခဲ့တဲ့ အတိုင်းဆိုရင်တော့ နှစ်ထပ် တထပ် ကိန်းသေ ပုံစံမှာ အက္ခရာနှစ်ထပ်ကိန်း ရှေ့မှာ အနှုတ်လက္ခဏာဆိုရင် ဂငယ်-ပါရာဘိုလာ၊ အက္ခရာနှစ်ထပ်ကိန်း ရှေ့မှာ အပေါင်းလက္ခဏာဆိုရင် ပစောက်-ပါရာဘိုလာ..ပေါ့ဗျာ။)

+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=

[“အက္ခရာ လက္ခဏာ ကိန်းသေ ကွင်းနှစ်ထပ်”

Square Form [y = (x - h)2 + k] ရှင်းလင်းချက်အကျဉ်း]

ဥပမာ

y = 3x2 + 12x + 1

ဆိုတဲ့ Equation ကို Square Form ဖြစ်တဲ့ (x - h)2 ပုံစံ ပြောင်းကြည့်မယ်ဗျာ။

y = 3x2 + 12x + 1

y = 3(x2 + 4x) + 1

y = 3(x2 + 4x + 4) + 1

y = 3(x2 + 4x + 4) + 1 – 12

y = 3(x + 2)2 - 11

တတိယအကြောင်းက Equation နဲ့ စတုတ္ထအကြောင်းက Equation ကို တော့ သေချာလေးကြည့်ပေါ့ဗျာ။ အဲဒီမှာ အလယ်က 4x ရအောင်လို့ 2 * 2 = 4 ကို (နှစ်ထပ်ကိန်း ခွဲလို့ရအောင်) ထည့်ထားတာ။ ကွင်းနှစ်ထပ်ပုံစံ ရအောင် တမင်ဖန်တီးရတာပေါ့ဗျာ။ အဲဒီတော့ ပိုလာတဲ့ +12 ကို ကြေသွားအောင် နောက်ဆုံးမှာ -12 ထပ်ထည့်တယ်။ သူတို့နှစ်ခုပေါင်း zero ဆိုတော့ မူလ Equation ရဲ့တန်ဘိုး မပြောင်းဘူးပေါ့။ ဒါဟာ အခြေခံ အက္ခရာသင်္ချာ မှာ ရှိတဲ့ (a + b)2 တို့ (a - b) 2 ဆိုတာလေးတွေကို ပြန်သတိရရင် ရှင်းသွားမှာပါ။ ကဲ.. အဲဒါကို သဘောပေါက်သွားရင် နောက်ဆုံးအကြောင်းက Equation ရဲ့ လက်သည်းကွင်းလေးကိုပဲ ကြည့်ဗျာ…

အဲဒီမှာ

“x” က အက္ခရာ ( x )

“+” က လက္ခဏာ

“2” က ကိန်းသေ( h )

သူတို့ကို Square လုပ်ထားတော့ ကွင်းနှစ်ထပ်ပေါ့ဗျာ။ အဲဒီမှာ လက်သည်းကွင်းရှေ့မှာ ရှိတာက “3”, သူ က အပေါင်းကိန်းဆိုတော့ ပေးထားတဲ့ Equation ကို သုံးပြီး ဂရပ်ဆွဲရင် ပစောက်ပုံ ပါရာဗိုလာပုံရမှာပေါ့။

+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=

ကျွန်တော်တို့အခုဖြေရှင်းမယ့် Equation က h = 100t – 25t2 ။ t square ရဲ့ရှေ့မှာက အနှုတ်၊ ဒါကြောင့် ဒီ Equation ကို ဂရပ်ဆွဲရင် ဂငယ်ပုံ ပါရာဗိုလာပုံရမှာပေါ့။ တကယ်တော့လည်းဗျာ ဘောလုံးတစ်လုံးကို မြေမှာ တည်ပြီး ဘယ်လိုပဲကန်ကန် ဂငယ်ပုံမျဉ်းကွေး အတိုင်းပဲသွားမယ်ဆိုတာ ကလေးကအစသိပါတယ်။ ဒါပေမယ့် ကြုံတုန်းလေး ဆက်စပ်နေတဲ့ သင်္ချာ Information လေးတွေ ပြန်နွှေးပေးတာပါ။

+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=

ကဲကဲ အစကိုပြန်ကောက်ကြဦးစို့ဗျာ။ ဒီပုဒ်စာကို အက္ခရာသင်္ချာနည်း နဲ့ဖြေရှင်းဖို့ စ စဉ်းစားတဲ့အခါ ပေးထားတဲ့ Equation ကို ကြည့်လိုက်တော့ ပုံဟာ downward-facing parabola ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ဟာ ဘာကို အတတ်ပြောနိုင်လဲဆိုတော့ “အမြင့်ဆုံး အမှတ် ဟာ ဒီဂရပ်ရဲ့ ခေါက်ခိုျးညီ ဝင်ရိုးမှာ ရှိတယ်” ဆိုတဲ့ အချက်ပဲ။

ဒါကြောင့် အက္ခရာ သင်္ချာမှာ ရှိတဲ့ ပုံသေနည်း (The axis of symmetry is the line: x = -b/2a )ကို သုံးမယ်ဗျာ။ အဲဒီပုံသေနည်း ဘယ်လို ရလာတယ်ဆိုတာကိုလည်း နောက်ပိုင်း Calculus နဲ့ရှင်းတဲ့အခါ ဆက်စပ်တင်ပြပါဦးမယ်။

    “ဟိုး..ဟိုး..ဟိုး …. နေပါဦး…။ “x” ကတော့ ထားပါတော့ “x” ပေါ့။ အချိန် t ကို ကိုယ်စားပြုတဲ့ x-ဝင်ရိုးမှာ ခေါက်ခိုျးညီမှတ် ရှိနေတဲ့ နေရာ။ ဂရပ်ရဲ့ အမြင့်ဆုံး အမှတ် Point ကို ပြတဲ့ (x, y) အတွဲက “x” ရဲ့တန်ဘိုး။ ဒါနဲ့ ပုံသေနည်း ထဲမှာ ပါတဲ့ b တွေ a တွေက ဘာတွေတုန်းဗျ..”

အိုကေ…ဒါဆိုရင် ကျွန်တော် အထက်မှာ တင်ပြခဲ့တဲ့ “နှစ်ထပ် တထပ် ကိန်းသေ” ပုံစံ Parabola Equation တွေရဲ့ ယေဘုယျပုံစံ ကို ပြန်ကောက်ကြပါစို့။




The standard form of a parabola's equation is generally expressed as

y = ax2+ bx + c




The role of 'a'

If a> 0, the parabola opens upwards. (အပေါင်း-ပစောက်)

if a< 0, it opens downwards. (အနှုတ်-ဂငယ်)

ဒါကြောင့် နှစ်ထပ်ဖြစ်နေတဲ့ အက္ခရာ ရဲ့ မြှောက်ဖော်ကိန်းက “a”

တထပ် အက္ခရာ ရဲ့ မြှောက်ဖော်ကိန်းက “b”

နောက်ဆုံးက ကိန်းသေ(constant) ကတော့ “c” ပေါ့ဗျာ။

ဒါဆိုရင် ကျွန်တော်တို့ရဲ့ function (တနည်း) Equation က h = 100t – 25t2 ဖြစ်တဲ့အတွက်

a = 25;

b = 100;

c = 0; (မရှိတော့ သုည) ….ဒါကြောင့်

The axis of symmetry is the line: x = -b/2a ထဲမှာသက်ဆိုင်ရာတန်ဘိုးတွေ အစားသွင်းလိုက်တော့... x = 2; ရတယ်။ အဲဒီ x က အချိန် t ရဲ့တန်ဘိုးပေါ့။ ဘာအချိန်လည်း…..။ ဘောလုံးကို စ ကန်လိုက်တဲ့ အချိန်ကနေ၊ ဘောလုံးဟာ အမြင့်ဆုံးကိုရောက်ဖို့ရောက်ဖို့ကြာတဲ့အချိန်။ နံပါတ် ၁-ရဲ့ အဖြေပေါ့။

+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=

ကဲ ၂-ကို ဆက်ကြစို့။ ဘောလုံးဟာ အချိန် 2-Seconds မှာ အမြင့်ဆုံးကို ရောက်တာဆိုတော့ ပေးထားတဲ့ Equation ထဲမှာ t တန်ဘိုး 2 ကို အစားသွင်းလိုက်ရင်…

h = 100t – 25t2

= 100(2) – 25(2)2

= 200 - 100

= 100

အချိန် 2-sec မှာ ဘောလုံးအမြင့်ဆုံးကို ရောက်ခဲ့တဲ့ အမြင့်ဟာ ပေ ၁၀၀။ နံပါတ် ၂-ရဲ့ အဖြေပေါ့။

+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=+-*/=

ကဲ နံပါတ် ၃-ကို ဆက်ကြဦးစို့ ရဲ့။ ဘောလုံးက မြေကြီးကို ပြန်ထိတဲ့ အချိန်ဆိုတော့ အမြင့် h ရဲ့တန်ဘိုး သုည ဖြစ်တဲ့အချိန်ပေါ့။ မဟုတ်ဘူးလားဗျာ။ ဒါဆိုရင်

h = 100t – 25t2

0 = 100t – 25t2

0 = 25t (4 – t)

25t = 0 နဲ့ 4 – t = 0

ဒါကြောင့်…ဘောလုံးကို စ’ မကန်ခင် မြေကြီးပေါ် တည်ထားတဲ့ အချိန် ( t = 0) နဲ့

ဘောလုံးကိုကန်လိုက်ပြီး ( t = 4) စက္ကန့် ကြာတဲ့အချိန်တွေမှာ ဘောလုံးဟာ မြေကြီး နဲ့ ထိတယ် ပေါ့ဗျာ။ ဒါက Algebraic Method..။ ကဲနောက်တဆင့် Deductive Method နဲ့ ချဉ်းကပ်ကြည့်ကြဦးစို့။

(ခြိမ့်ထက်)

[ဆက်လက်တင်ပြပါမည်.......]

ဝန်ခံချက်။ ဤဆောင်းပါးပါအချက်အလက်များမှာ ကျွန်တော်၏ ကိုယ်ပိုင်တွေးခေါ်ကြံဆချက်များမဟုတ်ပါ။

AMSCO School Publications မှ ၂၀၀၈ ခုနှစ်တွင် ထုတ်ဝေသော Fundamentals of Calculus , Chapter 5, Maximum and Minimum Values of a Function နှင့်

http://jwilson.coe.uga.edu/emt725/class/sarfaty/emt669/instructionalunit/parabolas/parabolas.html တို့ကို ကိုးကား၍ တင်ပြခြင်းသာဖြစ်ပါသည်။