Saturday, May 6, 2017

Artificial Intelligence: A Modern Approach - Lesson I

Chapter I Artificial Intelligence

Why AI

“Just as the Industrial Revolution freed up a lot of humanity from physical drudgery, I think AI has the potential to free up humanity from a lot of the mental drudgery.” (Andrew Ng)
လူတွေအတွက် ပင်ပန်းခက်ခဲပြီး ငြီးငွေ့စရာကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာအလုပ်တွေကို စက်မှုတော်လှန်ရေးက  ရှင်းလင်းဖယ်ရှားပေးခဲ့သလိုပါပဲ။ AI ဟာ လူသားတွေအတွက် စိတ်ပိုင်းဆိုင်ရာအရ ပင်ပန်းခက်ခဲပြီး ငြီးငွေ့ စရာကောင်းတဲ့ အလုပ်တွေကို ဖယ်ရှားပေးနိုင်လောက်တဲ့ ပညာရပ် နယ်ပယ်တစ်ခုဖြစ်ပါတယ်။ (Andrew Ng, Professor, Stanford University)

အဓိပ္ပါယ်သတ်မှတ်ချက်များ

AI
“Intelligence: The ability to learn and solve problems” (Webster’s Dictionary) အသိညာဏ်ဆိုတာ သင်ယူနိုင်စွမ်းနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းဖြစ်တယ်။

“Artificial intelligence (AI) is the intelligence exhibited by machines or software’ (Wikipedia)
စက်ပစ္စည်းကရိယာတွေ ဒါမှမဟုတ် ဆော့ဖ်ဝဲတွေက ဖေါ်ထုတ်ပြသတဲ့  အသိညာဏ်မျိုးဟာ 'တုပအသိညာဏ်' (အသိညာဏ်တု) ဖြစ်တယ်။

“The science and engineering of making intelligent machines” (McCarthy)
AI ပညာရပ်ဆိုတာ အသိညာဏ်ရှိတဲ့ (အသိညာဏ်ရှိတယ်လို့ပြောလို့ရတဲ့) စက်ပစ္စည်းကရိယာတွေကို ပြုလုပ်ဖန်တီးတဲ့ သိပ္ပံနဲ့အင်ဂျင်နီယာပညာရပ်ဖြစ်တယ်။

“The study and design of intelligent agents, where an intelligent agent is a system that perceives its environment and takes actions that maximize its chances of success.” (Russel and Norvig)
AI ပညာရပ်ဟာ အသိညာဏ်ရှိတဲ့အရာ(intelligent agent) တွေကို လေ့လာတာ ဒီဇိုင်းပြုတည်ဆောက်တာဖြစ်တယ်။ အသိညာဏ်ရှိတဲ့အရာဆိုတာ ပတ်၀န်းကျင်က အခြေအနေ အချက်အလက်တွေကို လေ့လာခံယူပြီး၊ အောင်မြင်မှုအခွင့်အလမ်းကို အမြင့်မားဆုံးဖြစ်အောင် တုန့်ပြန်ဆောင်ရွက်လုပ်ကိုင်တဲ့ စနစ် (system) တစ်ခုဖြစ်တယ်။

What is AI
AI ဘာလဲဆိုတာနဲ့ပတ်သက်ပြီး ကျောင်းတော်ကြီးလေးကျောင်း ပညာရှင်အုပ်စုလေးစုဟာ ရှုထောင့်လေးမျိုး ချဉ်းကပ်ပုံလေးခုနဲ့တင်ပြကြပါတယ်။ အဲဒါတွေကတော့ AI ဆိုတာ
၁။ လူ လုပ်သလို လုပ်တာ (Acting Humanly)
၂။ လူ တွေးသလို တွေးတာ (Thinking Humanly)
၃။ ကြောင်းကျိုးနဲ့အညီ မှန်မှန်ကန်ကန် တွေးတာ (Thinking Rationally) နဲ့
၄။ ကြောင်းကျိုးနဲ့အညီ မှန်မှန်ကန်ကန် လုပ်တာ (Acting Rationally) ဆိုပြီးဖြစ်ပါတယ်။

မှတ်ချက်။ လူတွေဟာ တစ်ခါတစ်ရံမှာ ကြောင်းကျိုးနဲ့အညီ တွေးခေါ်လုပ်ကိုင်လေ့မရှိဘူး။

Thinking Humanly

“The exciting new effort to make computers
think . . . machines with minds, in the
full and literal sense.” (Haugeland, 1985)
စိတ်ရှိတဲ့စက်တွေ၊ တနည်းပြောရရင် ကွန်ပြူတာတွေကို စဉ်းစားနိုင်စွမ်းရှိအောင်လုပ်တာ။
**********************
“[The automation of] activities that we
associate with human thinking, activities
such as decision-making, problem solving,
learning . . .” (Bellman, 1978)
လူတွေရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့လုပ်ကိုင်ဆောင်ရွက်ပုံတွေဖြစ်တဲ့ ဆုံးဖြတ်ချက်ချပုံ၊ ပြဿနာဖြေရှင်းပုံ၊ သင်ယူလေ့လာပုံ... တွေနဲ့စပ်ဆိုင်တဲ့ အလုပ်တွေကို အလိုအလျောက်လုပ်စေတာ။        


Acting Humanly

“The art of creating machines that perform
functions that require intelligence
when performed by people.” (Kurzweil,
1990)
အသိညာဏ်လိုအပ်တဲ့ အလုပ်မျိုးတွေကို လူတွေလုပ်သလိုမျိုး လုပ်နိုင်တဲ့ စက်တွေကို တည်ထွင်ဖန်တီးတဲ့ အနုသုခုမအတတ်ပညာ။
******************
 “The study of how to make computers do
things at which, at the moment, people are
better.” (Rich and Knight, 1991)
အခုလက်ရှိမှာ လူတွေက (ကွန်ပြူတာတွေထက်) ပိုကောင်းအောင် လုပ်နိုင်တဲ့အရာတွေကို၊ ကွန်ပြူတာတွေလုပ်နိုင်ဖို ့ (အဲဒီကွန်ပြူတာတွေကို) ဘယ်လို တည်ဆောက်ရမလဲဆိုတာ လေ့လာတဲ့ပညာရပ်။ 


Thinking Rationally

“The study of mental faculties through the
use of computational models.” (Charniak and McDermott, 1985)
တွက်ချက်မှုပုံစံ(computational model) တွေကို အသုံးပြုပြီး (လူတွေရဲ့) စိတ်ပိုင်းဆိုင်ရာစွမ်းရည်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို လေ့လာတာ။
*******************
 “The study of the computations that make
it possible to perceive, reason, and act.”
(Winston, 1992)
သင်ယူလေ့လာပြီး ကြောင်းကျိုးနဲ အညီ ပြုမူဆောင်ရွက်နိုင်တဲ့ တွက်ချက်မူပညာရပ် (computation, NOT calculation!) တွေကို လေ့လာတာ။

Acting Rationally

“Computational Intelligence is the study
of the design of intelligent agents.” (Poole
et al., 1998)
တွက်ချက်မှုဆိုင်ရာ အသိညာဏ်ဆိုတာ အသိညာဏ်ရှိတဲ့အရာတွေရဲ့ ဒီဇိုင်းပြုတည်ဆောက်ပုံကို လေ့လာတဲ့ပညာရပ်။
******************
“AI . . . is concerned with intelligent behavior
in artifacts.” (Nilsson, 1998)
AI ဆိုတာ အသုံးအဆောင် ပစ္စည်းကရိယာတွေရဲ့၊ အသိညာဏ်ရှိတဲ့ ပြုမူ လုပ်ကိုင် ဆောင်ရွက် ပုံတွေအကြောင်းကို အဓိကထား လေ့လာတဲ့ပညာရပ်။

Figure 1.1 Some definitions of artificial intelligence, organized into four categories.
REF: Stuart Russell and Peter Norvig, Artificial Intelligence: A Modern Approach 3rd Edition (2010), Ch-1, P-2

သမိုင်းကြောင်းအရတော့ အဲဒီ လေးမျိုးလုံးကို မတူညီတဲ့ပညာရှင်တွေက မတူညီတဲ့ နည်းစနစ်တွေကိုအသုံးပြုပြီး ချဉ်းကပ်ခဲ့ကြတယ်။ လူသားဗဟိုပြု (human-centered) ချဉ်းကပ်ပုံ (AI ဆိုတာ လူ တွေးသလိုတွေးတာနဲ့လူ လုပ်သလိုလုပ်တာ ဆိုတဲ့ အုပ်စု) ဟာ လက်တွေ့သိပ္ပံရဲ့အစိပ်အပိုင်းတစ်ရပ်ဖြစ်တယ်။ အဲဒီမှာ လူသားရဲ့ ပြုမူလုပ်ဆောင်ပုံတွေနဲ့ပတ်သက်တဲ့ လက်တွေ့လေ့လာတွေ့ရှိချက်တွေနဲ့အယူအဆသဘောတရားတွေပါ၀င်တယ်။

ကြောင်းကျိုး လုပ်ရပ် မှန်ကန်မှုကို အဓိကထားတဲ့ ချဉ်းကပ်ပုံ (rationalist approach, Thinking Rationally & Action Rationally) မှာတော့၊ သင်္ချာနဲ့အင်ဂျင်နီယာပညာရပ်တွေ ပေါင်းစပ်ပါ၀င်နေတယ်။ AI နဲ့ပတ်သက်တဲ့ မတူညီတဲ့ အုပ်စုတွေအမျိုးမျိုးက တစ်ဖွဲ့ကိုတစ်ဖွဲ့ ဝေဖန်တိုက်ခိုက်ကြရင်းနဲ့ပဲ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်း အပြန်အလှန် ကူညီပြီး တိုးတက်စေခဲ့ကြတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.