အခွင့်ရပြီမို့
ခွန်းဆက်ပါစို့ ညီနောင်တို့
ဦးညွတ်နှုတ်ဆက် ထွက်ခွာဖို့။
ယူသမျှပြန်ပေး
ပိုင်သမျှ စွန့်လွှတ်ခဲ့ပြီ
အကြင်နာ စကားတခွန်းသာ
နောက်ဆုံး ပေးစွန့်ပါ မိတ်ဆွေတို့။
သက်တမ်းရှည်ကြာနေလာတဲ့ မိတ်ဆွေတွေပါ
ကိုယ်ကတော့ …ပေးနိုင်တာထက် ပိုရခဲ့တာ။
ဒီ…နေ့ဟာ ထင်ရှားလာခဲ့ပြီဆိုတော့
အမှောင်ထေါင့်က မီးအိမ်ငယ်က
ငြိမ်းခဲ့ပါပေါ့။
ဆင့်ခေါ်ချက်ရောက်ပြီဆိုမှတော့လည်း
ခရီးရှည်ထွက်ဖို့အဆင်သင့်
ဖြစ်ရတော့ပေမပေါ့။
(ခြိမ့်ထက်)
မှတ်ချက်။
ရာဘင်ဒြာနသ်တဂိုး ၏ Farewell ကို ပြန်ဆိုပါသည်။
REF:
Farewell
I have got my leave. Bid me farewell, my brothers!
I bow to you all and take my departure.
Here I give back the keys of my door
---and I give up all claims to my house.
I only ask for last kind words from you.
We were neighbors for long,
but I received more than I could give.
Now the day has dawned
and the lamp that lit my dark corner is out.
A summons has come and I am ready for my journey.
(Rabindranath Tagore)