Nottebohm Case (1955 ICJ) (Liechtenstein v Guatemala)
သင်္ချာ၊ ကွန်ပျူတာသိပ္ပံ နှင့် ဥပဒေ ပညာရပ်ဆိုင်ရာ သုတ ရသ ဆောင်းပါးများ
Friday, December 25, 2020
Nottebohm Case (1955 ICJ)
Monday, December 21, 2020
SS Lotus (France v Turkey) (1927)
Lotus Case
၁၉၂၆ ဩဂုတ်လ ၂ ရက် ည မှာ၊ ပထမတန်း သင်္ဘောအရာရှိ ပြင်သစ်နိုင်ငံသား "မွန်ဆီယာ ဒီမွန်းစ်" (Monsieur Demons) ဦးဆောင်တဲ့ ပြင်သစ် စာပို့သင်္ဘော "SS Lotus" နဲ့၊ တူရကီနိုင်ငံသား သင်္ဘော Captain "ဟာဆန်ဘေး" (Hassan Bey) ဦးဆောင်တဲ့ တူရကီရေနွေးငွေ့သင်္ဘော Boz-Kourt တို့ဟာ၊ လက်စ်ဘို့စ်ကျွန်း ဆစ်ဂရီအငူ ရဲ့ မြောက်ဖက် ရေမိုင် ၅-မိုင် ၆-မိုင်လောက်အကွာ (five to six nautical miles north of Cape Sigri on Lesbos) ပင်လယ်ပြင်မှာ သင်္ဘောအချင်းချင်း တိုက်မိခဲ့ကြတယ်။ Boz-Kourt သင်္ဘောက နှစ်ပိုင်းပြတ်ပီး နစ်မြုပ်သွားတယ်။ "SS Lotus" က လိုအပ်တဲ့ ကူညီကယ်ဆယ်ရေးတွေလုပ်ပေးတဲ့အတွက် Boz-Kourt သင်္ဘော Captain "Hassan Bey" အပါအဝင် သင်္ဘောသား (၁၀) ဦးကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တူရကီနိုင်ငံသား ကျန်သင်္ဘောသား (၈) ဦးကတော့၊ သင်္ဘောနစ်မြုပ်မှုနဲ့အတူ ပျောက်ဆုံး (သေဆုံး) သွားခဲ့တယ်။
နောက်တနေ့ "ကွန်စတန်တီနိုပယ်" (ယခု "အစ်စ်တန်ဘူလ်" မြို့) ဆိပ်ကမ်းကို SS Lotus ဆိုက်ရောက်တဲ့အချိန်မှာ ဒေသအာဏာပိုင်တွေက ဒီးမွန်စ် ရော ဘေး ကိုပါ စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီး နှစ်ဦးလုံးကို ဩဂုတ် ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်။ ကွန်စတန်တီနိုပယ်မှာရှိတဲ့ ပြင်သစ်သံရုံးက အပြင်းအထန်ကန့်ကွက်နေနဲ့ကြားက တူရကီရဲ့ စတမ်ဘူးလ် (Stamboul) ရာဇဝတ်တရားရုံးက "ပေါ့ဆ လူသေစေမှု" နဲ့ 28 August 1926 နေ့မှာ ဒီးမွန်စ် နဲ့ ဘေး နှစ်ဦးစလုံးကို စွဲချက်တင် စစ်ဆေးခဲ့တယ်။
"တူရကီတရားရုံးမှာ စီရင်ပိုင်ခွင့်အာဏာမရှိဘူး"ဆိုတဲ့ ပြင်သစ်နိုင်ငံသား "မွန်ဆီယာ ဒီမွန်းစ်" ရဲ့ ငြင်းချက်ကို တူရကီရဲ့ စတမ်ဘူးလ် တရားရုံးကပယ်ချခဲ့ပြီး၊ 15 September 1926 မှာ SS Lotus ရဲ့ သင်္ဘောအရာရှိ ပြင်သစ်နိုင်ငံသား "မွန်ဆီယာ ဒီမွန်းစ်" ကို ထောင်ဒဏ် ရက် (၈၀) နဲ့၊ ဒဏ်ငွေအဖြစ် တူရကီပေါင် (၂၂) ပေါင် ပေးဆောင်စေဖို့ အမိန့်ချတဲ့တယ်။ တူရကီနိုင်ငံသား သင်္ဘော Captain "ဟာဆန်ဘေး" ကို နဲနဲ ပိုပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုတယ်။
လူ ၈-ရောက် သေတာကို ရက် (၈၀) ပဲထောင်ဒဏ်ချလို့ ဆိုပြီး အဲ့ဒီ စီရင်ချက်ကို မကျေနပ်တဲ့ တူရကီ "တရားစွဲအရာရှိ prosecutor" က အထက်ရုံးကို အယူခံတက်တယ်။ အယူခံမှုကို ကြားနာနေဆဲကာလမှာ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားရတာဖြစ်လို့ "ဒီးမွန်းစ်" ကို အာမခံနဲ့ လွှတ်ထားပေးတယ်။ ပြင်သစ်နဲ့ တူရကီ တို့ဟာ သံတမန်ရေးရာအရ အကြီးအကြယ် အငြင်းအခုန်ဖြစ်၊ အပြန်အလှန် သတိပေးစာ ကန့်ကွက်စာ တွေပို့ကြနဲ့၊ နောက်ဆုံးမှာတော့ သူတို့ရဲ့ အငြင်းပွားမှုကို "ခုံသမာဓိနည်း Arbitration" နဲ့ ဖြေရှင်းဖို့ သဘောတူညီမှု ရရှိကြပြီး၊ ဒီအငြင်းပွားမှုကို The Permanent Court of International Justice (PCIJ) က စီရင်ဆုံးဖြတ်ပေးဖို့ ဂျီနီဗာ (Geneva) မှာ 21 October 1926 မှာ လက်မှတ်ရေးထိုး သဘောတူညီမှုရယူခဲ့ကြတယ်။ အဲ့ဒီလိုနဲ့ PCIJ ရဲ့ ကေ့စ်တွေထဲမှာ အများဆုံး ဆွေးနွေးခြင်းခံရပြီး၊ အနည်းဆုံးပဲ နားလည်ကြတဲ့၊ ဥပဒေပညာရှင်ကြီးတွေကြား အမြင်အမျိုးမျိုး ကွဲပြားကြတဲ့ "SS Lotus" ဆိုတဲ့ ကေ့စ် ပေါ်ပေါက်လာခဲ့တယ်။
ပြင်သစ်က၊ ၁၉၂၃ လော်ဆိန်း ကွန်ဗင်းရှင်း (the Convention of Lausanne of July 24th, 1923) ရဲ့ Article 15 ပါ "တူရကီ နှင့် စာချုပ်ဝင် အခြား နိုင်ငံများကြား ဖြစ်ပွားသော တရားစီရင်မှုဆိုင်ရာ အငြင်းပွားမှုကိစ္စရပ်များကို၊ နိုင်ငံတကာ ဥပဒေ ၏ စည်းမျဉ်းများနှင့် အညီ ဆုံးဖြတ်ရမည်" ဆိုတဲ့ ပြဌာန်းချက်ကို ထောက်ပြခဲ့တယ်။