ဉာဏ်ရည်တုပညာ ပြဿနာ
သင်္ချာ၊ ကွန်ပျူတာသိပ္ပံ နှင့် ဥပဒေ ပညာရပ်ဆိုင်ရာ သုတ ရသ ဆောင်းပါးများ
Friday, October 16, 2020
ဉာဏ်ရည်တုပညာ ပြဿနာ
Salvage Reward သင်္ဘောကယ်တင်ခ
Salvage Reward သင်္ဘောကယ်တင်ခ တောင်းခံရာတွင်
Friday, October 9, 2020
ပေါ့ဆမှု တာဝန်မကင်းသောပေါ့ဆမှု သူတပါးအတွက်တာဝန်ရှိမှု
ပေါ့ဆမှု၊ တာဝန်မကင်းသောပေါ့ဆမှု၊ သူတပါးအတွက်တာဝန်ရှိမှု နှင့်
Wednesday, October 7, 2020
နစ်နာမှုမရှိသောချိုးဖေါက်ခံရမှု နှင့် ချိုးဖေါက်ခံရမှုမရှိသောနစ်နာမှု
(1) "Injuria sine damno" (Wrong without damage)
နစ်နာမှုမရှိသော ချိုးဖေါက်ခံရမှု
(တရားပြိုင်က တရားလိုရဲ့ အခွင့်အရေးကိုချိုးဖောက်တာ။ ဒါပေမယ့် တရားလိုမှာတော့ အထူးနစ်နာမှုမရှိဘူး။)
Ashby vs. White (1703 2 Raym Ld. 938)
မိမိ မဲပေးလိုသူ ရွေးကောက်ပွဲ အောင်နိုင်သော်လည်း၊ မိမိ၏ မဲပေးခွင့်ကို ပိတ်ပင်တားမြစ်ခဲ့တဲ့အတွက်၊ ထိုကဲ့သို့ မဲပေးခွင့်ကို ပိတ်ပင်တားမြစ်ခဲ့သူအား တရားစွဲနိုင်၊ လျော်ကြေးတောင်းနိုင်။
Marzetti vs. Williams (1830 1 B &AD 415)
valid ဖြစ်တဲ့ ဘဏ်ချက်လက်မှတ်ကို ငြင်းပယ်ခြင်းအတွက် ဘဏ်မန်နေဂျာကို တရားစွဲ၍ လျော်ကြေးတောင်းခံနိုင်။
(မှတ်ချက်။ အထူးသတိပြုသင့်တဲ့အချက်တွေအနေနဲ့
(က)ဒီနေ့ခေတ်အခါမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် (ရွေးကောက်ပွဲ / ရွေး-ကော် ဆိုင်ရာ) ဥပဒေ နည်းဥပဒေတွေအရသာ ဆောင်ရွက်ရမှာဖြစ်ပြီး၊ ကေ့စ်မှာ ပါသလို မဲပေးခွင့်မရလို့ သက်ဆိုင်ရာ (မဲရုံမှူး စသည်) ကို တရားမကြောင်းအရ တရားစွဲဆိုပြီး လျော်ကြေးတောင်းဆိုနိုင်ဖို့ဟာ၊ မဖြစ်နိုင်တော့သလောက်ပဲဆိုတာကို သတိချပ်ရပါမယ်။
(ခ) အလားတူ ယနေ့အခါမှာ ဘဏ်တွေက သတ်မှတ်ထားတဲ့ Terms and Conditions တွေဟာ၊ ဘဏ်တွေဖက်ကို သေသေချာချာ အသာယူ အကာအကွယ်ပေးထားတဲ့အချက်တွေသာဖြစ်လို့ "ဘဏ်ချက်လက်မှတ်ကို ငြင်းပယ်လို့ ဘဏ်မန်နေဂျာကို တရားစွဲပြီး လျော်ကြေးတောင်းဖို့" ဆိုတာ လုံးဝနီးပါး မဖြစ်နိုင်သလောက်ပဲဆိုတာလဲ သတိချပ်ရပါမယ်။
*********************
(၂) "Damnum sine injuria" (Damage without wrong)
ချိုးဖေါက်ခံရမှုမရှိသော နစ်နာမှု
(တရားလိုမှာ နစ်နာမှုရှိတယ်။ ဒါပေမဲ့ တရားပြိုင်က တရားလိုရဲ့ အခွင့်အရေးကို ချိုးဖောက်တာ မဟုတ်ဘူး။)
Gloucester Grammar School Case (1410) YB 11 Hen. IV
တရားလိုရဲ့ ကျောင်းရှေ့မှာ တရားပြိုင်က ကျောင်းလာဖွင့်၊ ကျောင်းခလ လျော့ပေး။ တရားလိုကျောင်းက ကျောင်းသားတွေက တရားပြိုင်ကျောင်းကို ရောက်သွား။ တရားလို စီးပွားရေးအရနစ်နာ၊ သို့သော် တရားပြိုင်က တရားလိုရဲ့ တရားဝင် အခွင့်အရေးကို ချိုးဖောက်တာ မဟုတ်ဘူး။ အဲ့ဒီနစ်နာမှုအတွက် တရားလိုသည် တရားပြိုင်ထံမှ လျော်ကြေးရခွင့်မရှိ။
Mogul Steamship Co Ltd v McGregor, Gow & Co [1892] AC 25
လို - ပြိုင် တွေဟာ သင်္ဘောနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်တဲ့ ကုမ္ပဏီတွေ။ တရားပြိုင် McGregor ကဉီးဆောင်ပြီး သင်္ဘောကုန်စည်ပို့ဆောင်ရေးအသင်း ဖွဲ့တယ်။ တရားလို ကို ပါဝင်ခွင့်မပြုဘူး။ အဲ့ဒီအသင်းနဲ့ ပို့ဆောင်သူတွေ ကို ဈေးလျော့ပေးတယ်။ သူတို့အသင်းဝင် တွေနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ ကိုယ်စားလှယ်တွေကိုလည်း ၅% ကော်မရှင်ပေးတယ်။ လို Mogul နဲ့ အလုပ်လုပ်တဲ့ ကိုယ်စားလှယ်တွေကိုလည်း ကော်မရှင်မပေးဘူးလို့ ခြိမ်းခြောက်တယ်။ အဲ့ဒီအခါမှာ တရားလို Mogul Steamship က သူ့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ပူးပေါင်းကြံစည်မှုရှိတယ်ဆိုပြီး လျော်ကြေးပေးဖို့ McGregor ကို တရားစွဲတယ်။
တရားရုံးက "တရားလိုဟာ စီးပွားရေးအရ ဆုံးရှုံးတာမှန်ပေမဲ့ တရားပြိုင်ဟာ သူ့အခွင့်အရေးအရ သူစီးပွားရှာတာဖြစ်တယ်။ တရားလိုမှာလည်း အလားတူ အခွင့်အရေးရှိတယ်။ တရားပြိုင်ကို ဥပဒေချိုးဖောက်တယ်လို့ ဆိုနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် တရားလိုဟာ လျော်ကြေးမရထိုက်ဘူး" လို့ ဆုံးဖြတ်ခဲ့တယ်။
(မှတ်ချက်။ အထူးသတိပြုသင့်တဲ့အချက်ကတော့ ဒီနေ့ခေတ်အခါမှာ နိုင်ငံတိုင်းလိုလိုမှာ "မျှတသောယှဉ်ပြိုင်မှု ဥပဒေ Fair Competition Act" တွေ ရှိနေပြီဖြစ်တဲ့အတွက် အဲ့ဒီ စီရင်ထုံး ၂ခုဟာ မှန်တော့မှာ မဟုတ်ဘူး။)
အသေးစိပ် ကျယ်ကျယ်ပြန့်ပြန့်သိချင်တယ်ဆိုရင်
Total Network [2008] 1 AC 1174
JSC BTA Bank v Ablyazov (No 14) [2017] EWCA Civ 40
ကေ့စ်တွေကို လေ့လာပါ။)
*****************
အနှစ်ချုပ်
၁။ တရားပြိုင်ဟာ တရားလိုရဲ့ တရားဝင်အခွင့်အရေးတရပ်ကို ချိုးဖောက်ရင်၊ တရားလိုမှာ အထူး နစ်နာမှု ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ၊ တရားပြိုင်မှာ တာဝန်ရှိတယ်။
၂။ တရားလိုမှာ နစ်နာမှုရှိပေမယ့်၊ တရားပြိုင်ဟာ တရားလိုရဲ့ တရားဝင်အခွင့်အရေးတရပ်ကို ချိုးဖောက်တာမဟုတ်ဘူးဆိုရင်၊ တရားပြိုင်မှာ တာဝန်မရှိဘူး။
၃။ အဲ့ဒီတရားမနစ်နာမှုဆိုင်ရာ သဘောတရားတွေအတွက်၊ ဥပမာအနေနဲ့ တင်ပြဆွေးနွေးခဲ့တဲ့ စီရင်ထုံး လေးခုလုံးဟာ ယခု (၂၀၂၀) ခေတ်အခြေအနေနဲ့ လုံးဝနီးပါး ကိုက်ညီမှုမရှိတော့ဘူးဆိုတာကို အထူးဂရုပြုသင့်ပါကြောင်း။
စိတ်ဒဏ်ရာ၊ ထိတ်လန့်တုန်လှုပ်မှု နှင့် တာဝန်ရှိမှု
စိတ်ဒဏ်ရာ၊ ထိတ်လန့်တုန်လှုပ်မှု နှင့် တာဝန်ရှိမှု
Friday, October 2, 2020
ဉာဏ်ရည်တုပညာ ၂၀၂၀
ဉာဏ်ရည်တုပညာ ၂၀၂၀
===========
အရင်တုန်းက ကျွန်တော်တို့ဟာ AI ရဲ့ ရည်ရွယ်ချက်ကို
"AI System ကို ဒီဇိုင်းပြုလုပ်တဲ့ လူက၊
တိကျတဲ့သတင်းအချက်အလက်ကို AI System ရဲ့ ရည်ရွယ်ချက်အဖြစ်ပေးလိုက်တဲ့အခါ၊ အဲ့ဒီသတင်းအချက်အလက် ကို အခြေခံပြီး၊
မျှော်မှန်းထားတဲ့ စွမ်းရည်/အလုပ် ကို အမြင့်မားဆုံး အကောင်းဆုံး ဖြစ်အောင်လုပ်ဆောင် တဲ့စနစ်"
တစ်ခုအဖြစ် အဓိပ္ပါယ်သတ်ခဲ့ကြတယ်။
ယခုအခါမှာတော့ ကျွန်တော်တို့ဟာ
AI System ရဲ့ ရည်မှန်းချက်ဟာ အတိအကျဖြစ်တယ်၊ အဲ့ဒီ ရည်မှန်းချက်ကို AI System ကိုယ်တိုင်က သိပြီးဖြစ်တယ်လို့ မယူဆတော့ပါဘူး။
အဲ့ဒီအစား၊
လူတွေကိုယ်စားလုပ်ဆောင်ပေးတဲ့ AI System ဟာ လူတွေရဲ့စစ်မှန်တဲ့ ရည်ရွယ်ချက်တွေကို သေသေချာချာ မသိဘူး။
အဲ့ဒီလို ရည်မှန်းချက် ရည်ရွယ်ချက်ကို တိတိကျကျ မသိတဲ့ အခြေအနေမှာတောင်
AI System အနေနဲ့ ဘယ်ဟာကို အကောင်းဆုံးဖြစ်အောင်လုပ်ရမလဲဆိုတာကို ကိုယ့်ဘာသာကို လေ့လာပြီး၊ သင့်လျော်သလို ဆောင်ရွက်ရမယ်။ (အဲ့ဒီလို ဆောင်ရွက်နိုင်တဲ့ စနစ်မျိုးကမှ AI System တခုဖြစ်တယ်။)" လို့ ဖွင့်ဆို/ယူဆ ပါတယ်။
(Stuart Russell and Peter Norvig,
Artificial Intelligence: A Modern Approach,
Fourth Edition, 2020, Pearson)