Sunday, January 14, 2018

ကွန်ပျူတာသိပ္ပံ နှင့် အသိဉာဏ်တု ဆိုင်ရာ သုတေသန ပုံစံများ

ကွန်ပြူတာသိပ္ပံ(Computer Science – CS) ပညာရပ် နဲ့ အသိဉာဏ်တု(Artificial Intelgence – AI) ပညာရပ်တွေကို (မတူညီတဲ့ ရည်ရွယ်ချက်တွေ နဲ့ မတူညီတဲ့ အောင်မြင်မှု ဆုံးရှုံးမှု သတ်မှတ်ပြဌာန်းချက်တွေ အပေါ်အခြေပြုပြီး) သုတေသနပြု လေ့လာတဲ့ပုံစံ ၄-ခု ရှိပါတယ်။ အဲဒီ လေးခုကလည်း တကယ်တော့ တစ်ခုနဲ ့တစ်ခု ဆက်နွယ် ပတ်သက် နေကြတာပါ။ အဲဒီထဲမှာမှ ထူးထူးခြားခြားဖြစ်နေတဲ့ ၊ CS နဲ့ AI နယ်ပယ်ကမဟုတ်ပေမယ့် ကွန်ပြူတာသိပ္ပံပညာရှင် တော်တော်များများ အကြီးအကျယ်စိတ်၀င်စား ကြတဲ့ ပဉ္စမမြောက် အုပ်စုတစ်စု ရှိပါသေးတယ်။ ဒါကြောင့် CS နဲ့ AI သုတေသနပုံစံ ၅-မျိုးရှိတယ်လို့ မှတ်ယူနိုင်ပါတယ်။ အဲဒါတွေကတော့

၁။ ဘယ်အရာက ဖြစ်နိုင်သလဲ ဆိုတာကို လေ့လာတာ။ ပြီးတော့ အဲဒီ ဖြစ်နိုင် မဖြစ်နိုင် လေ့လာတဲ့ အရာရဲ့ နယ်ပယ်အကျယ်အ၀န်းနဲ့  ကန့်သတ်ချက်တွေကို လေ့လာတာ။ အဲဒီလို လေ့လာရာမှာ သင်္ချာပညာနဲ့ ‘less formal theorising***’ ကိုပါ ထည့်သွင်းလေ့လာတယ်။
[***ပုံမှန်သတ်မှတ်ထားတဲ့ အဆင့်တွေအတိုင်း တိတိကျကျ လိုက်လုပ်မနေဘဲ  အတွေးအခေါ် အယူအဆတစ်ရပ်ကို တည်ဆောက်ခြင်း။]

၂။ သဘာ၀အတိုင်း တည်ရှိဖြစ်ပျက်နေတဲ့ သတင်းအချက်အလက် အသုံးချလုပ်ဆောင်ခြင်းစနစ် (information-processing systems) တွေကို လေ့လာတာ။
ဥပမာ တရိစၦာန်လောက၊ လူမှုအဖွဲ့အစည်း၊ ဉီးဏှောက်၊ စိတ်…စတဲ့ စနစ်တွေမှာ သတင်းအချက်အလက်တွေကို ဘယ်လို သုံးစွဲဆောင်ရွက်သလဲဆိုတာ လေ့လာတာ။
[ဒါကို သဘာ၀ဆိုင်ရာတွက်ချက်မှု (natural computation) လို့ တခါတရံ ဖေါ်ပြလေ့ရှိပါတယ်။]

၃။ လက်တွေ့ အသုံး၀င်တဲ့ သတင်းအချက်အလက် အသုံးချစနစ် အသစ်တစ်ခု တည်ဆောက်တာကို လေ့လာတာ။ တနည်းပြောရရင် အသုံးချ အင်ဂျင်နီယာ စနစ်တွေနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ အရာတွေကို လေ့လာတာ။

၄။ (အထက်ပါ သုံးချက် ကို ထောက်ပံ့ပေးမယ့်) ကရိယာ တန်ဆာပလာ ၊ ပုံမှန် အဆင့်သတ်မှတ်ချက် နဲ့  နည်းစနစ် ..စတာတွေကို၊ ဖန်တီးခြင်း နဲ့ အကဲဖြတ် သုံးသပ်ခြင်းလုပ်တာ။

၅။ နှီးနွယ်ဆက်စပ်နေတဲ့ လူမှုရေးနဲ့ စီးပွားရေး ဆိုင်ရာတွေကို သုတေသန လုပ်တာ။ ဆိုလိုတာက လူမှုရေး နဲ့ စီးပွားရေးဟာ CS နဲ့ AI အပေါ် ၊ လူ့ ကျင့်၀တ်ပိုင်းဆိုင်ရာကိစ္စရပ်တွေအပေါ် နဲ့ လူသားဆိုင်ရာအမြင်ပြောင်းလဲမှုတွေ အပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ ဆိုတာကို လေ့လာတာ ဖြစ်ပါတယ်။

REF: http://www.cs.bham.ac.uk/research/projects/cogaff/misc/cs-research.html#note3
Last updated: 17 Aug 2016 
by
Aaron Sloman
http://www.cs.bham.ac.uk/~axs/
School of Computer Science
The University of Birmingham, B15 2TT, UK

No comments:

Post a Comment

Note: Only a member of this blog may post a comment.