Friday, May 19, 2017

Artificial Intelligence: A Modern Approach - Lesson II

1.1.1 Acting humanly: The Turing Test approach

"computer system တစ်ခု၊software တစ်ခု၊ intelligent agent တစ်ခုဟာ၊
လူသားစစ်ဆေးမေးမြန်းသူတစ်ဦးကို
လှည့်ဖြားနိုင်ရင်၊အရူးလုပ်နိုင်ရင်၊သူ(အဲဒီ agent)ဟာ လူ မဟုတ်ကြောင်းစစ်ဆေးမေးမြန်းသူမသိအောင်လုပ်နိုင်ရင်၊
အဲဒီcomputer system, agent ဟာ အသိညာဏ်စမ်းသပ်ချက်ကိုအောင်မြင်တယ်။"

လို့ဗြိတိသျှသင်္ချာပညာရှင်၊ကွန်ပြူတာသိပ္ပံပညာရပ်ရဲ့ဖခင်ကြီးAlan Turing က 1950 ခုနှစ်မှာတင်ပြခဲ့ပါတယ်။

အဲဒီလိုလူလုပ်သလိုလုပ်နိုင်တဲ့AI စနစ်မျိုးကိုတည်ဆောင်နိုင်ဖို့အတွက်အောက်ပါပညာရပ်တွေလိုအပ်ပါတယ်။
•              Natural language processing 
                စက်နဲ့လူနဲ့အဆင်ပြေပြေအောင်အောင်မြင်မြင်ဆက်သွယ်နိုင်မယ့်ဘာသာစကားတည်ဆောက်အသုံးပြုခြင်းပညာရပ်။
•              Knowledge representation
                မစစ်ဆေးမီနဲ့စစ်ဆေးမေးမြန်းနေစဉ်မှာသတင်းအချက်အလက်နဲ့အသိပညာတွေကိုစက်ထဲမှာသိုမှီးသိမ်းဆည်းထားနိုင်ဖို့အတွက်၊(အဲဒီသတင်းအချက်အလက်နဲ့အသိပညာတွေကို) ဘယ်လိုကိုယ်စားပြုဖေါ်ပြမလဲဆိုတဲ့ပညာရပ်။
•              Automated reasoning
                စက်ထဲမှာသိုမှီးသိမ်းဆည်းထားတဲ့သတင်းအချက်အလက်နဲ့အသိပညာတွေကိုအသုံးပြုပြီး၊ကောက်ချက်အသစ်တွေကိုအလိုအလျောက်ဆွဲနိုင်တဲ့၊လူသားရဲ့မေးခွန်းတွေကိုအလိုအလျောက်ဖြေကြားနိုင်တဲ့ပညာရပ်။
•              Machine learning
                သိပြီးသားရှိပြီးသားအချက်အလက်တွေထဲကပုံစံနဲ့ဖွဲ့စည်းတည်ဆောက်ပုံကိုလေ့လာဖေါ်ထုတ်ပြီး၊အခြေအနေအသစ်အချက်အလက်အသစ်တွေရဲ့ပုံစံ၊အမျိုးအစား၊ဖွဲ့စည်းပုံ၊စတာတွေကိုထောက်လှမ်းခန့်မှန်းတွက်ချက်တဲ့ပညာရပ်။

                အခုအထက်မှာတင်ပြခဲ့တဲ့  Turing Test မှာ၊စစ်ဆေးမေးမြန်းသူနဲဖြေကြားသူဟာတိုက်ရိုက်မြင်တွေ့မှုမရှိပါဘူး။တကယ်လိုသာမျက်နှာခြင်းဆိုင်တွေ့ဆုံမေးမြန်းစစ်ဆေးတာမျိုးဆိုရင်တော့"Total Turing Test" လို့ခေါ်ပါတယ်။
အဲဒီလိုTotal Turing Test ကိုအောင်မြင်ဖို့၊တွေ့ဆုံမေးမြန်းသူဟာသူနဲ့အမေးအဖြေလုပ်နေတဲ့အရာ/လူဟာ၊  လူလား စက်လား(AI System or Intellignet Agnet) မသိအောင်လုပ်နိုင်ဖို့ဆိုရင်အထက်မှာတင်ပြခဲ့တဲ့ပညာရပ်လေးမျိုးအပြင်
·                 computer vision ကွန်ပြူတာတွေအတွက်အမြင်အာရုံပညာရပ်နဲ့
·                 robotics စက်ရုပ်နည်းပညာရပ်တွေပါလိုအပ်ပါတယ်။

မှတ်ချက်။ Hollywood ရုပ်ရှင်များဖြစ်သော Terminator 2, iRobot စသော ဇာတ်ကားများမှ ဇာတ်ကောင်များသည် လူသားတစ်ဦးကဲ့သို့ ပြုမူပြောဆိုလုပ်ကိုင်နိုင်သည့် Total Turing Test ကိုအောင်မြင်သော Intelligent Agent များဖြစ်ပါသည်။

1.1.2 Thinking humanly: The cognitive modeling approach

                ပရိုဂရမ်တစ်ခုဟာ လူသားတွေတွေးသလိုတွေးတယ်လို့ပြောနိုင်ဖို့အတွက် လူတွေဘယ်လိုတွေးခေါ်စဉ်းစားတယ်ဆိုတာ ဆုံးဖြတ်ပြောဆိုနိုင်မယ့် နည်းလမ်း တစ်ချို့တော့ရှိရမှာဖြစ်ပါတယ်။  လူရဲ့စိတ်အတွင်းပိုင်း အမှန်တကယ်အလုပ်လုပ်ပုံကို သိနိုင်ဖို့ ကျွန်တော်တို့မှာ နည်းလမ်းသုံးခုရှိပါတယ်။
·         ပထမနည်းလမ်းက introspection[1]လို့ခေါ်တဲ့ ကိုယ့်ရဲ့ အတွေး၊ ခံစားချက် နဲ့ အပြုအမူတွေအကြောင်း လေးလေးနက်နက် စဉ်းစားဆင်ခြင်တဲ့နည်း။
·         ဒုတိယနည်းလမ်းက စိတ်ပိုင်းဆိုင်ရာလက်တွေ့စမ်းသပ်ချက်ကိုသုံးပြီး လူတစ်ရောက်ရဲ့ပြုမူဆောင်ရွက်ပုံကို စောင့်ကြည့်လေ့လာတဲ့နည်း နဲ့
·         တတိယနည်းလမ်းက ဦးနှေက်ဓါတ်ပုံတွေရိုက်ကူးကြည့်ပြီး ဦးနှေက်ရဲ့ ရှုပ်ရှားဆောင်ရွက်ပုံ ပြောင်းလဲပုံတွေကို လေ့လာကြည့်တဲ့ နည်းလမ်းတွေဖြစ်တယ်။
တကယ်လို့ စိတ်နဲ့ပတ်သက်ပြီး လုံလုံလောက်လောက်တိကျတဲ့ သီအိုရီတစ်ခု ရပြီဆိုရင် အဲဒီသီအိုရီကို ကွန်ပြူတာပရိုဂရမ်တစ်ခုအဖြစ် ဖေါ်ပြဖို့ ဖြစ်နိုင်လာပြီလေ။
               
                အခုလို လူသားတွေရဲ့ တွေးတောခြင်း သိမြင်နားလည်ခြင်းနဲ့ဆိုင်တဲ့စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တွေကိုလေ့လာတဲ့ပညာရပ်ကို cognitive science လို့ခေါ်တယ်။ ဒီပညာရပ်ဟာ စိတ်ပိုင်းရာလက်တွေ့စမ်းသပ်ချက်တွေနဲ့ AIရဲ့ computer model ပုံစံကို ပေါင်းစည်းပေးပြီး၊ တိတိကျကျ လက်တွေ့စမ်းသပ်လို့ရတဲ့ လူ့စိတ်နဲ့ပတ်သက်တဲ့ သီအိုရီသဘောတရားတွေကို တည်ဆောက်ပေးနိုင်တဲ့ပညာရပ်တစ်ခုဖြစ်တယ်။ တကယ်တော့ cognitive science နဲ့ AI ပညာရပ်တွေမှာတူညီတာတွေရောကွဲပြားတာတွေပါရှိပါတယ်။အခုအခါမှာAI နဲ့Cognitive Science ဟာ သီးခြားစီတိုးတက်ဖွံ့ဖြိုးလာတဲ့ပညာရပ်တွေဖြစ်နေကြပါပြီ။ဒါပေမယ့်ဒီပညာရပ်နှစ်ခုဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်တိုးတက်စေဆဲဖြစ်ပါတယ်။



[1]introspection (N: the process of thinking deeply about your own thoughts, feelings, or behaviour(Longman: Dictionary of Contemporary English) မိမိ၏ကိုယ်ပိုင် အတွေး၊ခံစားချက် နှင့် အပြုအမူများအကြောင်း လေးနက်စွာစဉ်းစားဆင်ခြင်ခြင်းဖြစ်စဉ်။

Saturday, May 6, 2017

Artificial Intelligence: A Modern Approach - Lesson I

Chapter I Artificial Intelligence

Why AI

“Just as the Industrial Revolution freed up a lot of humanity from physical drudgery, I think AI has the potential to free up humanity from a lot of the mental drudgery.” (Andrew Ng)
လူတွေအတွက် ပင်ပန်းခက်ခဲပြီး ငြီးငွေ့စရာကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာအလုပ်တွေကို စက်မှုတော်လှန်ရေးက  ရှင်းလင်းဖယ်ရှားပေးခဲ့သလိုပါပဲ။ AI ဟာ လူသားတွေအတွက် စိတ်ပိုင်းဆိုင်ရာအရ ပင်ပန်းခက်ခဲပြီး ငြီးငွေ့ စရာကောင်းတဲ့ အလုပ်တွေကို ဖယ်ရှားပေးနိုင်လောက်တဲ့ ပညာရပ် နယ်ပယ်တစ်ခုဖြစ်ပါတယ်။ (Andrew Ng, Professor, Stanford University)

အဓိပ္ပါယ်သတ်မှတ်ချက်များ

AI
“Intelligence: The ability to learn and solve problems” (Webster’s Dictionary) အသိညာဏ်ဆိုတာ သင်ယူနိုင်စွမ်းနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းဖြစ်တယ်။

“Artificial intelligence (AI) is the intelligence exhibited by machines or software’ (Wikipedia)
စက်ပစ္စည်းကရိယာတွေ ဒါမှမဟုတ် ဆော့ဖ်ဝဲတွေက ဖေါ်ထုတ်ပြသတဲ့  အသိညာဏ်မျိုးဟာ 'တုပအသိညာဏ်' (အသိညာဏ်တု) ဖြစ်တယ်။

“The science and engineering of making intelligent machines” (McCarthy)
AI ပညာရပ်ဆိုတာ အသိညာဏ်ရှိတဲ့ (အသိညာဏ်ရှိတယ်လို့ပြောလို့ရတဲ့) စက်ပစ္စည်းကရိယာတွေကို ပြုလုပ်ဖန်တီးတဲ့ သိပ္ပံနဲ့အင်ဂျင်နီယာပညာရပ်ဖြစ်တယ်။

“The study and design of intelligent agents, where an intelligent agent is a system that perceives its environment and takes actions that maximize its chances of success.” (Russel and Norvig)
AI ပညာရပ်ဟာ အသိညာဏ်ရှိတဲ့အရာ(intelligent agent) တွေကို လေ့လာတာ ဒီဇိုင်းပြုတည်ဆောက်တာဖြစ်တယ်။ အသိညာဏ်ရှိတဲ့အရာဆိုတာ ပတ်၀န်းကျင်က အခြေအနေ အချက်အလက်တွေကို လေ့လာခံယူပြီး၊ အောင်မြင်မှုအခွင့်အလမ်းကို အမြင့်မားဆုံးဖြစ်အောင် တုန့်ပြန်ဆောင်ရွက်လုပ်ကိုင်တဲ့ စနစ် (system) တစ်ခုဖြစ်တယ်။

What is AI
AI ဘာလဲဆိုတာနဲ့ပတ်သက်ပြီး ကျောင်းတော်ကြီးလေးကျောင်း ပညာရှင်အုပ်စုလေးစုဟာ ရှုထောင့်လေးမျိုး ချဉ်းကပ်ပုံလေးခုနဲ့တင်ပြကြပါတယ်။ အဲဒါတွေကတော့ AI ဆိုတာ
၁။ လူ လုပ်သလို လုပ်တာ (Acting Humanly)
၂။ လူ တွေးသလို တွေးတာ (Thinking Humanly)
၃။ ကြောင်းကျိုးနဲ့အညီ မှန်မှန်ကန်ကန် တွေးတာ (Thinking Rationally) နဲ့
၄။ ကြောင်းကျိုးနဲ့အညီ မှန်မှန်ကန်ကန် လုပ်တာ (Acting Rationally) ဆိုပြီးဖြစ်ပါတယ်။

မှတ်ချက်။ လူတွေဟာ တစ်ခါတစ်ရံမှာ ကြောင်းကျိုးနဲ့အညီ တွေးခေါ်လုပ်ကိုင်လေ့မရှိဘူး။

Thinking Humanly

“The exciting new effort to make computers
think . . . machines with minds, in the
full and literal sense.” (Haugeland, 1985)
စိတ်ရှိတဲ့စက်တွေ၊ တနည်းပြောရရင် ကွန်ပြူတာတွေကို စဉ်းစားနိုင်စွမ်းရှိအောင်လုပ်တာ။
**********************
“[The automation of] activities that we
associate with human thinking, activities
such as decision-making, problem solving,
learning . . .” (Bellman, 1978)
လူတွေရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့လုပ်ကိုင်ဆောင်ရွက်ပုံတွေဖြစ်တဲ့ ဆုံးဖြတ်ချက်ချပုံ၊ ပြဿနာဖြေရှင်းပုံ၊ သင်ယူလေ့လာပုံ... တွေနဲ့စပ်ဆိုင်တဲ့ အလုပ်တွေကို အလိုအလျောက်လုပ်စေတာ။        


Acting Humanly

“The art of creating machines that perform
functions that require intelligence
when performed by people.” (Kurzweil,
1990)
အသိညာဏ်လိုအပ်တဲ့ အလုပ်မျိုးတွေကို လူတွေလုပ်သလိုမျိုး လုပ်နိုင်တဲ့ စက်တွေကို တည်ထွင်ဖန်တီးတဲ့ အနုသုခုမအတတ်ပညာ။
******************
 “The study of how to make computers do
things at which, at the moment, people are
better.” (Rich and Knight, 1991)
အခုလက်ရှိမှာ လူတွေက (ကွန်ပြူတာတွေထက်) ပိုကောင်းအောင် လုပ်နိုင်တဲ့အရာတွေကို၊ ကွန်ပြူတာတွေလုပ်နိုင်ဖို ့ (အဲဒီကွန်ပြူတာတွေကို) ဘယ်လို တည်ဆောက်ရမလဲဆိုတာ လေ့လာတဲ့ပညာရပ်။ 


Thinking Rationally

“The study of mental faculties through the
use of computational models.” (Charniak and McDermott, 1985)
တွက်ချက်မှုပုံစံ(computational model) တွေကို အသုံးပြုပြီး (လူတွေရဲ့) စိတ်ပိုင်းဆိုင်ရာစွမ်းရည်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို လေ့လာတာ။
*******************
 “The study of the computations that make
it possible to perceive, reason, and act.”
(Winston, 1992)
သင်ယူလေ့လာပြီး ကြောင်းကျိုးနဲ အညီ ပြုမူဆောင်ရွက်နိုင်တဲ့ တွက်ချက်မူပညာရပ် (computation, NOT calculation!) တွေကို လေ့လာတာ။

Acting Rationally

“Computational Intelligence is the study
of the design of intelligent agents.” (Poole
et al., 1998)
တွက်ချက်မှုဆိုင်ရာ အသိညာဏ်ဆိုတာ အသိညာဏ်ရှိတဲ့အရာတွေရဲ့ ဒီဇိုင်းပြုတည်ဆောက်ပုံကို လေ့လာတဲ့ပညာရပ်။
******************
“AI . . . is concerned with intelligent behavior
in artifacts.” (Nilsson, 1998)
AI ဆိုတာ အသုံးအဆောင် ပစ္စည်းကရိယာတွေရဲ့၊ အသိညာဏ်ရှိတဲ့ ပြုမူ လုပ်ကိုင် ဆောင်ရွက် ပုံတွေအကြောင်းကို အဓိကထား လေ့လာတဲ့ပညာရပ်။

Figure 1.1 Some definitions of artificial intelligence, organized into four categories.
REF: Stuart Russell and Peter Norvig, Artificial Intelligence: A Modern Approach 3rd Edition (2010), Ch-1, P-2

သမိုင်းကြောင်းအရတော့ အဲဒီ လေးမျိုးလုံးကို မတူညီတဲ့ပညာရှင်တွေက မတူညီတဲ့ နည်းစနစ်တွေကိုအသုံးပြုပြီး ချဉ်းကပ်ခဲ့ကြတယ်။ လူသားဗဟိုပြု (human-centered) ချဉ်းကပ်ပုံ (AI ဆိုတာ လူ တွေးသလိုတွေးတာနဲ့လူ လုပ်သလိုလုပ်တာ ဆိုတဲ့ အုပ်စု) ဟာ လက်တွေ့သိပ္ပံရဲ့အစိပ်အပိုင်းတစ်ရပ်ဖြစ်တယ်။ အဲဒီမှာ လူသားရဲ့ ပြုမူလုပ်ဆောင်ပုံတွေနဲ့ပတ်သက်တဲ့ လက်တွေ့လေ့လာတွေ့ရှိချက်တွေနဲ့အယူအဆသဘောတရားတွေပါ၀င်တယ်။

ကြောင်းကျိုး လုပ်ရပ် မှန်ကန်မှုကို အဓိကထားတဲ့ ချဉ်းကပ်ပုံ (rationalist approach, Thinking Rationally & Action Rationally) မှာတော့၊ သင်္ချာနဲ့အင်ဂျင်နီယာပညာရပ်တွေ ပေါင်းစပ်ပါ၀င်နေတယ်။ AI နဲ့ပတ်သက်တဲ့ မတူညီတဲ့ အုပ်စုတွေအမျိုးမျိုးက တစ်ဖွဲ့ကိုတစ်ဖွဲ့ ဝေဖန်တိုက်ခိုက်ကြရင်းနဲ့ပဲ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်း အပြန်အလှန် ကူညီပြီး တိုးတက်စေခဲ့ကြတယ်။