Monday, November 12, 2012

ဆော့ဖ်၀ဲလုပ်ငန်းခွင်ဆိုင်ရာ ရာထူး ကဏ္ဍ နှင့် လုပ်ငန်းတာ၀န်များ

1. Computer Scientist
CS ။ ကွန်ပြူတာလောကမှာ တွ လိုက်သမျှ တကယ့်ပညာရှင် ကြီးတွေက ပာလိုက်ရင် သင်္ချာ၊ ရူပဗေဒ၊ သီအိုရီကွန်ပြူတာသိပ္ပံ ဆိုတာချည်းပဲ။ ကျွန်တော်လည်း Software လာကမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။ Junior programmer ဘ၀ကနေ Senior Software Architect ထိ တဆင့်ပြီးတဆင့် တက်ခဲ့တာပါ။ အဲဒီဂုရု ကြီးတွေ ပာပြောနေတဲ့ သင်္ချာတို ၊ ရူပဗေဒ ၊ သီအိုရီကွန်ပြူတာသိပ္ပံ တို  ဘာတို လည်း ဘာမှ အသုံးမချခဲ့ရပါလားဗျာ။ အဲဒါက ဘယ်လိုဖြစ်တာလဲ။
infoTherapy ။ ဆာ့ဖ်၀ဲအင်ဂျင်နီယာပညာရပ်တို ၊ ကွန်ပြူတာသိပ္ပံပညာရပ်တို  နဲ ပတ်သက်ပြီး မိတ်ဆွေ ရဲ့ ကိုယ်ပိုင် သီအိုရီတွေ၊ ဥပဒေသတွေ၊ ပုံသေနည်းတွေ၊ ညီမျှခြင်းတွေ၊ အတွေးအခေါ် အယူအဆ အသစ်တွေ ဘာတွေ ဖါ်ထုတ် တင်ပြခဲ့ပြီးပြီလဲ။ မိတ်ဆွေ ရဲ ‘့မူပိုင်’ လို့ပြောနိုင်တဲ့၊ နိုင်ငံတကာအထိ ထိုးဖောက်အောင်မြင်နေတဲ့ software, hardware, netware, wetware စတာတွေ ဘာတွေတည်ထွင်ပြီးပြီလဲ။ ၀မ်းနည်းစရာအဖြေကတော့ ‘no, not yet’ ပါ့ဗျာ။ အကြောင်းကတော့ရှင်းပါတယ်။ ဘာလို  လဲဆိုတော့၊ မိတ်ဆွေတို  ကျွန်တော်တို ဟာ အဲဒီ သင်္ချာ၊ ရူပဗေဒ နဲ  ကွန်ပြူတာသိပ္ပံ ပညာရပ်တွေကို ပါင်းစည်းဆက်စပ်ပြီး အသုံးမချနိုင်သေးလို  ပဲဖြစ်တယ်ဗျ။ ဘာမှ သိပ်ရှုပ်ထွေးမှုမရှိတဲ့ န စဉ်သုံး အထွေထွေ အသုံးချဆော့ဖ်၀ဲတွေရေးဖို  လာက်အတွက်တော့ လိုအပ်ကောင်းမှ လိုအပ်မှာဖြစ်ပေမယ့်၊ ခုနက ကျွန်တော်တို  ဆွးနွေးတဲ့ ကိစ္စတွေအတွက်ကတော့ သင်္ချာတို ၊ ရူပဗေဒတို  ၊ သီအိုရီကွန်ပြူတာသိပ္ပံတို ဆိုတာ မသိမဖြစ် မရှိမဖြစ် ပါ့ဗျာ။
ဒီနေရာမှာ မိတ်ဆွေတို ကို၊ ကမ္ဘာ့ထိပ်တန်း အဖွဲ အစည်းတွေ နဲ  ပညာရှင်တွေက computer scientist ဆိုတာကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုသလဲဆိုတာ တင်ပြပါမယ်။
ဖွင့်ဆိုချက် ၁.၁။ ။ “ကွန်ပြူတာသိပ္ပံပညာရှင် ဆိုတာ (ကွန်ပြူတာနဲ  ပတ်သက်တဲ့) နည်းပညာအသစ်တွေကို ဒီဇိုင်းပြုသူ တည်ထွင်သူ ဖန်တီးသူဖြစ်တယ်။ သူတို ဟာ ရှုပ်ထွေးတဲ့ စီးပွားရေးဆိုင်ရာ သိပ္ပံပညာဆိုင်ရာ နဲ  အထွေထွေတွက်ချက်မှုဆိုင်ရာ ပဿနာတွေကို ဖရှင်းသူဖြစ်တယ်။”
၁.၁ - ရည်ညွှန်း။ အမေရိကန်ပြည်ထောင်စု၊ အလုပ်သမား၀န်ကြီးဌာန၊ စာရင်းအင်းအဖွဲ  ၏ ၂၀၁၀-၂၀၁၁ အလုပ်အကိုင်ဆိုင်ရာ လက်စွဲစာအုပ် (http://www.bls.gov/oco/ocos304.htm)
ဖွင့်ဆိုချက် ၁.၂။ ။ “ကွန်ပြူတာသိပ္ပံပညာရှင် ဆိုတာ ကွန်ပြူတာတွေနဲ  အဲဒီကွန်ပြူတာတွေရဲ့ လုပ်ဆောင်ပုံနဲ ပတ်သက်ပြီး၊ ဖွဲ စည်းတည်ဆောက်ပုံ အချင်းချင်း အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ပုံ နဲ  သီအိုရီ အယူအဆ သဘောတရားရေးရာ တွကို လ့လာသူဖြစ်တယ်။”
၁.၂ - ရည်ညွှန်း။ ***အကြီးတန်း သတင်းအချက်အလက်နည်းပညာသိပ္ပံပညာရှင် ရှရီ လာရင့်စ် ဖလီဂျာ Shari Lawrence Pfleeger (BA (Math), MA (Math), MS (Planning), PhD (IT and Engineering), Doctor of Humane Letters) (၀ဲပုံ) နှင့်၊


ကနေဒါနိုင်ငံ၊ အွန်တေရီရယ်ပြည်နယ်၊ ၀ါတာလူးတက္ကသိုလ်၊ ကွန်ပြူတာသိပ္ပံပညာကျောင်း ပါမောက္ခ ဂျုန်း အမ် အက်တ်လီ
Joanne M. Atlee (Ph.D. and M.S. in Computer Science; B.S. in Computer Science and Physics) (ယာပုံ) တို  ပူးပေါင်းရေးသားသော ၊ Software Engineering: Theory and Practice 4th Edition, 2011, Chapter 1

2. Software Engineer
SE ။ ကျွန်တော် တို လို Senior Software Engineer တွအနေနဲ ကျတော့၊ Project တစ်ခုကို တခါတလေ တစ်ရောက်တည်းနဲ  ၁-လ လာက်အတွင်း အပြတ်ရေး ပး ရတယ်ဗျ။ ကိုယ်က Senior SE အဆင့် ဆိုတော့ လွယ်ပါတယ်ဗျာ။ သိတဲ့အတိုင်း Visual Studio 2010 သုံးတော့ မန်တယ်လေ။ နှစ်ပတ် သုံးပတ်ဆို ပီးပြီ။ သူဌေးရှေ  မှာတော့ တစ်လလောက်ထိ နဲနဲဆွဲ ရတာပေါ့ဗျာ။ ကိုယ်က Senior SE အဆင့်ဆိုတော့ ဒါတွေ ကျွမ်းနေပါပြီ။
infoTherapy ။ အကြိုလေ့လာသုံးသပ်မှု (Preliminary Analysis) နဲ  System Documentation တွ ဖစ်တဲ့၊ Business Requirement Specification, Sytem Requirement Specification, Detailed Design Specification, Testing Report, User Manual… စတာတွေ ပါ၀င်တဲ့၊ ဆာ့ဖ်၀ဲ လို  အဓိပ္ပါယ် သတ်မှတ်နိုင်မယ့် solution တစ်ခုလုံးကို၊ လူတစ်ရောက်တည်းက နှစ်ပတ်သုံးပတ်နဲ  အပြီးရေးနိုင်တယ်ဆိုတော့… ။
အလွန်ထူးချွန်ထင်ရှားတဲ့ ကမ္ဘာ့ထိပ်တန်း ပညာရှင်တွေ နဲ  အဖွဲ အစည်းတွေက “ဆော့ဖ်၀ဲအင်ဂျင်နီယာ” ဆိုတာကို ဘယ်လိုအဓိပ္ပါယ်သတ်မှတ် ထားသလဲဆိုတာ  လ့လာကြည့်ကြပါစို ။
ဖွင့်ဆိုချက် ၂.၁။ ။ “ဆော့ဖ်၀ဲအင်ဂျင်နီယာပညာရပ်ဆိုတာ ကွန်ပြူတာသိပ္ပံ ပညာရပ်ရဲ့ အစိပ်အပိုင်းတစ်ခုဖြစ်ပြီး၊ ဆာဖ့်၀ဲအင်ဂျင်နီယာတွေဟာ သူတို  customer တွလိုချင်တဲ့ software တွရရှိအောင် လုပ်ဖို  လိုအပ်တဲ့ ကရိယာတန်ဆာပလာ နည်းစနစ်.. စတာတွေကို ၊ ကွန်ပြူတာသိပ္ပံပညာရှင်တွေ ရဲ့ လ့လာတွေ ရှိမှူ ရလာဒ်တွေကို အသုံးချပြီး ဖန်တီးတည်ဆောက်ယူသူတွေဖြစ်တယ်။”
၂.၁ - ရည်ညွှန်း။ *** Software Engineering: Theory and Practice 4th Edition, 2011, Chapter 1
ဖွင့်ဆိုချက် ၂.၂။ ။“ဆော့ဖ်၀ဲအင်ဂျင်နီယာပညာရပ်ဆိုတာ ၊ ဆာ့ဖ်၀ဲကို အစောပိုင်းကာလ အဓိပ္ပါယ် တိတိကျကျ ဖါ်ပြ သတ်မှတ်တဲ့ အဆင့်ကစ၊ အဲဒီကနေ ရးသားပြီးစီးတဲ့ အဆင့် ၊ နာက်ပိုင်း သုံးစွဲနေစဉ် ကာလတလျောက်လုံး နဲ  အဲဒီဆော့ဖ်၀ဲကို ပင်ဆင် မွန်းမံ ချဲ ထွင် တဲ့ အဆင့်တွေအထိပါ၀င်တဲ့၊ ဆာ့ဖ်၀ဲ ရးသားထုတ်လုပ်မှူ ဖစ်စဉ်အားလုံးကို လ့လာတဲ့၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဘာသာရပ်တစ်ခုဖြစ်တယ်။
ဒီ အဓိပ္ပါယ်သတ်မှတ်ချက်ရဲ့ အဓိက စကားလုံး နှစ်လုံးကို ထပ်ရှင်းရမယ်ဆိုရင်။
က။ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဘာသာရပ်/ပညာရပ်
အင်ဂျင်နီယာဆိုတာက သီအိုရီသဘောတရားတွေ၊ နည်းနာနိဿယတွေ၊ လိုအပ်တဲ့ ကရိယာတန်ဆာပလာကို သင့်လျော်သလို အသုံးပြုပြီး၊ (တစုံတခုကို) အလုပ်လုပ်အောင် ဖစ်မြောက်အောင်မြင်အောင် လုပ်တဲ့သူတွေဖြစ်တယ်။ ဒါ့အပြင် အင်ဂျင်နီယာဆိုတာ သူတို  ပါ၀င် လုပ်ကိုင် ဆာင်ရွက် ပးနေတဲ့ အဖွဲ အစည်းက ချမှတ်ထားတဲ့ ကန် သန်  ချက် (အချိန်၊ ငွကြေး၊ နည်းပညာ၊ လူအင်အား၊ စည်းမျည်း စည်းကမ်း၊ စံ၊ အရည်အသွေး.. စတဲ့) ဘာင်အတွင်းကနေ၊ အာင်မြင်အောင် ဆာင်ရွက်ရမယ်ဆိုတာ၊ သိရှိနားလည်ထားသူတွေဖြစ်တယ်။
ခ။ ဆာ့ဖ်၀ဲ ရးသားထုတ်လုပ်မှူ ဖစ်စဉ်အားလုံး
ဆော့ဖ်၀ဲအင်ဂျင်နီယာ ဘာသာရပ် (ပညာရပ်) ဆိုတာ၊ ဆာ့ဖ်၀ဲရေးသားထုတ်လုပ်မှူနဲ  ဆိုင်တဲ့ နည်းပညာပိုင်း နည်းစနစ်ပိုင်းတွေကို သာ လ့လာတာမဟုတ်ဘူး။ ဆာ့ဖ်၀ဲရေးသားထုတ်လုပ်မှူ ဖစ်စဉ်မှာ ပါ၀င်သူတွေကို ဘယ်လို စီမံခန် ခွဲ အုပ်ချုပ်ရ မလဲဆိုတာတွေ အပါအ၀င်၊ ဆာ့ဖ်၀ဲရေးသားရာမှာ အထောက်အကူဖြစ်စေမယ့်၊ လိုအပ်တဲ့ ကရိယာတန်ဆာပလာတွေ၊ နည်းနာနိဿယတွေ၊ တွးခေါ်ယူဆချက်တွေကို ပါ လ့လာတဲ့ ပညာရပ်ဖြစ်တယ်။”
၂.၂ - ရည်ညွှန်း။ စကော့တလန်နိုင်ငံ၊ စိန် အင်ဒရူးတက္ကသိုလ်၊ ဆာ့ဖ်၀ဲအင်ဂျင်နီယာပညာဌာန ၏ ပါမောက္ခ အီယန် ဆွမ်မာဗွီးလ် Ian Sommerville (ပုံ) ရးသားသော၊ Software Engineering (8th Ed.) Harlow, England: Pearson Education.pp.7. ISBN 0-321-31379-8

ဖွင့်ဆိုချက် ၂.၃။ ။ “ကွန်ပြူတာဆော့ဖ်၀ဲ အင်ဂျင်နီယာဆိုတာ ဆာ့ဖ်၀ဲကို ဒီဇိုင်းပြု တည်ဆောက်သူတွေ ဖစ်တယ်။ သူတို ဟာ ကွန်ပြူတာစနစ်တွေကို မာင်းနှင်လည်ပတ် အလုပ်လုပ်စေမယ့် အသုံးချ ဆာ့ဖ်၀ဲတွေကို၊ ဖန်တီး စမ်းသပ် စစ်ဆေး အကဲဖြတ် ဖို ၊ ကွန်ပြူတာသိပ္ပံပညာရဲ့ သီအိုရီ စည်းမျဉ်းစည်းကမ်းတွေ နဲ  သင်္ချာပညာဆိုင်ရာ သရုပ်ခွဲလေ့လာမှု တွကို အသုံးချကြသူတွေဖြစ်တယ်။”
“ဆော့ဖ်၀ဲအင်ဂျင်နီယာတွေဟာ ကွန်ပြူတာဂိမ်းတွေ၊ စီးပွားရေးလုပ်ငန်းသုံး ဆာ့ဖ်၀ဲတွေ၊ ကွန်ပြူတာကို မာင်းနှင်လည်ပတ်စေတဲ့ စနစ်တွေ၊ ကွန်ပြူတာ ကွန်ယက်ကို ထိန်းချုပ်တဲ့စနစ်တွေ၊ အမျိုးအစားမတူညီတဲ့ ကွန်ပြူတာဆိုင်ရာ ဆက်စပ်ပစ္စည်းတွေ အချင်းချင်း၊ အပြန်အလှန် ဆက်သွယ် ဆာင်ရွက် နိုင်စေဖို  လိုအပ်တဲ့ ကြားခံဆော့ဖ်၀ဲတွေ…စတဲ့ အထွေထွေ အမျိုးမျိုးသော ဆာ့ဖ်၀ဲတွေကို ဒီဇိုင်းပြု  ရးသားတည်ဆောက်သူတွေဖြစ်တယ်။ ဒီအတွက် သူတို ဟာ ဆာ့ဖ်၀ဲတစ်ခု စနစ်တကျ ပုံမှန်အလုပ်နိုင်ဖို အတွက် လိုအပ်တဲ့၊ တွက်ချက်မှုစနစ်ဆိုင်ရာ သီအိုရီ၊ ဆာ့ဖ်၀ဲရဲ့ ဖွဲ စည်းတည်ဆောက်ပုံ၊ ဆာ့ဖ်၀ဲကို သုံးမယ့် စက် (hardware / platform) ရဲ့ သဘောသဘာ၀နဲ  အကန်  အသတ် စတာတွေကို အထူးကျွမ်းကျင် နားလည်ထားရမှာဖြစ်တယ်။”
၂.၃ - ရည်ညွှန်း။ အမေရိကန်ပြည်ထောင်စု၊ အလုပ်သမား၀န်ကြီးဌာန၊ စာရင်းအင်းအဖွဲ  ၏ ၂၀၁၀-၂၀၁၁ အလုပ်အကိုင်ဆိုင်ရာ လက်စွဲစာအုပ် (http://www.bls.gov/oco/ocos303.htm)

3. System Analyst
SA ။ ကျမ ကတော့ SA လုပ်နေတယ်။ ရှင်တို သိတယ်မို လား ကိုယ်ကလည်း SA လိုင်းပဲ ကျွမ်း တာလေ။ ဟိုတုန်းတည်းက SA ပဲ စိတ်၀င်စားခဲ့တာကိုး။ ကိုယ်က..SA သမားဆိုတော့..။ SA က နဲနဲတော့ ခါင်းစားတာပေါ့…။ SA Bla.. SA ဘာညာ SA ..။
nfoTherapy ။ နပါဦး SA ဆိုတာ System Architect ကိုပြောတာလား။ Software Architect ကိုပြောတာလား။ Solution Architect လား။ System Analyst လား ။ System Administrator လား ဘာကိုရည် ညွှန်းတာလဲဗျ။
SE ။ ရှင်ပြောတာတွေက SA လို  ခါ် မခေါ် တာ့ ကျမ မသိဘူး။ ကျမက System Analyst ကိုပြောတာပါ။ ကျန်တာတွေလည်း စိတ်မ၀င်စားပါဘူး။ ရှင်တို  သိတဲ့အတိုင်း ကျမကတော့ ever SA ပဲ။
infoTherapy ။ ဟုတ်ပါတယ်ဗျာ။ ဒါနဲ  ဘယ်လို System တွ ကို Analysis လုပ်ရလဲ။ ငွကြေးစနစ်လား။ သယ်ယူပို  ဆာင်ရေးစနစ်လား။ ပညာရေးစနစ်လား။ ဒါမှ မဟုတ် အသက်ရှူလမ်းကြောင်းစနစ် တို ၊ အစာခြေအဖွဲ အစည်းစနစ် တို  ဘာတို လား။ အဆင့်မြင့်  ရဒါစနစ် တို ၊ ပဲ့ထိန်းဒုံးစနစ် တို  အာကာသယာဉ် ထိန်းချုပ်ရေးစနစ် တို  ဘာတို လား။
SA ။ အစုံပါပဲ။ Point of Sales System (လက်လီရောင်းစနစ်) တွကတော့ အများစုပေါ့။ တခါတစ်လေ Education System (ပညာရေးစနစ်) လး ဘာလေး လည်း ကိုင်ရပါတယ်။ ‘ဟို’ ကျာင်းရဲ့ Web site က ကျမတို  J2EE နဲ  ရးထားတာလေ။ သိတယ်ဟုတ်။
infoTherapy ။ J2EE နဲ ပဲဖြစ်ဖြစ် K3FF နဲ  ပဲဖြစ်ဖြစ်၊ ကျာင်းတကျောင်းရဲ့ ကြာ်ငြာဆန်ဆန် web site တစ်ခုရေးတာကို Education System (ပညာရေးစနစ်) ကို Analysis လုပ်တယ်လို  ပာလို မရပါဘူး။ တကယ်တော့ အဲဒီကျောင်းရဲ့ Registration, Administration, Advertisement စတာတွေ ဘယ်လို လုပ်ကိုင်ဆောင်ရွက်နေသလဲ ဆိုတာကို Analysis လုပ်တာသာ ဖစ်ပါတယ်။
အလားတူပဲ ဘဏ်တစ်ခုအတွက် web site ၊ software တစ်ခုရေးပေးတာဟာ Finicial System (ငွေကြေးဆိုင်ရာစနစ်) ကို analysis လုပ်တာ မဟုတ်ဘူး။ အဲဒီ ဘဏ် ဘယ်လို ဘယ်ပုံ လည်ပတ်လုပ်ကိုင်နေသလဲ ဆိုတာကို (လိုအပ်မယ့် ဆာ့ဖ်၀ဲတွေ၊ web site တွ ရးပေးနိုင်ဖို  အတွက်) အသေးစိပ် လ့လာတာ (analysis လုပ်) တာသာဖြစ်ပါတယ်။ ပီးတော့လည်း ဘဏ် A အတွက် ဆာ့ဖ်၀ဲ ရးပေးဖူးလို ၊ ဘဏ် B အတွက်လည်း ဒီလိုပဲ ဖစ်ရမယ်လို  ပာလို  မရပါဘူး။ တဘဏ်နဲ တဘဏ် အခြေခံ အချက်တွေ တူနိုင်ပေမယ့် တခြား အသေးစိပ် အချက်တွေဟာ သူ လိုအပ်ချက်နဲ  သူ ကွဲပြားမှာ အသေအချာပါ။
သို ပမယ့် ဘဏ်ပေါင်းများစွာ ၊ငွေကြေးဆိုင်ရာ အဖွဲ  အစည်းပေါင်းများစွာအတွက် ဆာ့ဖ်၀ဲတွေ၊ web site တွရေးပေးနိုင်ဖို အတွက်၊ အသေးစိပ် လ့လာရင်းက၊ တွဲဖက်ကောင်းကျိုးအနေနဲ ၊ ငွကြေးဆိုင်ရာစနစ် (Finicial System) အကြောင်းကို တဖြည်းဖြည်း အသေးစိပ် ကျွမ်း၀င်နားလည် လာနိုင်ပါတယ်။ (ကိုယ်ကလည်း နက်နက် နဲနဲ စိတ်၀င်စားရင်ပေါ့။) အဲဒီလို အဆင့်မျိုးရောက်လာမှသာ System Analyst လို  သတ်မှတ်သင့်ပါတယ်။ တခြားစနစ်တွေအတွက်လည်း ဒီသဘောတရားအတိုင်းပဲ အလားတူ မှတ်ယူနိုင်ပါတယ်။ ဒီ SA နဲ ပတ်သက်လို  မိတ်ဆွေတို ကို အကိုးအကားတချို  တင်ပြလိုပါတယ်။
ဖွင့်ဆိုချက် ၃.၁။ ။customer တွရဲ့ စီးပွားရေးဆိုင်ရာ ဒါမှမဟုတ် အခြားလိုအပ်ချက်တွေကို ဖည့်ဆည်းပေးဖို ၊ (customer တွရဲ့) ပဿနာ နဲ  လိုအပ်ချက်ကို အသေးစိပ်လေ့လာ၊ ဖရှင်းလို  ရမယ့်နည်းလမ်းကိုအစီအစဉ်ချ၊ ပီးရင် လိုအပ်မယ့် software နဲ  hardware စနစ် တွကို ထာက်ခံတင်ပြ ပီး နာက်ဆုံး ဆာ့ဖ်၀ဲရေးသားထုတ်လုပ်မှုဖြစ်စဉ်မှာပါ ပူးပေါင်းပါ၀င်ဆောင်ရွက်သူဟာ system analyst ဖစ်တယ်။
System Analyst တွဟာ ပရိုဂရမ်ဘာသာစကားအမျိုးမျိုး၊ OS(ကွန်ပြူတာကို မာင်းနှင်လည်ပတ်စေတဲ့ ဆာ့ဖ်၀ဲစနစ်) အမျိုးမျိုး နဲ  hardware platform အမျိုးမျိုး တို ကို ကျွမ်း၀င်မှု ရှိသူတွေဖြစ်တယ်။ ဘာလို  ဒါတွေကို ကျွမ်း၀င်မှုရှိဖို  လိုအပ်တာလဲဆိုတော့၊ သူတို (SA) ဟာ၊ ဆာ့ဖ်၀ဲရေးသားခိုင်းတဲ့သူ (customer) တွ နဲ  သတင်းအချက်အလက်နည်းပညာ ဆိုင်ရာ ပညာသယ်တွေကြားမှာ၊ ဆက်သွယ်ပေါင်းကူးပေးရတဲ့အလုပ်မျိုးဖြစ်တဲ့၊ customer ရဲ့ တာင်းဆိုချက်တွေကို နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေဖြစ်အောင် ပာင်းလဲရေးသားပေးရလေ ရှိလို  ပဲဖြစ်တယ်။
- ဒါ့အပြင် System Aanlyst ဟာ၊ ကုန်ကျစရိတ်နဲ  အကျိုးကျေးဇူး ကာမိမှုရှိ မရှိ လ့လာတာ၊ ဒီဇိုင်းပုံစံ (software + hardware + platform) စဉ်းစားတာ တွအပြင်၊ ပုံဖေါ်တည်ဆောက်မှုဆိုင်ရာ အချိန်ဇယားတွေကို ပါ တာ၀န်ယူရလေ့ရှိတယ်။
- System Analyst ဆိုတာ၊ သူတို ပါ၀င် လုပ်ကိုင်တဲ့ အဖွဲ အစည်း ရဲ့ အမျိုးအစားပေါ်မူတည်ပြီး၊ သက်ဆိုင်ရာ အထူးပြု သီးသန် ကွန်ပြူတာစနစ်မျိုးတွေနဲ  လုပ်ကိုင်လေ့ရှိသူတယ်။ ဥပမာ ပာရရင် စီးပွားရေးလုပ်ငန်းစနစ်၊ စာရင်းဇယား နဲ  စာရင်းအင်းစစ်ဆေးမှုလုပ်ငန်းစနစ်၊ ငွကြေးဆိုင်ရာစနစ်၊ သိပ္ပံပညာရပ် နဲ  အင်ဂျင်နီယာပညာရပ်ဆိုင်ရာ စနစ်..စတာတွေဖြစ်တယ်။
- အဖွဲ အစည်းတစ်ခုအတွက် သင့်တော်ကောင်းမွန်တဲ့ စနစ် (software, hardware နဲ  platform စတာတွေ) ကို ရွးချယ်ပေးဖို  အထူးကျွမ်းကျင်တဲ့ analyst ကိုတော့၊ “System Architect” သို မဟုတ် “System Desinger” လို ခါ်လေ့ရှိတယ်။
- စနစ်တစ်ခုကို တည်ဆောက် ပီး အဲဒီစနစ်ကို (ကောင်းမွန်ပြည့်စုံအောင်) ချိန်ညှိ ပးတဲ့ အလုပ်မျိုးမှာ၊ အထူးပြုလေ့လာထားတဲ့ ကျွမ်းကျင်တဲ့ Analyst မျိုးကို၊ ယဘုယျ ခုံငုံပြီး system analyst လို  ခါ်နိုင်တယ်။
၂.၃ - ရည်ညွှန်း။
က။ အမေရိကန်ပြည်ထောင်စု၊ အလုပ်သမား၀န်ကြီးဌာန၊ စာရင်းအင်းအဖွဲ  ၏ ၂၀၁၀-၂၀၁၁ အလုပ်အကိုင်ဆိုင်ရာ လက်စွဲစာအုပ် (http://www.bls.gov/oco/ocos287.htm)
ခ။ http://en.wikipedia.org/wiki/Systems_analyst

4. Business Analyst
ဖွင့်ဆိုချက် ၄.၁။ ။ စီးပွားရေး လုပ်ငန်းမှာ ပိုမိုတိုးတက်ကောင်းမွန်အောင် အပြောင်းအလဲတွေလုပ်ဖို ၊ လိုအပ်ချက်တွေ မူ၀ါဒလမ်းစဉ်တွေ နဲ  သတင်းအချက်အလက်ဆိုင်ရာ စနစ် တွကိုု ခွဲခြမ်းစိတ်ဖြာလေ့လာစိစစ်ပြီး၊ ကုမ္ပဏီရဲ့ ရှယ်ရာရှင်တွေ ငွကြေးစိုက်ထုတ်ရင်းနှီးသူတွေ အချင်းချင်းကြားမှာ အဖြေတစ်ခုထွက်အောင် ရလာဒ်တစ်ခုရအောင်၊ ဆက်သွယ်ပေါင်းကူး ဆာင်ရွက်ပေးသူကို BA လို ခါ်တယ်။
BA ဆိုတာ စီးပွားရေးဆိုင်ရာ ပဿနာတွေကို သဘောပေါက်နားလည်ထားပြီး၊ လိုအပ်ချက်အကြောင်းရင်း ကြာင့် ဖစ်ပေါ်လာမယ့် အခွင့်အလမ်းတွေ နဲ ၊ အဖွဲ  အစည်းရဲ့ ရည်မှန်းချက် ပါက်မြောက်အောင်မြင်နိုင်ဖို  ပဿနာဖြေရှင်းပုံ နည်းစနစ်တွေကို ထာက်ခံတင်ပြပေးသူဖြစ်တယ်။
ရည်ညွှန်း။ Body of Knowledge V1.6. Accessed January 10, 2007, International Institute of Business Analysis, Toronto, Ontario, Canada http://www.theiiba.org/

5. Team Leader
အေ။ ကျွန်တော်လို master တစ်ရောက်အနေနဲ ၊ ပရိုဂရမ်မာ အဆင့်နဲ တာ့ အလုပ် ‘စ’ မ၀င်ချင်ဘူး။ သူတို  offer လုပ်တာ အရမ်း နိမ့်တယ်။
နုပ်။ ဘာ နိမ့် တာတုန်း။ လစာကိုပြောတာလား၊ ရာထူးလား။
အေ။ လစာကိုတော့ ဂရုမစိုက်ပါဘူးဗျာ။ ဒါပေမယ့် ကျွန်တော်က Master ပီး ပီးသားဆိုတော့ ကျွန်တော့အဆင့်နဲ  ဆို အနည်းဆုံး Team Leader လာက်တော့ ပးသင့်တာပေါ့။ ပီးတော့ ကျွန်တော်က ပရိုဂရမ်ရေးတာကို သိပ် စိတ်မ၀င်စားဘူး။
နုပ်။ team leader ဆိုတာ ဘယ်လို team ကို ပာတာလဲ။ analyzing team လား။ design လုပ်တဲ့ team လား။ development (implementation လုပ်တဲ့ / programming ရးတဲ့) team လား။ database administration team လား။ source (code) control team လား။ testing team (system quality assurance team) လား။ deployment team လား။ customer support team လား။ မိတ်ဆွေကရော ဘယ်လိုင်းမှာ အားသန်တုန်း ကျွမ်းကျင်တုန်း။
အေ။ ခင်ဗျားပြောတဲ့ အဲဒီ team အသေးလေးတွေ ကျွန်တော်မသိဘူး။ ကျွန်တော်ပြောတာက software development team ကို ဆိုလိုတာ။ ကျွမ်းကျင်မှုနဲ  ပတ်သက်လို ကတော့ ကျွန်တော်က Computer Science နဲ  Master ပီးထားတာတဲ့သူ ဆိုတော့ အားလုံး ကျွမ်းတယ်ဗျ။
နုပ်။ ကျွန်တော် ခုနကပြောခဲ့တာတွေက မိတ်ဆွေပြောသလို team အသေးလေးတွေ မဟုတ်ပါဘူး။ နိုင်ငံစုံကော်ပိုရေးရှင်း (multi-national corporation) အဆင့် ကုမ္ပဏီကြီးတွေမှာဆို၊ Enterprise Application တွ၊ Distributed Application တွ ၊ Operating System တွ၊ တစ်ကမ္ဘာလုံးသုံးနေတဲ့ နာမည်ကြီး ဆာ့ဖ်၀ဲမျိုးတွေ ရးသားတဲ့အခါ၊ ကျွန်တော်ပြောသလို team တွ သပ်သပ်ခွဲထားရတယ်။ တတယ်တော့ software development team ဆို ခုနက team တွ အားလုံးပေါင်းစု ပါ၀င်တဲ့၊ တကယ့် အဓိက အဖွဲ အစည်းကြီးကို ရည်ညွှန်းတာပါ။
ဒါ့အပြင် Multi-National Corporation ကြီးတွေရဲ့ Software Development Team ဆိုတာကို လူတစ်ယောက်ထဲက ဦးဆောင်တယ်ဆိုတာမျိုးဟာ အလွန်  အလွန် ရှားတယ်။ chief technical officer, project manager အပါအ၀င် အကြီးတန်းအဆင့် architect တွ, engineer တွနဲ  analyst တွ အားလုံး ပူးပေါင်းပြီး team leaders တွ အဖြစ် ဦးဆောင်ကြတာဖြစ်တယ်။ ဘာလို လဲဆိုတော့ လူတစ်ချို  ဟာ တာ်တော်များများကို အကြမ်းဖျဉ်းသိနေနိုင်ပေမယ့် အားလုံးကို ချချေမြစ်မြစ် ကျွမ်းကျင်ဖို  ဆိုတာတော့ ဘယ်သူမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဆာ့ဖ်၀ဲရေးသားရာမှာ ပါ၀င်တဲ့ developer တွရဲ့ အထူးပြု ကျွမ်းကျင်မှု အရည်အချင်း နဲ  အတွေ အကြုံ အလိုက် သူ ကဏ္ဌ နဲ သူ ဦးဆောင်ပြီး တာ၀န်ယူနိုင် တာ၀န်ခံနိုင်တဲ့ ပုဂ္ဂိုလ်မျိုးကို သက်ဆိုင်ရာ team ရဲ့ team leader အဖြစ် တာ၀န်ပေးလေ့ရှိတယ်။
လူဆယ်ရောက် ဆယ့်ငါးရောက်လောက်နဲ  လည်ပတ်နေတဲ့ ကုမ္ပဏီ အသေးစားလေးတွေမှာဆိုရင်တော့၊ အဲဒီလို ကဏ္ဍအလိုက် အဖွဲ ခွဲတွေ ရှိချင်မှရှိမယ်။ သူတို မှာတော့ ယဘုယျ software development team ပါ့။ အဲဒီလို ကုမ္ပဏီမှာ team leader အဖြစ်တာ၀န်ယူမယ့်သူဟာ၊ အခန်းကဏ္ဍ အနည်းဆုံး လး ငါး ခု တာ၀န်ယူရတယ် တာ၀န်ခံရတယ်။ ဆိုလိုတာက team leader ဟာ Analysis ထဲမှာလည်း ပါရတယ်။ Design ပိုင်းမှာလည်း လက်စွမ်းပြရတယ်။ Implementation / Programming ဆိုလည်း ၀င်ရေးလိုက်ရတာပဲ။ Testing / Defect fixing မှာလည်းပါ၊ Documentation ဆိုတာမှာလည်း သူမလွတ်..ဆိုတဲ့ ပုံစံမျိုးနဲ  software development process ရဲ့ အဆင့်တိုင်း ကဏ္ဍတိုင်းမှာ ပါ၀င်ရတယ်။
ဒါကြောင့် ကုမ္ပဏီ အကြီးမှာဖြစ်ဖြစ် အသေးမှာဖြစ်ဖြစ် team leader အဖြစ် တာ၀န်ယူမယ့် ပုဂ္ဂိုလ်ဟာ၊ ပညာရေး ခိုင်ခိုင်မာမာ ရှိထားရမယ့်အပြင် ကျွမ်းကျင်မှု နဲ  လက်တွေ  လုပ်ငန်းခွင်အတွေ  အကြုံတွေလည်း အများကြီးလိုတယ်။ ဒါကြောင့် မိတ်ဆွေ ဟာ လုပ်ငန်းခွင်အတွေ အကြုံမရှိသေးဘူးဆိုရင်တော့ ပရိုဂရမ်မာအဆင့်နဲ  အလုပ်စ၀င်မယ်ဆိုလည်း မမှားနိုင်ဘူးလို  ထင်ပါတယ်။

6. Developer
ဘီ။ Developer ဘ၀က တက်လမ်းမရှိဘူးဗျ။ အများဆုံးဖြစ်ရင် Senior Developer ပဲ။ ကျွန်တော်က Project Manager ဖစ်ချင်တာ။ PM ဆိုရင် လစာ အရမ်းကောင်းတယ်လေ။
နုပ်။ ဆာ့ဖ်၀ဲရေးသားထုတ်လုပ်မှုဖြစ်စဉ် Software Development Process(SDP) အဆင့်ဆင့်မှာ ပါ၀င်တဲ့သူတွေအားလုံးကို ယဘုယျ ခုံ ငုံပြီး Developer လို  ခါ်တာပါ။ software developer, web developer, application developer စတဲ့ စကားလုံးတွေဟာ၊ SDP မှာ ကိုယ်ဘာလုပ်တယ် ဘယ်နေရာမှာ အဓိကတာ၀န်ယူထားတယ် ဆိုတဲ့ တိကျရှင်းလင်းတဲ့ အခန်းကဏ္ဍ ကို မရည်ညွှန်းနိုင်ဘူး။
ဒီနေရာမှာ ခက်နေတာက တခါတလေမှာ ကုမ္ပဏီတွေ ကိုယ်တိုင်က လူတစ်ရောက်ကို အလုပ်ခန် တဲ့ အခါ၊ ရာထူး (post/position) ၊ အခန်းကဏ္ဍ (role) နဲ  လုပ်ငန်းတာ၀န် (duty and responsibility) တို နဲ ပတ်သက်ပြီး၊ ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း မရှိတာပဲ။ software engineer တို  ၊ system analyst တို ဆိုတဲ့ ရာထူး တွနဲ  အလုပ် လုပ်နေပြီး programming သက်သက်ပဲရေးနေရတဲ့ သူတွေရှိသလို၊ Programmer ဆိုတဲ့ ရာထူးနဲ  တင် ကိုယ့် database ကိုဆောက်၊ ကိုယ့်ဒီဇိုင်းကိုယ်ဆွဲ၊ ကိုယ့်ဟာကို program ရး၊ ကိုယ် ဘာသာကိုယ် testing လုပ်နေရတဲ့ သူတွေလည်းရှိတာပဲ။ ဒါတွေဟာ တကယ်တော့ ကိုယ်အလုပ်၀င်တဲ့ company, corporation, organization တွရဲ့ အမျိုးအစားနဲ  IT ဆိုင်ရာ မူ၀ါဒ စည်းမျဉ်းစည်းကမ်း အဓိပ္ပါယ်သတ်မှတ်ချက် တွပေါ်မှာ မူတည်နေတယ်။ ဒါကြောင့် မိတ်ဆွေကို Developer ရာထူးပေးပြီး ခန် ထားတဲ့ ကုမ္ပဏီဟာ ဘယ်လို ကုမ္ပဏီအမျိုးအစားလဲ ဆိုတာ အရင် ဆုံးဆန်းစစ်ကြည့်သင့်ပါတယ်။ Developer ရာထူးမို လို  senior developer ပဲဖြစ်လာမယ်ဆိုတာ လုံး၀ မဟုတ်ပါဘူး။
ကိုယ့်မှာ ပညာရေးခိုင်ခိုင်မာမာ အခြေခံရှိထားရင်၊ Software Project ပါင်းစုံ Software System ပါင်းစုံ လုပ်ဖူးပြီး အတွေ  အကြုံများလာရင် ၊ တဖြည်းဖြည်းနဲ  ကိုယ်လိုချင်တဲ့ ROLE ကို တဆင့်ချင်း ပာင်းသွားရင်ရပါတယ်။ ဥပမာ..
-Analysis တို design တို မှာ အားသန်ရင် System Analyst
-user requirement တွကို နက်နက်နဲနဲ စူးစမ်းလေ့လာတာ အားသန်ရင်၊ ကိုယ့်မှာ တခြား စီးပွားရေးနယ်ပယ်ရဲ့ knowledge တွရှိထားရင် Business/Requirement Analyst
-programming နဲ  ဆိုင်တဲ့၊ software development နဲ ဆိုင်တဲ့ အထွေထွေ သီအိုရီ သဘောတရား၊ လက်တွေ ဆာင်ရွက်ပုံ စတဲ့ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ တွမှာ အားသန်ရင် software engineer
-လူ အချိန် ငွ စတာတွေကို စီမံခန် ခွဲအုပ်ချုပ်ရတာမျိုး၊ public relation ကိစ္စရပ်တွေမှာ စိတ်ထားထက်သန်တာမျိုး၊ ဦးဆောင် နိုင်တဲ့ တာ၀န်ယူနိုင်တဲ့ အရည်အချင်းမျိုး..စတာတွေရှိထားရင် team leader, project manager
စတဲ့ လိုင်း(field) ရာထူး(post) ကဏ္ဍ(role) တွကို တဆင့်ခြင်း ပာင်းသွားလို  ရပါတယ်။ ဒါကြောင့် ကိုယ်တကယ် ၀ါသနာပါတဲ့လိုင်း၊ ကျွမ်းကျင်တဲ့လိုင်း ကို ရရှည်အတွက် ရွးချယ်ပါ။ လစာ တစ်ခုတည်းကို ဦးတည်ပြီး မရွေးချယ်သင့်ပါဘူး။
နောက်နောင် ကြုံကြိုက်တဲ့အခါမှာ software architect တို  system architect တို  အကြောင်း ဆက်လက်ဆွေးနွေးပါဦးမယ်။
ရွှင်လန်းချမ်းမြေ့ပါစေ။


(infotherapy-2012)
2012 ခု အာက်တိုဘာလထုတ် ကွန်ပြူတာဂျာနယ် မှ ဆာင်းပါးကို ပန်လည်ဖေါ်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.