Saturday, April 30, 2011

ညမဲ့ကြယ်

ငါကိုယ်တိုင်မပိုင်ဆိုင်လိုတော့ပြီ
လွတ်လပ်ဘဝတွေ….။

ငါကိုယ်တိုင်မနာယူလိုတော့ပြီ
မြင့်မြတ်တရားသံ….။

ဘာတွေကို ယုံပြီး အသက်ဆက်ရှင်နေလဲ
ငါပိုင်ဆိုင်တာ
ရင်ဗလာဟင်းလင်းပြင်။


ညမဲ့ကြယ်စင်
လောင်ကြွမ်းခြင်း မုန်းတီးငြီးငွေ့နေပြီ..။
ငါ့ ယုံကြည်ချက်
ငါ့ ကို အဆိပ်တက်။
[ခြိမ့်ထက်-၂၀၁၁]